မာတိကာသို့ ခုန်သွားရန်

မိုက်ခရိုဘောဂဗေဒ

ဝီကီပီးဒီးယား မှ
မိုက်ခရိုဘောဂဗေဒသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ဝယ်သူနှင့် ရောင်းသူများကြား နှိုင်းရဈေးနှုန်းများ မည်သို့သတ်မှတ်မည်ကို ပံ့ပိုးပေးသည့် ဈေးကွက်ယန္တရားများ (ရောင်းဈေးဝယ်ဈေးအပေါ် လွှမ်းမိုးသည့် အကြောင်းအရာများ)ကို ပိုင်းခြားစိတ်ဖြာပါသည်။ ဒေလီရှိ ဈေးတစ်ခု၏ပုံ။

မိုက်ခရိုဘောဂဗေဒသည် ရှားပါးသော အရင်းအမြစ်များ ခွဲဝေမှုနှင့် လူတစ်ဦးချင်းစီနှင့် ကုမ္ပဏီများကြား အပြန်အလှန်ဆက်ဆံမှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရာတွင် လူတစ်ဦးချင်းစီနှင့် ကုမ္ပဏီများ၏ အမူအကျင့်များကို လေ့လာသော ဘောဂဗေဒ ဘာသာရပ်ခွဲတစ်ခုဖြစ်သည်။[][][] မိုက်ခရိုဘောဂဗေဒ သည် ပစ္စည်းတစ်မျိုးချင်း၏ဈေးကွက်များ၊ ပစ္စည်းတစ်မျိုးချင်း သို့မဟုတ် လူတစ်ဦးချင်း၏ကဏ္ဍများ သို့မဟုတ် ပစ္စည်းတစ်မျိုးချင်းဆိုင်ရာ စက်မှုလုပ်ငန်းတစ်ခုကိုသာ လေ့လာလေ့ရှိပြီး၊ ယှဉ်ပြီးကြည့်မည်ဆိုလျှင် မေခရိုဘောဂဗေဒ(Macroeconomics) က စီးပွားရေးတစ်ခုလုံးကို ခြုံငုံပြီး လေ့လာသည်။

မိုက်ခရိုဘောဂဗေဒ၏ ရည်မှန်းချက်တစ်ခုသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကြားတွင် နှိုင်းရဈေးနှုန်းများသတ်မှတ်ပေးသည့် ဈေးကွက်ယန္တရားများကို ခွဲခြမ်းစိတ်ဖြာပြီး အခြားရွေးချယ်စရာအသုံးပြုမှုတို့တွင် အကန့်အသတ်ရှိသောအရင်းအမြစ်များကို ခွဲဝေပေးရန်ဖြစ်သည်။ မိုက်ခရိုဘောဂဗေဒသည် လွတ်လပ်သောဈေးကွက်များမှ ဖြစ်စေချင်သော ရင်းမြစ်ခွဲဝေမှုများဆီသို့ ဦးတည်စေသည့် အခြေအနေများကို ဖေါ်ပြရန် ရည်ရွယ်သည်။ ၎င်းသည် ဈေးကွက်တစ်ခုသည် အဘယ်ကြောင့် ထိရောက်သောရလဒ်များမထုတ်ပေးနိုင်ပဲ ဈေးကွက်ပျက်ကွက်မှုကို ဖြစ်စေနိုင်သလဲဟူသော အကြောင်းတို့ကို ခွဲခြမ်းစိတ်ဖြာလေ့လာသည်။[]

ရောင်းလိုအားနှင့် ဝယ်လိုအားပုံစံသည် ထုတ်ကုန်ရရှိနိုင်မှုနှင့် ဝယ်လိုအားအကြား မျှတမှုရလဒ်ကြောင့် ဈေးနှုန်းကွာခြားပုံကို ဖော်ပြသည်။ ဂရပ်သည် ဝယ်လိုအားမျဉ်းကွေး D1 မှ D2 သို့ ဝယ်လိုအားတွင် တိုးလာမှု (ဆိုလိုသည်မှာ ညာဘက်အပြောင်းအရွှေ့) နှင့်အတူ ရောင်းလိုအားမျဉ်းကွေး (S) ပေါ်ရှိ မျှခြေအမှတ်အသစ်သို့ရောက်ရှိရန် လိုအပ်သော ဈေးနှုန်းနှင့် အရေအတွက် တိုးလာမှုကို သရုပ်ဖော်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Marchant၊ Mary A.။ Macroeconomics and International Policy Terms University of Kentucky 2007-03-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-05-04 တွင် ပြန်စစ်ပြီး။
  2. Economics Glossary Monroe County Women's Disability Network။ 2008-02-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-02-22 တွင် ပြန်စစ်ပြီး။
  3. Social Studies Standards Glossary New Mexico Public Education Department။ 2007-08-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-02-22 တွင် ပြန်စစ်ပြီး။
  4. Salanié၊ Bernard (2000)။ Microeconomics of Market Failures (အင်္ဂလိပ်ဘာသာစကားဖြင့်) (1st ed.)။ Cambridge: MIT PressISBN 9780262528566