မိုင်ဆိုမြို့

ဝီကီပီးဒီးယား မှ
မိုင်ဆိုမြို့
မက်ထရိုပိုလစ်[၁]
Mysuru
နာမည်ပြောင်(များ): Heritage city, City of Palaces[၂]
မိုင်ဆိုမြို့ သည် ကာနာတာကာပြည်နယ် တွင် တည်ရှိသည်
မိုင်ဆိုမြို့
မိုင်ဆိုမြို့
မိုင်ဆိုမြို့ သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
မိုင်ဆိုမြို့
မိုင်ဆိုမြို့
ကာနာတာကာပြည်နယ်တွင်း တည်နေရာ
ကိုဩဒိနိတ်: 12°16′N 76°36′E / 12.26°N 76.6°E / 12.26; 76.6ကိုဩဒိနိတ်: 12°16′N 76°36′E / 12.26°N 76.6°E / 12.26; 76.6
နိုင်ငံ အိန္ဒိယ
ပြည်နယ်ကာနာတာကာပြည်နယ်
DivisionMysore division
ခရိုင်မိုင်ဆိုခရိုင်
အစိုးရ
 • အမျိုးအစားမြို့တော်ဝန်-ကောင်စီ
 • မြို့တော်ဝန်S. Bhagyavathi
 • ဒုတိယမြို့တော်ဝန်Indira Mahesh
ဧရိယာ[၃]:4
 • မက်ထရိုပိုလစ်[၁]၁၅၂ စတုရန်းကီလိုမီတာ (၆၀.၁၂ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၆၃ မီတာ (၂၅၀၃ ပေ)
လူဦးရေ (၂၀၁၇)[၄]
 • မက်ထရိုပိုလစ်[၁]၁,၁၀၄,၂၂၇
 • အဆင့်၅၃
 • သိပ်သည်းမှု၇၃၀၀/km (၁၈၀၀၀/sq mi)
 • မြို့ပြကြီး[၅]၁,၂၈၁,၇၆၈
Demonym(s)Mysorean, Mysoorinavaru, Mysuriga, Mysurigaru
အချိန်ဇုန်IST (UTC+05:30)
Postal index number570 0xx
ယာဉ်မှတ်ပုံတင်KA 09, KA 55
တယ်လီဖုန်း91-(0)821-XXX-XXXX
ရုံးသုံးဘာသာစကားKannada
UN/LOCODEIN MYQ
ဝက်ဘ်ဆိုဒ်mysorecity.mrc.gov.in

မိုင်ဆိုမြို့သည် အိန္ဒိယပြည်ထောင်စုနိုင်ငံတွင် ပါဝင်ခဲ့သော မိုင်ဆိုပြည်နယ်၏ မြို့တော် ဖြစ်ခဲ့သည်။ မိုင်ဆိုမြို့သည် မဒရပ်မြို့၏ အနောက်တောင်ဘက် မိုင် ၂၅ဝ အကွာတွင်လည်းကောင်း၊ ဘန်ဂလိုမြို့၏ အနောက်တောင်ဘက် မိုင် ၁ဝဝ အကွာတွင် လည်းကောင်း ကောဗာရီမြစ်၏အနီး ရေမျက်နှာပြင်ထက်ပေ ၂၄၅ဝ မြင့်သော တောင်ကြားချိုင့်ဝှမ်းတွင် တည်ရှိသည်။ မိုင်ဆိုမြို့၏ အရှေ့တောင်ဘက်တွင် ချာမွန်ဒီတောင်တန်းရှိ၏။ ယင်းတောင်တန်းမှ တောင်ထွတ်သည် မိုင်ဆိုမြို့ထက် ပေ ၁,ဝ၄ဝ(ရေမျက်နှာပြင်မှဆိုလျှင် ပေ ၃,၄၉ဝ) မြင့်၏။ တောင်ထိပ်ဖျားတွင် နန္ဒီနွားမြတ်၏ ရုပ်တုကြီးရှိသည့် ဘုရားကျောင်းတည်ရှိသည်။ မိုင်ဆိုမြို့သည် မိုင်ဆိုပြည်နယ် မီးရထားလမ်းကြောင်းပေါ်တွင် တည်ရှိသည်။

မိုင်ဆိုမြို့တွင် ခေတ်မီ အဆောက်အအုံ များစွာရှိ၏။ ဝိတိုရိယဂျူဗလီ အထိမ်းအမှတ်ဗိမာန်နှင့် မဟာရာဇာ၏ နန်းတော်တို့မှာ ထင်ရှားပေသည်။ မြို့တွင်းရှိ လမ်းမများသည် ကျယ်၍ ညီညီညာညာရှိသည်။ ဥရောပဆန်ဆန် ဆောက်လုပ်ထားသော ခံတပ်သည် လူသွားစင်္ကြံအားဖြင့် မြို့နှင့်ခြားလျက် ရှိသည်။ ယင်းခံတပ်အတွင်းဝယ် မဟာရာဇာ၏ နန်းတော်နှင့် အရာရှိကြီးများ၏ နေအိမ်များရှိသည်။ လူဦးရေမှာ ၂၄၄,၃၂၃ ယောက် ဖြစ်၏။[၆]

မိုင်ဆိုမြို့သည် ရှေးအထက်ကျော် ကာရီမှစ၍ ၁၆ဝဝ ပြည့်နှစ်တိုင်အောင် မြို့တော်ဖြစ်ခဲ့ပေသည်။ ၁၆၁ဝ ပြည့်နှစ်မှ ၁၇၉၉ ခုနှစ်အထိ မိုင်ဆိုပြည်နယ်၏ မြို့တော်ကို ဆီရင်ဂပတမ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီးလျှင် ၁၇၉၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ မြို့တော် မှာ မိုင်ဆိုမြို့ပင်ဖြစ်ခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Mysuru first city with 1 million people to be free of open defecation - Times of India။ 16 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Mysore Is 'Sandalwood City' of India (16 July 1989)။ 5 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Action plan for solid waste management (PDF)။ Mysore City Corporation။ 29 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 September 2007 တွင် ပြန်စစ်ပြီး။
  4. Table 2: PR cities 1 lakh and above (XLS)။ Provisional Population Totals, Census of India 2011Registrar General and Census Commissioner of India။ 1 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 March 2012 တွင် ပြန်စစ်ပြီး။
  5. Table 3: PR UAs/ cities 1 lakh and above (XLS)။ Provisional Population Totals, Census of India 2011Registrar General and Census Commissioner of India။ 17 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 March 2012 တွင် ပြန်စစ်ပြီး။
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)