မာ့ခ် ဝီလျံစ်

ဝီကီပီးဒီးယား မှ
မာ့ခ် ဝီလျံစ်
MBE
၂၀၁၅ ဂျာမန် မာစတာ၌ တွေ့ရစဉ်
မွေးဖွား (1975-03-21) ၂၁ မတ်၊ ၁၉၇၅ (အသက် ၄၉)
Cwm, Blaenau Gwent, Wales
ကိုယ်စားပြု နိုင်ငံ ဝေလနိုင်ငံ
အမည်ပြောင်The Welsh Potting Machine
သက်မွေးဝမ်းကျောင်း
(အဆင့်မြင့်)
1992–
အမြင့်ဆုံး အဆင့်အဆင့်(၁)(၂၀၀ မေ–၂၀၀၂ မေ၊ ၂၀၀၃ မေ–၂၀၀၄ မေ၊၂၀၁၁ မေ–စက်တင်ဘာ)
ကစားသမားဘဝ
အောင်မြင်မှုများ
£ 6,112,883
အမြင့်ဆုံး
တစ်ချီတည်းအမှတ်ယူနိုင်မှု
၁၄၇ : (၂ ကြိမ်)[၁]
အမှတ် (၁၀၀) (သို့) အထက်၄၈၆
Tournament wins
အဆင့်သတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၂၂
Minor-ranking
အဆင့်မသတ်မှတ်ပွဲစဉ်
နိုင်ပွဲ
ကမ္ဘာ့ချန်ပီယံ
  • ၂၀၀၀
  • ၂၀၀၃
  • ၂၀၁၈

မာ့ခ် ဂျိမ်းစ် ဝီလျံစ် (အင်္ဂလိပ်: Mark James William) သည် ဝေလလူမျိုး အဆင့်မြင့် စနူကာ ကာစားသမားဖြစ်၍ ကမ္ဘာ့ချန်ပီယံ သုံးကြိမ်ရရှိထားသည်။ အနိုင်ရခဲ့သော နှစ်များမှာ ၂၀၀၀၊ ၂၀၀၃၊ ၂၀၁၈ တို့ဖြစ်သည်။[၂] ၁၉၇၈ တွင် အသက်အကြီးဆုံး အနိုင်ရရှိသူ အသက် ၄၅ နှစ်အရွယ်ရှိ ရေး ရီယာဒန်ပြီးလျှင် ဒုတိယမြောက် အသက်အကြီးဆုံးဖြစ်ပြီး ၂၀၁၈ အောင်ပွဲ၌ အသက် ၄၃ နှစ်ရှိပြီ ဖြစ်သည်။ အဝေးမှ ကျင်းဝင်အောင် ထိုးနိုင်သည့်အရည်အချင်းကြောင့် နာမည်ကြီးသဖြင့် ၎င်းကို အမည်ပြောင် 'ဝေလသား ကျင်းဝင်စက်' (The Welsh Potting Machine) ဟူ၍ ခေါ်ဝေါ်ကြသည်။

ဝီလျံစ်သည် ကမ္ဘာ့အဆင့်တစ်နေရာကို ၁၉၉၉-၂၀၀၀၊ ၂၀၀၀-၂၀၀၁၊ ၂၀၀၂-၂၀၀၄ ရာသီတို့တွင် ရယူနိုင်ခဲ့သည်။ ၎င်း၏ အအောင်မြင်ဆုံး ရာသီမှာ ၂၀၀၂/၂၀၀၃ ဖြစ်၍ သုံးထပ်ကွမ်းသရဖူပြိုင်ပွဲစဉ်ဟု အသိများသော ယူကေ၊ မာစတာ၊ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲသုံးရပ်ကို တစ်ရာသီတည်းတွင် ရယူခဲ့သောကြောင့် စတိဗ် ဒေးဗစ်၊ စတီးဗန် ဟန်ဒရီ ပြီးနောက် တတိယမြောက် ကစားသမားဖြစ်လာသည်။

ထို့အပြင် အဆင့်မြင့် ကမ္ဘာ့ချန်ပီယံ ပုံစံသုံးမျိုး (ကမ္ဘာ့စနူကာ ချန်ပီယံ၊ အနီခြောက်လုံး ကမ္ဘာ့ချန်ပီယံ၊ သက်ကြီးကမ္ဘာ့ချန်ပီယံ) တွင် ပထမဆုံး (ယနေ့ အထိ တစ်ဦးတည်းသောသူ) ကသားသမားဖြစ်၏ ။

ကမ္ဘာ့ချန်ပီယံကို အနိုင်ရရှိခဲ့သော ပထမဆုံး ဘယ်လက်သုံး ပုဂ္ဂိုလ်ဖြစ်သည်။[၂] ယူကေချန်ပီယံ နှစ်ကြိမ်အပါအဝင် ဝီလျံစ်သည် အဆင့်သတ်မှတ်ပြိုင်ပွဲ (၂၂) ပွဲကို အနိုင်ရထားသောကြောင့် ဆုအများဆုံးရသူစာရင်း၌ ပဉ္စမမြောက် ကစားသမားဖြစ်သည်။ ၂၀၀၃ တွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ၎င်း၏ ကစားအားကျဆင်းခဲ့ကာ ၂၀၀၉-၂၀၁၀ ရာသီတွင် ပြန်လည်၍ တိုးတင်လာခဲ့သည်။ စုစုပေါင်း အမှတ်ရာချီထိုးနိုင်မှု (၄၈၆) ကြိမ် ရထားကာ အမြင့်ဆုံးအမှတ်ထိုးနိုင်မှု (၂) ကြိမ်ရရှိထားသည်။

ကိုးကား[ပြင်ဆင်ရန်]