မတ် ၁၉၈၈

ဝီကီပီးဒီးယား မှ
၁၉၈၈ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ

(၁) ရက်[ပြင်ဆင်ရန်]


(၂) ရက်[ပြင်ဆင်ရန်]


(၃) ရက်[ပြင်ဆင်ရန်]


(၄) ရက်[ပြင်ဆင်ရန်]


(၅) ရက်[ပြင်ဆင်ရန်]


(၆) ရက်[ပြင်ဆင်ရန်]


(၇) ရက်[ပြင်ဆင်ရန်]

  • ည ၉ နာရီ ခွဲခန့်တွင် ပြည်လမ်းပေါ်ရှိ ချက်သံရုံး အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက ဦးနေဝင်း ထံသို့ အိပ်ဖွင့် ပေးစာတွင် စီးပွားရေး ပြုပြင် ပြောင်းလဲရန်နှင့် အစိုးသစ် ဖွဲ့စည်းရန် အကြံ ပြုလိုက်သည်။

(၈) ရက်[ပြင်ဆင်ရန်]


(၉) ရက်[ပြင်ဆင်ရန်]


(၁၀) ရက်[ပြင်ဆင်ရန်]


(၁၁) ရက်[ပြင်ဆင်ရန်]


(၁၂) ရက်[ပြင်ဆင်ရန်]

  • ရန်ကုန် ဆင်ခြေဖုံး ကြို့ကုန်း အနောက်ပိုင်းရှိ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်တွင် စက်မှု တက္ကသိုလ် ကျောင်းသား တချို့နှင့် အရပ်သားများ ခိုက်ရန် ဖြစ်ပွားသည်။ စက်မှု တက္ကသိုလ် ကျောင်းသား တဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး တရားခံ များကို သက်ဆိုင်ရာက ဖမ်းဆီး လိုက်သည်။


(၁၃) ရက်[ပြင်ဆင်ရန်]

  • တရားခံအား ဆိုင်ရာက လွှတ်ပေး ခဲ့သဖြင့် ကျောင်းသား ၂၀၀ ခန့် ရပ်ကွက် ပြည်သူ့ ကောင်စီရုံးကို သွားဝိုင်းကာ ကန့်ကွက် ကြသည်။ လုံထိန်း များနှင့် ကျောင်းသား အုပ်စု အဓိကရုဏ်း ဖြစ်ပွားသည်။ လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ကျောင်းသား မောင်ဖုန်းမော် သေဆုံးရပြီး ရက်အနည်းငယ် အကြာတွင် ကျောင်းသား ၆ ယောက်မှ ၇ ယောက်ထိ သေနတ် ဒဏ်ရာဖြင့် သေဆုံး သွားကြသည်။


(၁၄) ရက်[ပြင်ဆင်ရန်]

  • စက်မှု တက္ကသိုလ် ကျောင်းသား များသည် ရန်ကုန်ရှိ အခြား တက္ကသိုလ် များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေ ကြသည်။ လုံထိန်းများ၏ ရက်စက်စွာ သတ်ဖြတ်မှုနှင့် စက်တင်ဘာလ ၅ ရက်နေ့က ငွေစက္ကူများ ဖျက်သိမ်းခြင်းကို ရှုတ်ချ ထားသော လက်ကမ်း စာစောင်များ ဖြစ်သည်။


(၁၅) ရက်[ပြင်ဆင်ရန်]

  • အာအိုင်တီ ကျောင်းဝင်း အတွင်းသို့ စစ်တပ်မှ ဝင်စီး လိုက်သည်။ အစိုးရ၏ ထုတ်ပြန် ကြေညာချက်တွင် ကျောင်းသား များကို အပြစ်ပုံ ချထားပြီး၊ အာအိုင်တီ ကျောင်းသားများ အဖမ်း ခံရသည်။


(၁၆) ရက်[ပြင်ဆင်ရန်]

