မဂ္ဂနာကာတာ
မဂ္ဂနာကာတာ
[ပြင်ဆင်ရန်]မဂ္ဂနာကာတာသည် လက်တင်ဝေါဟာရဖြစ်၍ စာချုပ် ကြီး သို့မဟုတ် မဟာစာချုပ်ဟုအဓိပ္ပာယ်ရသည်။ ယင်းစာချုပ် ကို ၁၂၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် အင်္ဂလန်ပြည့်ရှင် ဂျွန်ဘုရင်သည် ဗဲရွန်ခေါ် မှူးမတ်များ၏ အတင်းအကြပ် တောင်းဆိုချက်အရ အားမတန်မာန်လျှော့ကာ လက်မှတ်ရေးထိုး လိုက်ရသည်။ သို့အားဖြင့် ဂျွန်ဘုရင်မှအစပြု၍ အင်္ဂလန်ပြည့် ရှင် ဘုရင်တို့သည် မိမိတို့သဘောအတိုင်း သက်ဦးဆံပိုင် အာဏာရှင်ဆန်ဆန် မစိုးမိုးနိုင်အောင် အာဏာများ ကန့်သတ် ဟန့်တားခြင်းကို လက်ခံရာရောက်ခဲ့လေသည်။ ထို့ပြင် ဥပဒေ ကို ပြည့်ရှင်ဘုရင်ကပင် လေးစားရမည်ဟူသော သဘောတရား ကို ထင်ရှားစေသည့်အတွက် မဂ္ဂနာကာတာသည် အင်္ဂလိပ် သမိုင်းတွင်သာမက ဥပဒေသမိုင်းတွင်ပါ ထင်ရှားလှပေသည်။
မဂ္ဂနာကာတာသည် ဘုရင်၏အာဏာကို ကန့်သတ်ရုံသာမကဘဲ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလိုပင် အုပ်ချုပ်ခံ လူတန်းစား တို့အား အုပ်ချုပ်သူတို့၏ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်ကင်းနိုင် အောင် ရှေ့ဆောင်ပေးခြင်းကြောင့် ပုဂ္ဂလိကလွတ်လပ်မှုကို တည်ဆောက်နိုင်စေခဲ့သည့် အုတ်မြစ်ပင်ဖြစ်တော့၏။ ယခုအခါ အင်္ဂလန်ပြည်၏သာမန်စည်းမျဉ်းဥပဒေ အမြောက်အမြားသည် မဂ္ဂနာကာတာမှ ပေါက်ဖွားဆင်းသက်လာခဲ့သည်။ အင်္ဂလိပ် စည်းမျဉ်းဥပဒေကို မှီး၍ရေးဆွဲထားသော နိုင်ငံများ၏ အခြေခံ စည်းမျဉ်းတို့သည်လည်း မဂ္ဂနာကာတာတွင်ပါသော အချက် အလက်များနှင့်မကင်းဟု ဆိုနိုင်လေသည်။
မဂ္ဂနာကာတာ စာချုပ်ဖြစ်ပေါ်လာရခြင်း၏ အကြောင်း ရင်းမှာ ဂျွန်ဘုရင် (အင်္ဂလိပ်) တရားမဲ့ဖောက်ပြန် အုပ်စိုးမှုပင် ဖြစ်၏။
ထိုစဉ်အခါက အင်္ဂလန်ပြည်တွင်
ကံကျွေးချစနစ် တည်ဆဲဖြစ်၏။ ဂျွန်ဘုရင်သည် ရက်စက်ကြမ်း
ကြုတ်ခက်ထန်၍ သစ္စာမဲ့သည့်အလျောက် ကံကျွေးချစနစ်
ဆိုင်ရာ ဆက်ကြေးများကို ပိုမိုတောင်းခံခြင်း၊ အယူဝါဒဆိုင်ရာ
အခွင့်အရေးများကိုထိပါးခြင်း၊ ထို့ပြင် မိမိအလိုမကျသူတို့ အား
လည်း ဖိနှိပ်ချုပ်ချယ်ခြင်း အစရှိသည်ဖြင့် မတော်မမှန် ပြုလုပ်
