မေခရိုဘောဂဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဝယ်လိုသော ကုန်ပစ္စည်း တစ်ခု၏ ဈေးနှုန်းကို ကြည့်လိုက်လျှင် တက်နေသဖြင့် ထိခိိုက်သောအခါတို့ ရှိသည်။ ဈေးနှုန်းက ဘာကြောင့် တက်နေသနည်း။ ရောင်းလိုအားထက် ဝယ်လိုအားက များလွန်း၍လား၊ မသိသော နိုင်ငံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးက ဈေးနှုန်းအပေါ် ထိခိုက်မှု ရှိအောင် ပြုလုပ်နေ၍လား။ ထိုမေးခွန်းများကို ဖြေရှင်းနိုင်ရန် မေခရို စီးပွားရေးဘက်သို့ ဦးလှည့်ရသည်။

မေခရိုကဘာလဲ မေခရို ဘောဂဗေဒက စီးပွားရေး တစ်ရပ်လုံး၏ သဘာဝကို လေ့လာသည်။ မိုက်ခရို ဘောဂဗေဒနှင့် ကွဲပြားသည်။ မိုက်ခရိုက အသေးစိတ်ကို ပို၍ အာရုံစိုက်ပြီး မည်သို့ ဆုံးဖြတ်ချက်များ ချမှတ်သည်ကို လေ့လာသည်။ မေခရို စီးပွားရေးက ပြောစရာ မလိုအောင် ရှုပ်ထွေးပြီး အချက်အလက်များစွာက လွှမ်းမိုးနေသည်။ ထိုအချက်အလက်များကို ခွဲခြမ်း စိတ်ဖြာသည့်အခါ အမျိုးမျိုးသော စီးပွားရေး ညွှန်ကိန်းများ ပါရှိပြီး ယင်းတို့က စီးပွားရေး တစ်ရပ်လုံး၏ သန်စွမ်းရှင်သန်မှုကို ဖော်ပြနေသည်။ မေခရို ဘောဂဗေဒသည် စီးပွားရေး အခြေနေကို ခန့်မှန်းရန် ကြိုးစားပြီး စားသုံးသူ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရတို့ ဆုံးဖြတ်ချက်များ ပိုမိုကောင်းမွန်စွာ ချနိုင်ရန် ကူညီသည်။

စားသုံးသူများက ထိုအချက်ကို ရှာဖွေပြီး မည်သို့လွယ်ကူစွာ လုပ်နိုင်မည်လဲ သိလိုကြသည်။ ဈေးကွက်ထဲမှ ဝယ်ယူမည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုအတွက် မည်မျှ ကျမည်လဲ သိလိုကြသည်။ သို့မဟုတ် မည်မျှ ချေးယူရမည်ကို သိလိုကြသည်။ စီးပွားရေး လုပ်ငန်းများကလည်း ဈေးကွက်က ထုတ်လုပ်မှုကို တိုးချဲ့ရန် လိုလားနေသည့် အခါ ဆုံးဖြတ်ချက် ချရန်အတွက် မေခရို ဘောဂဗေဒဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှု ပြုသည်။ အစိုးရများသည်လည်း ဘတ်ဂျက်သုံးစွဲမှု၊ အခွန်အကောက် ဖန်တီးမှု၊ အတိုးနှုန်းသတ်မှတ်မှုနှင့် ပေါ်လစီများ ချမှတ်ရန် ဆုံးဖြတ်သည့်အခါ မေခရိုဘက်သို့ ဦးလှည်ကြသည်။ မေခရို ဘောဂဗေဒက အချက်သုံးခုကို ကျယ်ပြန့်စွာ လေ့လာသုံးသပ်သည်။ နိုင်ငံထုတ်လုပ်မှု အတိုင်းအတာ GDP ၊ အလုပ်လက်မဲ့နှုန်းနှင့် ငွေကြေးဖောင်းပွမှုတို့ ဖြစ်သည်။

နိုင်ငံထုတ်လုပ်မှု (GDP )[ပြင်​ဆင်​ရန်​]

