မာ့ခ် ဆဲလ်ဘီ

ဝီကီပီးဒီးယား မှ
မာ့ခ် ဆဲလ်ဘီ
၂၀၁၆ ပေါလ်ဟန်တာ ကလပ်စစ်ပွဲတွင် တွေ့ရစဉ်
မွေးဖွား (1983-06-19) ၁၉ ဇွန်၊ ၁၉၈၃ (အသက် ၄၀)
Leicester, Leicestershire, England
ကိုယ်စားပြု နိုင်ငံ အင်္ဂလန်
အမည်ပြောင်The Jester from Leicester Sat-Nav Selby
သက်မွေးဝမ်းကျောင်း
(အဆင့်မြင့်)
1999–
အမြင့်ဆုံး အဆင့်အဆင့်(၁) (၂၀၁၁ စက်တင်ဘာ–၂၀၁၂ နိုဝင်ဘာ၊ ၂၀၁၂ ဒီဇင်ဘာ–၂၀၁၃ ဖေဖော်ဝါရီ၊ ၂၀၁၃ ဧပြီ–ဂျွန်၊ ၂၀၁၄ မေ–ဇူလိုင်၊ ၂၀၁၄ ဩဂုတ်–ဒီဇင်ဘာ၊ ၂၀၁၅ ဖေဖော်ဝါရီ–၂၀၁၉ မတ်)
ကစားသမားဘဝ
အောင်မြင်မှုများ
£ 6,880,034
အမြင့်ဆုံး
တစ်ချီတည်းအမှတ်ယူနိုင်မှု
၁၄၇ (၃ ကြိမ်)[၁]
အမှတ် (၁၀၀) (သို့) အထက်၆၉၃
Tournament wins
အဆင့်သတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၂၀
Minor-ranking
အဆင့်မသတ်မှတ်ပွဲစဉ်
နိုင်ပွဲ
ကမ္ဘာ့ချန်ပီယံ
  • ၂၀၁၄]
  • ၂၀၁၆
  • ၂၀၁၇
  • ၂၀၂၁

မာခ် အန်ထနီ(အန်သနီ) ဆဲလ်ဘီ (အင်္ဂလိပ်: Mark Anthony Selby) သည် အင်္ဂလိပ်လူမျိုး အဆင့်မြင့် စနူကာ ကစားသမားဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ လေးကြိမ် အနိုင်ရရှိထားကာ ကမ္ဘာ့အဆင့်နေရာကို လေးနှစ်ဆက်တိုက် ထိန်းထားနိုင်ခဲ့သူဖြစ်ပြီး အဆင့်သတ်မှတ်ပြိုင်ပွဲ (၁၇) ပွဲအနိုင်ရရှိထားသည်။ ဂျပ်ဒ် ထရမ့် နှင့်အတူ ဆုအများဆုံးရရှိသူ စာရင်း၌ သတ္တမနေရာတွင် ရှိသည်။

အသက် (၁၆) အရွယ်မှ စတင်၍ အသက်မွေးလုပ်ငန်းအဖြစ် စနူကာပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းမတိုင်မီ အဆင့်သတ်မှတ်ပေးခြင်းမရှိသော ယူကေစိန်ခေါ်ပြိုင်ပွဲစဉ်များ၌ ပါဝင်ခဲ့၏ ။ ၂၀၀၇ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲတွင် ဂျွန် ဟစ်ဂင်စ်အနိုင်ရရှိသဖြင့် ဒုတိယနေရာသာရခဲ့လေသည်။ မာစတာချန်ပီယံ၊ ယူကေချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံ များရရှိခဲ့သောကြောင့် သုံးထပ်ကွမ်းသရဖူ ပြိုင်ပွဲစဉ်တွင် အနိုင်ရရှိသော ဆဋ္ဌမမြောက် ကစားသမားဖြစ်သည်။ အခြားသော ပြိုင်ပွဲများစွာကိုလည်း အနိုင်ရရှိထားသောသူ ဖြစ်၏ ။

စိတ်ရှည် သီးခံနိုင်သော ယှဉ်ပြိုင်သူတစ်ဦးအဖြစ် သိရှိကြ၍ တစ်ချီတည်း အမှတ်များစွာ ထိုးနိုင်သူလည်းဖြစ်သဖြင့် စုစုပေါင်း တစ်ချီတည်း အမှတ်ရာချီထိုးနိုင်မှု အကြိမ် (၆၀၀) ကျော်ရရှိထားသည်သ အမည်ပြောင်မှာ 'လက်စတာမြို့မှ လူပြောင်' (The Jester from Leicester) ဟုခေါ်ဝေါ်ကြသည်။ ဆဲလ်ဘီသည် ပူးလ်ကစားနည်း ကစားသူလည်းဖြစ်သည်။ ၂၀၀၆ ရှစ်လုံးပူးလ် (နံပါတ်ဘော (၈) လုံး ကစားနည်း) ကမ္ဘာ့ချန်ပီယံ ဖြစ်ကာ ၂၀၁၅ တရုတ်နိုင်ငံ၌ကျင်းပသော ရှစ်လုံးပူးလ် ကမ္ဘာ့ချန်ပီယံတွင် ဒုတိယ ရခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Official 147sWorld Snooker။ 21 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2018 တွင် ပြန်စစ်ပြီး။