မာရီယံ အတာဟီ

ဝီကီပီးဒီးယား မှ

မာရီယံ အတာဟီ (ပါရှန်း: مریم آتاهی‎ ၊ ၁၉၈၈ ဘွား) သည် အာဖဂန်နစ္စတန်နိုင်ငံသား အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ ဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

ငယ်ဘဝကို ဒုက္ခသည်အဖြစ် ပါကစ္စတန်တွင် အချိန်ကုန်ခဲ့သည်။ သို့သော် မဆုတ်မနစ်ကြိုးစားမှုက ရှဗ္ဗနင်းအစီအစဉ်ဖြင့် ယူနိုက်တက်ကင်းဒမ်းတွင် ပညာသင်ခွင့်ရကာ မဟာဘွဲ့ယူနိုင်ခဲ့သည်။

လူမှုရေးလုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

အာဖဂန်နစ္စတန်မှ လူငယ်များ ပြန်ပထွက်နေချိန်တွင် ပြည်တွင်းသို့ပြန်လာသော ရှားပါးသည့်အရေအတွက်အနက် တဦးအဝင်အပါသည်။ ဘွဲ့ရသည်နောက် အာဖဂန်နစ္စတန်သို့ ပြန်လာကာ ကဘူးတွင် နေသည်။ နောက် Save the Children အဖွဲ့၌ အလုပ်ဝင်သည်။

အတာဟီသည် ဘူခါမရုံသော ရှားပါးအမျိုးသမီးဖြစ်ပြီး အခြေခံဥပဒေတွင် ပြဋ္ဌာန်းမထားဟု အရွှန်းဖေါက်တတ်သည်။ [၁]

၂၀၂၁ ခု၊ ဩဂုတ်လတွင် ကဘူးမြို့ကို တာလီဘန်တို့ သိမ်းသည်နောက် အတာဟီက တာလီဘန်တို့ သူ့အသက်ကို ရန်ပြုနိုင်သည်မှာ အသေအချာပင်ဖြစ်ကြောင်း ဆိုသည်။ [၂]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]