မင်းတို့ထွက် ရက်ရာဇာ
ပုံပန်းသွင်ပြင်
မင်းတို့ထွက် ရက်ရာဇာ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ မြန်မာစကားပုံ တစ်ခုလည်း ဖြစ်သည်။ [၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“မင်းတို့ထွက် ရက်ရာဇာ” ဆိုသည်မှာ မင်း သို့မဟုတ် အာဏာရှိသူတို့ ခရီးထွက်ရာတွင် ကောင်းသော ရက် (ရက်ရာဇာ) ကို ရွေးချယ်ရန် မလိုအပ်ဘဲ မင်းတို့ထွက်သောနေ့သည် မင်္ဂလာရှိသော ရက်မြတ်ဖြစ်သည်ဟု ဆိုလိုသည်။ မင်း၏ အာဏာနှင့် ဂုဏ်သရေကို ဖော်ညွှန်းသော ဆိုရိုးစကားဖြစ်သည်။ မင်းသည် အရာရာကို လွှမ်းမိုးနိုင်သော အာဏာရှိသူဖြစ်သောကြောင့် မင်း၏ လုပ်ဆောင်မှုများသည် မင်္ဂလာရှိပြီး ကောင်းမြတ်သည်ဟု ရှုမြင်ကြသည်။ “မင်းတို့ထွက် ရက်ရာဇာ” စကားပုံလည်းရှု။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- "မင်းတို့ထွက်ခွါ၊ ရက်ရာဇာ၊ အခါမရွေးကောင်းဆိုတဲ့ စကားလည်း အရှိသားပဲ၊" [၂]