မဏိဇောတ

ဝီကီပီးဒီးယား မှ

မဏိဇောတဟူသည် မူရင်း ပါဠိဝေါဟာရ ဖြစ်သည်။ ပြည်တန်ပတ္တမြားဟူ၍လည်းကောင်း၊ ပတ္တမြားကဲ့သို့ တောက်ပထွန်းလင်းသူဟူ၍လည်းကောင်း မြန်မာဘာသာပြန်ဆိုနိုင်သည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံတွင် နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ထူးများကို ဘွဲ့များအပ်နှင်းရာတွင် မဏိဇောတဓရ ၊ အဂ္ဂမဟာ သိရီသုဓမ္မသိင်္ဂီ မဏိဇောတဓရ စသည်ဖြင့် ဝိသေသအထူးပြုကာ ပေးအပ်လေ့ရှိသည်။ ထေရဝါဒ သာသနာတော်၌လည်း ပညတ်သွားရာ ဓာတ်သတ်ပါဆိုသကဲ့သို့ ဖြစ်စေရန် ရည်ရွယ်ပြီး ဆရာတော်ကြီးများက မိမိတို့၏ တပည့်ရဟန်းတော်များကို မဏိဇောတဟူ၍ အမည်သညာ ပေးလေ့ရှိကြသည်။