ဘောဘောကြီးစေတီတော်

ဝီကီပီးဒီးယား မှ
ဘောဘောကြီးစေတီတော်

ဘောဘောကြီးစေတီသည် သရေခေတ္တရာမြို့ဟောင်းတွင် တည်ရှိသည့် ရှေးဟောင်းစေတီတော်တစ်ဆူ ဖြစ်သည်။[၁]

တည်နေရာ[ပြင်ဆင်ရန်]

စေတီတော်သည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။[၁]

တည်ထားကိုးကွယ်ခြင်း[ပြင်ဆင်ရန်]

စေတီတော်ကြီးကို ဒွတ္တပေါင်မင်းကြီးသည် တည်ထားကိုးကွယ်ခဲ့သည်။ မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်ကိုးဆူတွင် တစ်ဆူအပါအဝင် ဖြစ်သည်။

စေတီတော်ကို အေဒီ ၆ - ၇ ရာစုတွင် တည်ထားခဲ့ပြီး ဘုရားရှင်၏ ဓာတ်တော်၊ မွေတော်များကို ဌာပနာထားသည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

စေတီတော်သည် ဉာဏ်တော် ၄၆.၆၃၄ မီတာ ရှိသည်။ လုံးပတ်တော်သည် ၆၄.၈ မီတာ ရှိသည်။ စေတီတော်၏ ပုံသဏ္ဌာန် ပစ္စယံငါးဆင့်ခံ၍ ၎င်းပစ္စယံပေါ်တွင် ထုလုံးရှည် (ဆလင်ဒါ) ပုံ အုတ်စေတီကို တည်ထားခြင်း ဖြစ်သည်။[၁]

စေတီတော်သည် အိန္ဒိယနိုင်ငံ၊ ဆာရ်နတ်အရပ်ရှိ အနတ္တလက္ခသုတ်ဟောတော်မူရာ အထိမ်းအမှတ်စေတီဖြစ်သော ဓမ္မေခစေတီနှင့် ဆင်တူသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ပျူမြို့ဟောင်း သုံးမြို့တွင်အကြီးဆုံး သရေခေတ္တရာမြို့ဟောင်း | NPE။ 26 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2020 တွင် ပြန်စစ်ပြီး။