မာတိကာသို့ ခုန်သွားရန်

မနီလာမြို့ရှိ စင်ကာပူသံရုံး

ဝီကီပီးဒီးယား မှ
Embassy of the Republic of Singapore in Manila
Kedutaan Republik Singapura di Manila
在马尼拉新加坡共和国大使馆
மணிலாவில் சிங்கப்பூர் குடியரசின் தூதரகம்
ကိုဩဒိနိတ်14°32′46.6872″N 121°02′47.9292″E / 14.546302000°N 121.046647000°E / 14.546302000; 121.046647000ကိုဩဒိနိတ်: 14°32′46.6872″N 121°02′47.9292″E / 14.546302000°N 121.046647000°E / 14.546302000; 121.046647000
တည်နေရာTaguig, Metro Manila
လိပ်စာ505 Rizal Drive
Barangay Fort Bonifacio
1634 Taguig
Metro Manila
သံအမတ်Kok Li Peng
တရားစီရင်ရေး ဖိလစ်ပိုင်
ဝဘ်ဆိုဒ်mfa.gov.sg/manila

မနီလာမြို့ရှိ ဖိလစ်ပိုင်နိင်ငံဆိုင်ရာ စင်ကာပူသံရုံးသည် စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံအကြား သံတမန်ဆက်သွယ်ရေး လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရန် ဖြစ်သည်။ မနီလာမြို့ Taguid ရှိ၊ ဘိုနီဖာဆီယိုဂလိုဘယ် စီးတီး အမှတ် ၅၀၅၊ ရီဇယ်ဒရိုက်ဗ်တွင် တည်ရှိသည်။

နောက်ခံသမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၆၉ ခုမေလ ၁၆ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြသည်။[] သံရုံးမထူထောင်မီက ဖိလစ်ပိုင်နိုင်ငံရှိ စင်ကာပူနိုင်ငံဆိုင်ရာ ကိစ္စရပ်များကို မလေးရှားသံရုံးက ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။[][] ဖိလစ်ပိုင်နိုင်ငံသို့ ပထမဦးဆုံးပို့လွှတ်သော ဌာနေသံအမတ်ကြီးမှာ ဟာဂျီ ယာကွတ် ဘင် မိုဟာမက်ဖြစ်ပြီး ထိုအချိန်က ဖိလစ်ပိုင်သမ္မတ ဖာဒီနတ်မားကိုစ် ထံသို့ သံတမန်ခန့်အပ်လွှာကို ၁၉၆၉ အောက်တိုဘာလ ၁၆ တွင် ပေးအပ်ခဲ့သည်။[][] သံရုံးကို ၁၉၇၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

သံရုံး

[ပြင်ဆင်ရန်]

လက်ရှိတွင် သံရုံးကို သံအမတ်ကြီး ကော့လိပိန်းက ဦးဆောင်နေပြီး၊ ဝန်ထမ်းအကြီးအကဲများ၊ သံမှူးများ၊ စစ်သံမှူး၊ ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန် စသည်ဖြင့် သံဝန်ထမ်းများဖြင့် လည်ပတ်နေပါသည်။[] လက်ရှိ သံရုံးအဆောက်အဦးကို စင်ကာပူနိုင်ငံမှ ပိသုကာပညာရှင်များနှင့် ဖိလစ်ပိုင်နိုင်ငံမှ ပိသုကာပညာရှင်များ ပူးပေါင်း ဒီဇိုင်းရေးဆွဲခဲ့ကာ ၂၀၀၈ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ခဲ့သည်။ [][] ယခင်က စီးပွားရေးလုပ်ငန်းများ အများစုတည်ရှိသည့် Makati Central Business District ရှိ အတန်တာပရိုက်စင်တာ တာဝါ အမှတ် ၁ တွင် လုပ်ငန်းလည်ပတ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. "Philippine envoy to S'pore"၊ The Straits Times၊ 2 April 1971 2 October 2016 တွင် ပြန်စစ်ပြီး
  2. "MANILA READY TO SET UP EMBASSY IN S'PORE"၊ The Straits Times၊ 1 December 1967 2 October 2016 တွင် ပြန်စစ်ပြီး
  3. "EMBASSY LEVEL TIES WITH MANILA"၊ The Straits Times၊ 16 May 1969 2 October 2016 တွင် ပြန်စစ်ပြီး
  4. Haji Ya'acob bin Mohamed National Library Board of Singapore။ 2 October 2016 တွင် ပြန်စစ်ပြီး။
  5. Official Week in Review: October 10 – October 16, 1969 Office of the President of the Philippines။ 2 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 October 2016 တွင် ပြန်စစ်ပြီး။
  6. About the Embassy Ministry of Foreign Affairs, Singapore။ 2 October 2016 တွင် ပြန်စစ်ပြီး။
  7. "Singapore in the shade"၊ Philstar.com၊ 31 January 2009 2 October 2016 တွင် ပြန်စစ်ပြီး
  8. CHANCERY IN MANILA, PHILIPPINES Forum Architects။ 2 October 2016 တွင် ပြန်စစ်ပြီး။