မရဏ

ဝီကီပီးဒီးယား မှ

မရဏ ဆိုသည်မှာ ဆိုသည်မှာ ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ ပျောက်ကွယ်ပျက်ပြုန်း သေဆုံးကုန်ခမ်းမှုသည် မရဏ မည်၏။[၁][၂]

မရဏအပြား[ပြင်ဆင်ရန်]

ကိုးပါးအပြား[ပြင်ဆင်ရန်]

ဘဝကိုးပါးနှင့် ယှဉ်စပ်၍ မရဏသည် အောက်ပါအတိုင်း ကိုးပါးအပြား ရှိသည်။ ၎င်းတို့မှာ -

  1. ကာမမရဏ
  2. ရူပမရဏ
  3. အရူပမရဏ
  4. သညီမရဏ
  5. အသညီမရဏ
  6. နေဝသညီနာသညီမရဏ
  7. ဧကဝေါကာရမရဏ
  8. စတုဝေါကာရမရဏ
  9. ပဉ္စဝေါကာရမရဏ စသည်တို့ ဖြစ်သည်။ ကာမအတ္တဘောတို့၏ သေမှုသည် ကာမမရဏ ဖြစ်သည်။ အခြားသောမရဏများလည်း ဤသို့ပင် ဖြစ်သည်။[၂]

လေးပါးအပြား[ပြင်ဆင်ရန်]

ထိုမှတစ်ပါးလည်း -

  1. အာယုက္ခယမရဏ - အသက်တမ်းကုန်၍ သေခြင်း
  2. ကမ္မက္ခယမရဏ - ကံအစွမ်းကုန်၍ သေခြင်း
  3. ဥဘယက္ခယမရဏ - အသက်, ကံ နှစ်ပါးကုန်၍ သေခြင်း
  4. ဥပစ္ဆေဒကမရဏ - ကံဆိုးဖြတ်ချွေ၍ သေခြင်းတို့ ဖြစ်သည်။

အာယုက္ခယမရဏ ဆိုသ်ညမှာ ဘုံဘဝတို့၌ အမျိုးမျိုးသော အာယုကပ်အပိုင်းအခြားတို့သည် ပဋိသန္ဓေတည်နေသောအခါ ရှေးဦးစွာဖြစ်ပေါ်သော နာမ်ရုပ်တို့၏ ချုပ်ခြင်းမှစ၍ အစဉ်အတိုင်း ကုန်ဆုံးချုပ်ကွယ်ခြင်းသို့ ရောက်ကြ၏။ ထိုအသက်တမ်းတို့၏ အားလုံးကုန်ဆုံးသဖြင့် သေလွန်ခြင်းသည် အာယုက္ခယမရဏ မည်သည်။

စေတနာတည်းဟူသော ကံ၏ ချုပ်ပုံနှစ်မျိုးတို့တွင် ဒုတိယဖြစ်သော ကံ၏အစွမ်းချုပ်ဆုံးမှုကြောင့် သေခြင်းသည် ကမ္မက္ခယမရဏ မည်သည်။

အသက်တမ်း၊ ကံစွမ်းနှစ်ပါးတို့၏ အညီအမျှ ကုန်ဆုံးသဖြင့် သေခြင်းသည် ဥဘယက္ခယမရဏ မည်သည်။

အသက်ကို ဖြတ်ချွေတတ်သည့် ဥပစ္ဆေဒကမရဏ ကံမျိုးသည် (၁) အတိတ်ကံ၊ (၂) ပစ္စုပ္ပန်ကံ ဟူ၍ နှစ်ပါးရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. လယ်တီဆရာတော် (အောက်တိုဘာလ ၁၉၈၀၊ သာသနာ ၂၅၂၄၊ ကောဇာ ၁၃၄၂)။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ သာနာရေးဦးစီးဌာန။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ၂.၀ ၂.၁ ၂.၂ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။