မယ်ခေမာ

ဝီကီပီးဒီးယား မှ

မယ်ခေမာသည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ အချို့က ခင်မသာဟုလည်း ခေါ်ကြသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မယ်ခေမာသည် ပုဂံပြည် ပုဏ္ဏားအမတ်မျိုး၏ သမီးတစ်ဦး ဖြစ်သည်။ ပုပ္ပါးမယ်တော်သည် မယ်ခေမာကို ချစ်၍ လိပ်ပြာနုတ်ကာ သမီးအဖြစ် မွေးစားထားသည်ဟု ဆိုကြသည်။ အချို့ကမူ ပုပ္ပါးမယ်တော်၏ အခြွေအရံဟုလည်း ဆိုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၃၁။