မာတိကာသို့ ခုန်သွားရန်

မိမိအောင်

ဝီကီပီးဒီးယား မှ
မိမိအောင်
မွေးဖွား၁၉၆၈ (အသက် ၅၇၅၈)
အဖွဲ့အစည်းဌာနJet Propulsion Laboratory
မိခင်ကျောင်းအာဘာသား ရှန်ပိန်း အီလီနှိုက်စ် တက္ကသိုလ်
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ100 Women

မိမိအောင် (၁၉၆၈ ခုနှစ်တွင် မွေးဖွား) သည် အမေရိကန် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး နာဆာမှ အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံး စေလွှတ်မည့် ဟယ်လီကော်ပတာ တည်ဆောက်ရေး ပရောဂျက်၏ ဦးဆောင် အင်ဂျင်နီယာ တစ်ဦးလည်းဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

မိမိအောင် သည် အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားပြီး အသက်နှစ်နှစ်ခွဲသား အရွယ်တွင် မြန်မာနိုင်ငံသို့ ပြောင်းရွေ့ခဲ့သည်။[][] သူမ၏ မိခင်သည် မြန်မာနိုင်ငံတွင် သင်္ချာ ပါရဂူဘွဲ့ ရှိခဲ့သော ပထမဦးဆုံး အမျိုးသမီး တစ်ဦး လည်းဖြစ်သည်။.[][] မိမိအောင်သည် အာကာသသိပ္ပံ ကို ငယ်ရွယ်စဉ် ဗြိတိန်အထက်တန်းကျောင်းသူ ဘဝ ကပင် စတင် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။ [] အသက် (၁၆)နှစ် အရွယ်တွင် သူမ၏ ပညာရေးအတွက် အမေရိကန်ပြည်ထောင်စုကို တစ်ဦးတည်း ပြောင်းရွေ့လာခဲ့သည်။[][] သူမသည် လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို အာဘာသား ရှန်ပိန်း အီလီနှိုက်စ် တက္ကသိုလ် မှ ၁၉၈၈ခုနှစ် တွင် ရရှိခဲ့ပြီး လျှပ်စစ်အင်ဂျင်နီယာ မဟာဘွဲ့ကို ၁၉၉၀ခုနှစ်တွင် ရရှိခဲ့သည်။ သူမ၏ မဟာဘွဲ့ စာတမ်းအတွက် အချက်ပြလုပ်ငန်းစဉ်နှင့် ဆက်သွယ်ရေးဆိုင်ရာ အကြောင်းများ ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။[]

သုတေသနနှင့်အသက်မွေးဝမ်းကျောင်း

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 https://women.jpl.nasa.gov။Women @ JPL 2019-10-16 တွင် ပြန်စစ်ပြီး။
  2. 1 2 Detwiler၊ Jacqueline (2016-11-03)။ What Happens Inside NASA's Jet Propulsion Lab Changes the World 2019-10-16 တွင် ပြန်စစ်ပြီး။
  3. 1 2 The engineer building a drone for Mars 2019-10-16 တွင် ပြန်စစ်ပြီး။
  4. Apeles၊ Teena (2019-07-11)။ A Woman's Place is in Space: Meet Eight Asian American Women Reaching for the Stars 2019-10-16 တွင် ပြန်စစ်ပြီး။
  5. MiMi Aung 2019-10-16 တွင် ပြန်စစ်ပြီး။