ထုတ်လုပ်မှုသည် မေခရို စီးပွားရေး၏ အရေးကြီးဆုံး အယူအဆ ဖြစ်ပြီး နိုင်ငံတစ်ခု ထုတ်လုပ်သော ကုန်စည်နှင့် ဝန်ဆောင်မှု စုစုပေါင်း ပမာဏကို ရည်ညွှန်းပြီး စုစုပေါင်း ပြည်တွင်း ထွက်ကုန်ဟု သတ်မှတ်သည်။ ထိုကိန်းဂဏန်းတို့က နိုင်ငံတစ်ခု၏ ကာလတစ်ခုမှ သေချာသော စီးပွားရေး အခြေအနေကို ရုတ်တရက်ပြသည်။ GDP ကိန်းဂဏန်း အစစ်အမှန်များ အသုံးပြုခြင်းက မေခရို ဘောဂဗေဒ ပညာရှင်တို့အား ငွေကြေးဖောင်းပွမှု မည်သို့ဖြစ်စေကြောင်း ရှင်းလင်းစွာ GDP က ရည်ညွှန်းသည်။

ဆန့်ကျင်ဘက် အမှန်တကယ် မဟုတ်သော GDP ကိန်းဂဏန်းတို့ကမူ ဈေးနှုန်းများ ပြောင်းလဲမှုကိုသာ ထင်ဟပ်စေသည်။ အမှန်မဟုတ်သော GDP ကိန်းတို့ ဆက်၍ မြင့်မားနေပြီး ငွေကြေးဖောင်းပွမှုကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်မားနေမည်ဆိုလျှင် ထုတ်လုပ်မှု ပမာဏမြင့်မားသော အဆင့်ကို ညွှန်းဆိုသော လိုအပ်ချက် မဟုတ်ဘဲ ဈေးနှုန်းများ မြင့်မားခြင်းကိုသာ ဖော်ပြခြင်း ဖြစ်ပေမည်။ GDP အားနည်းခြင်း တစ်ချက်မှာ သတ်မှတ်သည့် ကာလ တစ်ခုပြီးသော် အရေးပါသော တစ်ခုက လူတို့၏ အပြုအမူမည်သို့ ဆုံးဖြတ်သည် ဆိုခြင်းနှင့် စီးပွားရေးသည် နောက်ဆုံးမည်သို့ ရှိမည်ဆိုခြင်းကို ဘယ်တော့မှ ပြည့်စုံစွာ မခန့်မှန်းနိုင်ဟူသော အချက်ဖြစ်သည်။

အလုပ်လက်မဲ့နှုန်း[ပြင်​ဆင်​ရန်​]

အလုပ်လက်မဲ့နှုန်းက မေခရို ဘောဂဗေဒပညာရှင်တို့ကို အလုပ်မရှာနိုင်သော အလုပ် လုပ်နိုင်သည့် ဦးရေမည်မျှ ရှိကြောင်း ပြောနေသည်။ မေခရို ဘောဂဗေဒပညာရှင်တို့ အနေဖြင့် စီးပွားရေးသည် ကာလတစ်ခုမှ တစ်ခုအတွင်း၌ တိုးတက်မှု ရှိကြောင်း တွေ့ရှိသည်ဟု သဘောတူလျှင် GDP တိုးတက်မှုနှုန်းကို ရည်ညွှန်းနေသည် ဖြစ်သလို အလုပ်လက်မဲ့ အဆင့်မှာ နိမ့်ကျမည် ဖြစ်သည်။ အမှန်တကယ် GDP အဆင့်မြင့် နေသောကြောင့် ထုတ်လုပ်မှု ပမာဏ မြင့်မားနေခြင်းဟု လက်ခံမည် ဖြစ်သလို ထို့ကြောင့် လုပ်သားတို့မှာ ထုတ်လုပ်မှု အဆင့်ကို ပို၍ ထိန်းနိုင်ရန် လိုအပ်မည် ဖြစ်သည်။

ငွေကြေးဖောင်းပွမှု[ပြင်​ဆင်​ရန်​]

