ပုပ္ပါးမယ်တော်

ဝီကီပီးဒီးယား မှ

ပုပ္ပါးမယ်တော်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

ပုပ္ပါးမယ်တော်သည် မောင်ဗျတ္တ၏ ဇနီးတော်စပ်သူ ဖြစ်သည်။ မောင်ဗျတ္တသည် ရာဇဝတ်သင့်ကာအသတ်ခံခဲ့ရပြီးနောက် အနောင်ရထာသည် သားဖြစ်သူနှစ်ဦးဖြစ်သည့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်တို့ကို အမိန့်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

ထို့ကြောင့် မိခင်ဖြစ်သူ မယ်ဝဏ္ဏသည် ရင်ကွဲနာကျကာ သေဆုံးသွားခဲ့ပြီး နတ်ဖြစ်ခဲ့သည်။ ပုပ္ပါးမယ်တော်သည် တောင်ပြုန်း၌ ထင်ရှားသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၃၁။