  • ရန်ကုန် တက္ကသိုလ် (ပင်မ) မှ ကျောင်းသားများ လှိုင်ဒေသ ကောလိပ်နှင့် စက်မှု တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း ချီတက် ကြသည်။ သူတို့အား အင်းလျားကန် အနီး လုံထိန်း တပ်ဖွဲ့နှင့် စစ်တပ်က ပိတ်ဆို့ ခဲ့သည်။ ကျောင်းသား များစွာ ပစ်သတ် ခံရသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) ဝင်းထဲသို့ လုံထိန်းများ ဝင်ရောက် လာသည်။


(၁၇) ရက်[ပြင်ဆင်ရန်]

  • မောင်ဖုန်းမော် အသုဘသို့ နောက်ဆုံး အကြိမ် ဂါဝရ ပြုရန် ထောင်ပေါင်း များစွာသော လူထုက ကျန်တော သင်္ချိုင်း အပြင် ဘက်တွင် စုဝေး ကြသည်။ သို့သော် မောင်ဖုန်းမော် ရုပ်အလောင်းကို တနေရာတွင် တိတ်တဆိတ် မီးသင်္ဂြိုဟ် ခဲ့ပြီး ဖြစ်ကြောင်း သိလိုက် ရသည်။ မောင်ဖုန်းမော် သေဆုံး ရသည့် ကိစ္စကို စုံစမ်းရန် စုံစမ်း စစ်ဆေးရေး ကောင်မရှင် တရပ် ဖွဲ့စည်း လိုက်ကြောင်း အစိုးရက ကြေညာသည်။ သို့သော်လည်း အခြား သူများ ထိခိုက် သေဆုံးရခြင်း အတွက် စုံစမ်းရန် ဖော်ပြခြင်း မရှိပေ။ ပင်မ တက္ကသိုလ် ကျောင်းဝင်း အတွင်း ပြုလုပ်သော အစည်းအဝေး တခုတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်း လိုက်သည်။ ကျောင်းသား တထောင်ခန့်ကို ဖမ်းဆီး၍ ရန်ကုန်မြို့ မြောက်ပိုင်းရှိ အင်းစိန် ထောင်သို့ ပို့လိုက်သည်။


(၁၈) ရက်[ပြင်ဆင်ရန်]

  • ထောင်ပေါင်း များစွာသော ကျောင်းသားများ ရန်ကုန် မြို့လယ်ရှိ ဆူးလေ ဘုရားသို့ ချီတက် လာကြပြီး တခြား ကျောင်းသား များနှင့် ပူးပေါင်း ကြသည်။ အစိုးရက တပ်မ ၂၂၊ ၆၆နှင့် ၇၇ တို့ကို ခေါ်ယူ လိုက်သည်။ ထောင်ပေါင်း များစွာသော ကန့်ကွက် ဆန္ဒပြသူ များကို ဖမ်းဆီး ကြသည်။ "သွေးစွန်းသော သောကြာနေ့" အဖြစ် လူသိ များသော ထိုနေ့တွင် လုံထိန်းတို့၏ တပ်မှူး ဦးစိန်လွင် မှာလည်း "ရန်ကုန်မြို့၏ လူသတ်သမား" ဟု အမည် စတွင် ခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များ ပိတ်လိုက်သည်။


(၁၉) ရက်[ပြင်ဆင်ရန်]


(၂၀) ရက်[ပြင်ဆင်ရန်]


(၂၁) ရက်[ပြင်ဆင်ရန်]


(၂၂) ရက်[ပြင်ဆင်ရန်]


(၂၃) ရက်[ပြင်ဆင်ရန်]


(၂၄) ရက်[ပြင်ဆင်ရန်]


(၂၅) ရက်[ပြင်ဆင်ရန်]


(၂၆) ရက်[ပြင်ဆင်ရန်]


(၂၇) ရက်[ပြင်ဆင်ရန်]

  • ဦးနေဝင်းနှင့် အဖွဲ့သည် အနောက် ဂျာမဏီ နှင့် ဆွစ်ဇာလန်သို့ ထွက်ခွာ သွားသည်။


(၂၈) ရက်[ပြင်ဆင်ရန်]


(၂၉) ရက်[ပြင်ဆင်ရန်]


(၃၀) ရက်[ပြင်ဆင်ရန်]


(၃၁) ရက်[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]