မဟာမဂ္ဂဥယျာဉ်

ဝီကီပီးဒီးယား မှ
Mahamevnāwa Gardens
တည်နေရာသီရိလင်္ကာနိုင်ငံအနုရာဓပူရမြို့
ကိုဩဒိနိတ်8°21′42″N 80°23′37″E / 8.361609°N 80.393538°E / 8.361609; 80.393538

မဟာမဂ္ဂ သည် သီရိလင်္ကာနိုင်ငံအနုရာဓပူရမြို့တွင် တည်ရှိသည့် ရှေးဟောင်းဥယျာဉ်တစ်ခု ဖြစ်သည်။ ဘုရင် Mutasiva (367 - 307 BC) က ပန်းခြံကို တည်ထောင်ခဲ့ပြီး သမိုင်းတွင် ၎င်း၏ အမည်ကို ဤပန်းခြံကို ပထမဆုံးတည်ထောင်သူအဖြစ် ဖော်ပြထားသည်။ သူသည် ဘုရင် Pandukabhaya မင်း၏ သားတော်ဖြစ်ပြီး ဘုရင် Devanampiya Tissa ၏ ခမည်းတော် တော်စပ်သူ ဖြစ်သည်။[၁]

ဘုရင် Pandukabhaya သည် အန်ဒရာပူရမြို့ကို တည်ထောင်သူ ဖြစ်သည်။ ဖခင်၏ အရိုက်အရာကို ဆက်ခံပြီးနောက် ဘုရင်ဖြစ်လာသည့် ဘုရင် Mutasiva သည် အန်ဒရာပူရမြို့၏ တောင်ဘက်နှင့် မြို့အပြင်ဘက်တွင် တော်ဝင်ဥယျာဉ်နှစ်ခုကို ပြုလုပ်ခဲ့သည်။ နန္ဒန (Jōtivana) ဟု အမည်ရသည့် ဥယျာဉ်သည် တောင်ဘက်ဂိတ်တည်ရှိသည့်နေရာအကျော်တွင် တည်ရှိပြီး ၎င်းနောက် မဟာမဂ္ဂဥယျာဉ် တည်ရှိသည်။[၂]

ဥယျာဉ်ကို စတင်ခဲ့သည့်အချိန်သည် ထူးမြတ်သည့်အချိန်အခါနှင့် ကြုံခဲ့ရပြီး ပုံမှန်မဟုတ်သည့် မိုးသည် သည်းထန်စွာသွန်းခဲ့သည်။ မဟာ၏ အဓိပ္ပာယမှာ “များပြားသော” မဂ္ဂ ဆိုသည်မှာ “မိုးပေါက်” ဟု အဓိပ္ပာယ်ရသည်။ မဟာဝံသကျမ်း၌ ဤဥယျာဉ်သည် သီးသီးများ ပန်းမန်များဖြင့် ပျော်မွေ့ဖွယ်ရာမျိုးစုံဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။[၃]

ဤဥယျာဉ်သည် [[သမာဓိရုပ်ပွားတော်]၊ ဇေယျာသီရိမဟာဗောဓိမဟာစေတီတော် (သီရိလင်္ကာ) နှင့် သုပရမစေတီတော်များလည်း တည်ရှိသဖြင့် ထင်ရှားသည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Senaverathne၊ John M. (1998)။ "VI"။ The Story of the Sinhalese။ Asian Educational Services။ pp. 43–45။ ISBN 81-206-1271-X
  2. Parker၊ H. (1999)။ Ancient Ceylon (4th ed.)။ New Delhi: Asian Educational Services။ p. 272။ ISBN 81-206-0-208-0
  3. Harischandra၊ Walisinha (1998)။ "1"။ The Sacred City of Anuradhapura - with Forty-Six Illustrations။ New Delhi: Asian Educational Services။ pp. 1–2။ ISBN 81-206-0216-1