မေခရို ဘောဂဗေဒပညာရှင်များ၏ အဓိက တတိယအချက်မှာ ငွေကြေးဖောင်းပွမှုနှုန်းကို ကြည့်ခြင်း သို့မဟုတ် ထိုနှုန်းကြောင့် မည်သည့် ဈေးနှုန်းများ မြင့်တက်နေခြင်း ဆိုသော အချက် ဖြစ်သည်။ ငွေကြေးဖောင်းပွမှုက အခြေခံအားဖြင့် နည်းလမ်းနှစ်ရပ်ကို တိုင်းတာသည်။ စားသုံးသူ ဈေးနှုန်းညွှန်းကိန်း (CPI)နှင် GDP တန်ဖိုးကျုံ့မှု ဖြစ်သည်။ CPI က ကာလအပိုင်းအခြား အလိုက် နောက်ဆုံးဖြစ်သော ကုန်စည်နှင့် ဝန်ဆောင်မှု အားလုံးထဲမှ ရွေးချယ်သော လက်ရှိ ဈေးနှုန်းကိုပေးသည်။ GDP ကျုံ့မှုသည် အမှန်တကယ် မဟုတ်သော GDP နှင့်တကယ့် GDP အချိုးဖြစ်သည်။ တကယ် GDP ဂဏန်းထက် အမှန်တကယ် မဟုတ်သော GDP ဂဏန်းတို့က မြင့်မားနေလျှင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု ဈေးနှုန်းတို့ ဆက်လက် မြင့်မားနေမည်ဟု မှတ်ယူနိုင်သည်။ CPI နှင့် GDP ကျုံ့ဝင်မှုနှစ်ခုလုံး တူညီသော လားရာသို့ရွေ့လျားပြီး ခြားနားမှုမှာ ၁ ရာခိုင်နှုန်းထက် လျော့နည်းသည်။

ဝယ်လိုအားနှင့် အခွန်အကောက်နုတ်ပြီး ဝင်ငွေ[ပြင်​ဆင်​ရန်​]

နောက်ဆုံးတွင် ထုတ်လုပ်မှုမှ ဝယ်လိုအားကို မည်သည်တို့က အဆုံးအဖြတ်ပေးသနည်း။ ဝယ်လိုအားသည် စားသုံးသူတို့ထံမ ှလာသလား။ ထိုအတွက် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် စုဆောင်းမှုမှ လက်လီရောင်းချမှုနှင့် စီးပွားရေး လုပ်ငန်းများအထိ ပတ်သက်သလား။ အစိုးရထံမှ လာသလား (ဥပမာ - အလုပ်သမားများ၏ ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းအတွက် သုံးစွဲမှု)၊ ပို့ကုန်နှင့် သွင်းကုန်တို့မှ ဖြစ်လာသလား မေးစရာရှိသည်။ ဝယ်လိုအားသည် သီးခြားတည်ရှိသော်လည်း မည်မျှ ထုတ်လုပ်ရမည်ဟု ဆုံးဖြတ်နိုင်ခြင်း မရှိပေ။ စားသုံးသူများ၏ ဝယ်လိုအား မည်သည်လဲဆိုသည်က မလိုအပ်ဘဲ သူတို့ဝယ်ယူရန် ကြိုးပမ်းသည့် အစီအစဉ်ကသာ ဝယ်လိုအားကို ဆုံးဖြတ်သည်။

စားသုံးသူ တစ်ယောက်၏ အခွန်အကောက်နှင့် ပေးစရာရှိသည်များ နုတ်ပြီး ဝင်ငွေကသာ ဝယ်လိုအားကို တိုင်းတာနိုင်သည်။ အခွန်နုတ်ပြီးသော ငွေပမာဏသည် သုံးစွဲရန်အတွက် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် ဖြစ်နိုင်သည်။ အခွန်နုတ်ပြီး ဝင်ငွေကို အစီအစဉ်တကျ တွက်ချက်ခြင်းက အလုပ်သမား တစ်ယောက်၏ လစာသည် ကောင်းစွာသုံးစွဲနိုင်ရန် မည်မျှဖြစ်ကြောင်း ဖော်ပြသည်။ လစာ၏ လုပ်ဆောင်မှုတွင် အဓိက အစိတ်အပိုင်း နှစ်ခုပါဝင်သည်။ လစာအနည်းဆုံး ပမာဏက ထိုအလုပ်သမားတို့ အလုပ်တွင် ဆက်ရှိရန်၊ ထိုအလုပ်သမားအရေအတွက်ကိုလည်း အလုပ်တွင် ဆက်ထိန်းထားနိုင်ရန် လိုလားသော လစာဖြစ်သည်။