ခြင်းကြောင့် တစ်နိုင်ငံလုံးရှိ လူတန်းစားအားလုံး မခံမရပ်နိုင်ရ
ကား၊ ကန်တာဗာရီ ဂိုဏ်းချုပ်ကြီး လန်ဂတန် အကြံပေးသည့်
အတိုင်း ဗဲရွန်မှူးမတ်တို့ရှေ့ဆောင်၍ တရားမျှတသောအုပ်ချုပ်မှု
ကို ရရှိရန် စီမံစိုင်းပြင်းကြလေသည်။ ဤသို့အားဖြင့် မဂ္ဂနာ
ကာတာ စာချုပ်ဖြစ်ပေါ်လာခဲ့၏။ မှူးမတ်တို့ အင်အားကောင်း
လှ၍ ဂျွန်ဘုရင်လည်း မည်သို့မျှမတတ်နိုင်တော့ဘဲ၊ ၁၂၁၅
ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တင်းမြစ်ကမ်းပေါ်ရှိ ရန်းနိမိ
အရပ်တွင် မှူးမတ်များနှင့်တွေ့ဆုံကာ ယင်းတို့ တင်ပြသော မဂ္ဂ
နာကာတာ စာချုပ်ကို တံဆိပ်ခတ်နှိပ်၍ အသိအမှတ် ပြုလိုက်ရ
လေတော့သည်။
မူလစာချုပ်ကြီးသည် လက်တင်ဘာသာဖြင့် ရေးဆွဲ ထား၍ အခန်းပေါင်း ၆၃ ခု ပါဝင်၏။ အယူဝါဒဆိုင်ရာ အခွင့်အရေးများကို ပြန်လည်အတည်ပြုရန်ဟု အစချီထားပြီး လျှင် များစွာသော တောင်းဆိုချက်တို့သည် ဗဲရွန်တို့၏အကျိုး ကိုသာ ရှေးရှူလျက် ကံကျွေးချစနစ်များကိုကာကွယ်သည့် အပိုဒ် အချို့ပါဝင်သည်။ ပမာပြရသော် ဘုရင်သည် မြေပိုင်ရှင်ကြီးများ ၏ သဘောတူညီချက်မရဘဲ ထုံးစံရှိသည်ထက် ပို၍တောင်းခံ ခြင်း မပြုရဟု ပါရှိ၏။ ထို့ပြင် အုပ်ချုပ်ရေးအကြီးအကဲများ၏ ည|ဉ်းပန်းမှုများနှင့် တရားဥပဒေဖောက်လွှဲ ဖောက်ပြန် ကျင့်ကြံ မှုတို့မှ ကာကွယ်ရန် အပိုဒ်များလည်း ပါဝင်၏။ လူလွတ်များ ကို ဖမ်းဆီးခြင်း၊ ထောင်တန်းချထားခြင်း၊ အပြစ်ပေးခြင်းတို့ကို လည်း နိုင်ငံ၏ တရားဥပဒေများအရသာလျှင် ဆောင်ရွက်ရ မည် သို့မဟုတ် မှူးမတ်တို့၏ တရားဝင်စီရင်ဆုံးဖြတ်ချက် အရ သာလျှင် ပြုလုပ်ရမည်ဖြစ်လေသည်။ ထို့ပြင် လယ်မြေကို သိမ်း ယူခြင်း၊ နယ်နှင်ခြင်း၊ နှောင့်ယှက်ခြင်းတို့ကိုလည်း မပြုလုပ်ရ ဟု ဖော်ပြထားလေသည်။
မဂ္ဂနာကာတာစာချုပ်၏ မိတ္တူ ၄ ခုမှာ ယခုထက်တိုင် ရှိနေသေးသည်။ ယင်းတို့အနက် အပြည့်အစုံဆုံးမှာ လင်ကွန်း ကသီဒရယ် ဘုရားရှိခိုးကျောင်းတွင် ရှိသည့် မိတ္တူပင်ဖြစ်၏။ အခြားမိတ္တူ ၁ ခုသည် ဆော့စဗာရီ ကသီဒရယ်ဘုရားရှိခိုး ကျောင်းတွင်ရှိ၍ ကျန် ၂ ခုမှာကား ဗြိတိသျှပြတိုက်တွင် ရှိ လေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)