မာတိကာသို့ ခုန်သွားရန်

မာနာဒိုမြို့

ဝီကီပီးဒီးယား မှ
မာနာဒိုမြို့ မြင်ကွင်း

မာနာဒိုမြို့ သည် အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ်၏ မြို့တော် ဖြစ်သည်။ ဆူလာဝေစီကျွန်းတွင် မာကတ်ဆာမြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မြေဧရိယာ ၁၅၇ စတုရန်းကီလိုမီတာတွင် လူဦးရေ ၄၂၅,၄၂၀ ဦး ဖြန့်ကျက် နေထိုင်ကြသည်။[] မာနာဒို မက်ထရိုပိုလစ်တန်ဒေသတွင် ၂၀၁၈ ခုနှစ်၌ လူဦးရေ ၁.၂ သန်း ရှိသည်။[] မြို့တော်သည် မာနာဒိုပင်လယ်အော်ပေါ်တွင် တည်ရှိပြီး ပတ်ဝန်းကျင်တွင် တောင်ကုန်းထူထပ်သော ဒေသများက ဝိုင်းရံထားသည်။[]

မာနာဒိုသည် အင်ဒိုနီးရှားရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ ထိပ်ဆုံး နေရာ ၅ ခုတွင် ပါဝင်သည်။[] မြို့တော်တွင် ဆမ် ရာတူလန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၊​စင်ကာပူနိုင်ငံ၊​တရုတ်နိုင်ငံ တို့နှင့် တိုက်ရိုက်ဆက်သွယ်ထားသည်။ ဘူနာကန် အမျိုးသားဥယျာဉ်သည် မြို့တော်၏ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာနေရာတစ်ခု ဖြစ်သည်။ ထိုမြို့တော်အား ခရစ်ယာန် အများစု ရှိသော မြို့ဟုလည်း သိကြပြီး နိုင်ငံအတွင်း နှစ်စဉ် ခရစ်စမတ်ပွဲတော်ကို အကြီးကျယ်ဆုံး ကျင်းပလေ့ ရှိသည်။ ထို့ပြင် အင်ဒိုနီးရှားတွင် သည်းခံနိုင်စွမ်း အရှိဆုံးနှင့် အငြိမ်းချမ်းဆုံး မြို့ဟုလည်း ဆိုကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Indonesia: Administrative Division (Provinces, Regencies and Cities) - Population Statistics, Charts and Map
  2. Sulawesi Utara Dalam Angka 2019
  3. In the shadows of volcanoes: Manado Bay and its harbour။ 10 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2020 တွင် ပြန်စစ်ပြီး။
  4. Kembangkan 5 Destinasi Prioritas, Jokowi Tekankan Soal Kebersihan - Ekonomi Bisnis.com
  5. Wali Kota Kaget Manado Jadi Kota Paling Toleran di Indonesia။ 29 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2020 တွင် ပြန်စစ်ပြီး။