မဏိကုဏ္ဍလဆရာတော်

ဝီကီပီးဒီးယား မှ

မဏိကုဏ္ဍလ ဆရာတော် သည် အင်းဝခေတ် အနောက် ဘက်လွန်နှင့် သာလွန်မင်းတရားတို့လက်ထက်၌ ထင်ရှားသော ဆရာတော် ဖြစ်သည်။ ဘွဲ့တော်မှာ ရှင်ဝရာဘိသံဃနာထ ဖြစ်သည်။ ရတနာပုရ အင်းဝမြို့ လေးထပ်ကျောင်းဆရာတော် မဟာရာမ၊ မဟာသံဃနာထ နှစ်ဘွဲ့ရဆရာတော်ကြီး၏ တပည့် ဖြစ်သည်။ ဝရာဘိသံဃနာထ ဆရာတော်သည် ၉၉၁ ခုနှစ်တွင် မဏိကုဏ္ဍလဝတ္ထုကြီးကို ပြီးပြည့်စုံစွာ ရေးသားပြုစုတော်မူခဲ့ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)