မာတိကာသို့ ခုန်သွားရန်

ဘောရ်ဒိုး

ဝီကီပီးဒီးယား မှ

ဘောရ်ဒိုး(ပြင်သစ်: Bordeaux)သည် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ ဖြစ်သည်။ ဘောရ်ဒိုးမြို့သည် အာကီတဲန်တိုင်း၏ မြို့တော်ဖြစ်ပြီး ဂျီရော့င်ဒ်တိုက်၏ မြို့တော် ဖြစ်သည်။ ဘောရ်ဒိုး မြို့ခံများကို "ဘောရဒလေ"(ပြင်သစ်: Bordelais)ဟု ခေါ်သည်။

၂၀၀၅ ခုနှစ် သန်းခေါင်စာရင်းအရ မြို့တော်၏ လူဦးရေသည် ၂၃၉,၁၅၇ ဦး ဖြစ်သော်လည်း ၂၀၁၀ ခုနှစ် မြို့တော်နှင့် အနီးတစ်ဝိုက် အခြေချနေထိုင်မှုများအပါအဝင် ဘောရ်ဒိုးကျေးရွာအုပ်စု၏ လူဦးရေသည် ၁,၁၂၇,၇၇၆ ဦးသို့ ရောက်ရှိခဲ့သည်။

ဤ ဒေသထွက် ဘောရ်ဒိုး စပျစ်ဝိုင်သည်ကျော်ကြားသည်။