ထိုမှတစ်ဆင့်ပြီး တစ်ဆင့်လွှဲပေးလိုက်သော ဝယ်လိုအားနှင့် ရောင်းလိုအား၊ အလုပ်လက်မဲ့နှုန်း မြင့်မားသော ကာလအတွင်းမှ လစာအဆင့် ထိခိုက်မှု၊ အလုပ်လက်မဲ့နှုန်း နိမ့်ကျသော အကျိုးဖြစ်ထွန်းမှု ကာလပေါ်ခြင်းတို့ ဖြစ်သည်။ ဝယ်လိုအားမှာ ပင်ကိုအားဖြင့် ရောင်းလိုအား (ထုတ်လုပ်မှုအဆင့်) ကိုဆုံးဖြတ်သည်။ ထိုမှ ဟန်ချက်ညီခြင်းသို့ ရောက်ရှိသည်။ သို့သော်လည်း ဝယ်လိုအားနှင့် ရောင်းလိုအား၊ ငွေကြေးလိုအပ်မှုတို့သည် အစီအစဉ်တကျ တုံ့ပြန်သည်။ ဗဟိုဘဏ်၏ ပုံနှိပ်သမျှ ငွေကြေးအားလုံးသည် စီးပွားရေးထဲ၌ လည်ပတ်သည်။ တစ်ဦးချင်း ဝယ်လိုအား အားလုံး၏ ငွေကြေးပမာဏက စီးပွားရေး၌ ငွေကြေးမည်မျှ လိုအပ်ကြောင်း ဆုံးဖြတ်သည်။

ထိုသို့ ဆုံးဖြတ်နိုင်ရန် ဘောဂဗေဒ ပညာရှင်တို့က အမှန်တကယ် မဟုတ်သော GDP ဂဏန်းကိုလည်း ကြည့်ရသည်။ ယင်းက ငွေကြေးလွှဲပြောင်း ရောင်းဝယ်မှုတို့၏ စုစုပေါင်း ပမာဏ အဆင့်ကို သိစေပြီး ငွေကြေး ထုတ်ပေးနိုင်ရန် အရေအတွက် အဆင့်မည်မျှနှင့် သင့်တော်မည်ကို ဆုံးဖြတ်နိုင်သည်။ စီးပွားရေး အင်ဂျင်ကို ဆီထိုးပေးခြင်း (အစိုးရက ဘာတွေလုပ်နိုင်သနည်း) ငွေကြေးပေါ်လစီ ငွေကြေးပေါ်လစီ၏ ရှင်းလင်းသော နမူနာမှာ ဗဟိုဘဏ်၏ အိုးပင်းမားကက် စီမံလုပ်ကိုင်ခြင်း ဖြစ်သည်။ စီးပွားရေးတွင် ငွေသား တိုးမြှင့်ရန်လိုအပ်လာသည့် အခါတိုင်း ဗဟိုဘဏ်သည် ငွေကြေးကျယ်ပြန့်အောင် အစိုးရငွေတိုက် စာချုပ်များကို ဝယ်ယူမည်ဖြစ်သည်။

ထိုအာမခံစာချုပ်တို့က ဗဟိုဘဏ်အား စီးပွားရေးထဲသို့ ငွေသားလောင်းထည့်မှု ချက်ချင်းပြုလုပ် နိုင်ရန် ထောက်ပံ့ပေးကြသည်။ အပြန်အလှန်ဖြစ်သော အတိုးနှုန်းက ငွေကြေးချေးယူရန် စရိတ်ဖြစ်သည်။ ငွေတိုက် စာချုပ်တို့အပေါ် ဝယ်လိုအားမှာ ဈေးနှုန်းတိုးလာလျှင် အတိုးနှုန်းလျှော့ချရန် တွန်းအားပေးမည် ဖြစ်၍ ချေးယူရန် စရိတ်ဖြစ်သော အတိုးနှုန်း လျော့ကျပေမည်။ သီအိုရီအရမူ ထိုအခါလူများနှင့် စီးပွားရေးလုပ်ငန်းများ ပို၍ ဝယ်ယူ ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုတို့ ဝယ်လိုအားက ဆက်မြင့်တက်မည်။ ရလဒ်အားဖြင့် ထုတ်လုပ်မှု ပမာဏလည်း မြင့်တက်လာမည်။

