မက္ကဋ

ဝီကီပီးဒီးယား မှ

မက္ကဋ သည် မြတ်စွာဘုရားအား ပါလိလေယျကဆင်နှင့်အတူ တောအုပ်အတွင်း၌ အလုပ်အကျွေးပြုစုခဲ့ဖူးသည့် မျောက်ဖြစ်ပြီး သေလွန်သည့်အခါ နတ်သား ဖြစ်ခဲ့သည်။[၁]

မက္ကဋ[ပြင်ဆင်ရန်]

ဆင်အပေါင်းနှင့် နေရသည့် ဆင်းရဲကို သည်းမခံနိုင်သဖြင့် ပါလိလေယျကဆင်မင်းသည် ထိုတောအုပ်တွင် တစ်ကောင်းတည်း နေ၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် ကောသမ္ဗီပြည်တွင် တပည့်ရဟန်းတို့၏ မညီညွတ်မှုကို အကြောင်းပြုကာ ပါလိလေယျယတောအုပ်၌ တစ်ပါးတည်း သီတင်းသုံးတော်မူ၏။ ထိုဆင်မင်းသည် မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ်တို့ကို ပြုစုလုပ်ကျွေးတော်မူ၏။[၁]

ဤသို့ ပါလိလေယျကသည် မြတ်စွာဘုရားအား လုပ်ကျွေးပြုစုသည်ကို မျောက်ကြီးတစ်ကောင်သည် မြင်၍ အားကျသဖြင့် လုပ်ကျွေးပြုစုလေ၏။[၁]

မျောက်ကြီးသည် ပျားကောင်မရှိသော ပျားလဘို့ကို ငှက်ပျောဖက်ပေါ်တင်ကာ ဆက်ကပ်၏။ မြတ်စွာဘုရားသည် ပျားဥများရှိသဖြင့် ဘုဉ်းမပေးဘဲ ရှိနေရာ မျောက်ကြီးသည် ပျားဥတို့ကို ဖယ်ရှား၍ ထပ်မံဆက်ကပ်လေ၏။[၁]

ထိုအခါ မျောက်ကြီးသည် ဘုရားရှင်ဘုဉ်းပေးသည်ကို မြင်၍ ဝမ်းသာအားရကာ သစ်ပင်ပေါ်၌ ကခုန်၍ လိမ့်ကျ၍ သေဆုံးခဲ့ကာ တာဝတိံသာနတ်ပြည်တွင် မက္ကဋနတ်သား ဖြစ်လေသည်။[၁]

နတ်သားဘဝ[ပြင်ဆင်ရန်]

မက္ကဋနတ်သား၏ ရွှေဗိမာန်သည် ယူဇနာသုံးဆယ်ကျယ်ပြန့်ကာ အခြံအရံနတ်သမီးတစ်ထောင်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ်လ ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ အခန်း - ၄၀၄၊ တိုက် - ၆၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: အလင်းသစ်စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)

ကိုးကား[ပြင်ဆင်ရန်]