မန္တန်တွင် သစ္စာ၊ အအေးတွင် မေတ္တာ
ပုံပန်းသွင်ပြင်
မန္တန်တွင် သစ္စာ၊ အအေးတွင် မေတ္တာ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“မန္တန်တွင် သစ္စာ၊ အအေးတွင် မေတ္တာ” ဆိုသည်မှာ မန္တန် (ဂါထာ) များတွင် “သစ္စာ” သည် အစွမ်းအထက်ဆုံးဖြစ်ပြီး အေးမြသော အရာများတွင် “မေတ္တာ”သည် အအေးမြဆုံးဖြစ်သည်ဟု ဆိုလိုသည်။ မန္တန်၏ အစွမ်းသည် သစ္စာစကားကို တိုင်တည်ခြင်းပေါ်တွင် မူတည်ပြီး မေတ္တာတရားသည် စိတ်နှလုံးကို အေးချမ်းစေနိုင်စွမ်းရှိသည်။ ဤဆိုရိုးစကားသည် သစ္စာနှင့် မေတ္တာတရားတို့၏ တန်ဖိုးနှင့် အရေးပါမှုကို ဖော်ညွှန်းသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- "မန္တန်တွင် သစ္စာ၊ အအေးတွင် မေတ္တာဆိုသောအတိုင်း သစ္စာတစ်လုံးကို စကားပြောတိုင်း အမြဲ သုံးစွဲသွားပါလျှင်…၊" [၂]