ထုတ်လုပ်မှု အဆင့်တိုးတက်မှု အစီအစဉ်တကျ လွှမ်းခြုံနေလျှင် အလုပ်လက်မဲ့အဆင့် ကျဆင်းသင့်သလို လစာများလည်း မြင့်တက်သင့်သည်။ အခြားတစ်ဖက်တွင်မူ ဗဟိုဘဏ်က စီးပွားရေးထဲမှ အပိုငွေကြေး စုပ်ယူနိုင်ရန် လိုအပ်လာခြင်း၊ ငွေကြေးဖောင်းပွမှု အဆင့်လျော့ကျရန် တွန်းအားပေးခြင်း၊ ကာလတို ရင်းနှီးမြှုပ်နှံမှု စာချုပ်များ ရောင်းချခြင်းတို့ ပြုလုပ်လေ့ရှိသည်။ ထိုအခါ ရလဒ်အားဖြင့် အတိုးနှုန်းမြင့်မားခြင်း (ချေးယူမှုလျော့ နည်းခြင်း၊ သုံးစွဲမှုနှင့် ရင်းနှီးမြှုနှံမှု လျော့နည်းခြင်း) နှင့် ဝယ်လိုအား လျော့နည်းခြင်းတို့ ဖြစ်သည်။ ယင်းက နောက်ဆုံးတွင် ဈေးနှုန်းအဆင့် (ငွေကြေးဖောင်းပွမှု) ကိုဆွဲချသည်။ သို့သော်လည်း အမှန်တကယ် ထုတ်လုပ်မှုကို လျော့နည်းစေနိုင်သည်။

ဘတ်ဂျက်ပေါ်လစီ[ပြင်​ဆင်​ရန်​]

အစိုးရတစ်ခုသည် ဘတ်ဂျက်ကျုံ့မှုနှင့် ကိုက်ညီရန် အစိုးရအသုံးစရိတ်ကို လျော့နည်းစေခြင်း သို့မဟုတ် အခွန်အကောက် တိုးမြှင့်ခြင်းတို့ လုပ်နိုင်သည်။ အမှန်တကယ် ထုတ်လုပ်မှု နိမ့်ကျရသည့် အကြောင်းမှာ အစိုးရသုံးစွဲမှု လျော့နည်းခြင်းက စားသုံးသူတို့အတွက် အခွန်အကောက်နုတ်ပြီး ဝင်ငွေလျော့နည်းသည့် သဘောရှိ၍ ဖြစ်သည်။ ထိုအတွက် စားသုံးသူတို့၏ လစာပိုလာမည်ဆိုလျှင် အခွန်အကောက်တိုး၍ ဝယ်လိုအားကောင်းပြီး ထုတ်လုပ်မှုကိုလည်း တိုးစေမည် ဖြစ်သည်။ အစိုးရဘတ်ဂျက် တိုးချဲ့သည့် အဓိပ္ပာယ်က အခွန်အကောက် လျော့နည်းခြင်း သို့မဟုတ် အစိုးရသုံးစွဲမှု တိုးတက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုရလဒ်သည် အမှန်တကယ် ထုတ်လုပ်မှု တိုးတက်စေခြင်းကြောင့် အစိုးရသုံးစွဲမှု တိုးတက်ခြင်းနှင့် အတူဝယ်လိုအားကို ရွေ့လျားစေသည်။

ထိိုအခါ အခွန်နုတ်ပြီး ဝင်ငွေတိုးလာသော စားသုံးသူ တစ်မှောလည်း ပို၍ဝယ်ရန် စိတ်အားထက်သန်နိုင်သည်။ အစိုးရတစ်ခုသည် ငွေကြေးနှင့် ဘတ်ဂျက် ရွေးချယ်စရာနည်းတို့ကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် ပေါ်လစီကို အထိုင်ကျပြီး ဖြစ်သလို မေခရို ဘောဂဗေဒနှင့်လည်း အပေးအယူမျှနိုင်သည်။ နိဂုံးချုပ်ရလျှင် စီးပွားရေး လုပ်ဆောင်မှုသည် အားလုံးအတွက် အရေးပါသည်။ နိုင်ငံထုတ်လုပ်မှု၊ အလုပ်လက်မဲ့၊ ငွေကြေးဖောင်းပွမှုစသော အခြေခံတို့ဖြင့် မေခရို ဘောဂဗေဒကို လေ့လာသုံးသပ်သည်။ သို့သော်လည်း စားသုံးသူတို့၏ လားရာကသာ နောက်ဆုံး၌ စီးပွားရေး၏ လားရာကို အဆုံးအဖြတ်ပြုနိုင်သလို အစိုးရကလည်း ငွေကြေးနှင့် ဘတ်ဂျက် ပေါ်လစီတို့ကို ဩဇာလွှမ်းမိုးလျက် ရှိသည်။

Rerference[ပြင်​ဆင်​ရန်​]

မေခရိုဘောဂဗေဒကို လေ့လာခြင်း By HR Journal