ဘုရင်ထွေး
ဘုရင်ထွေး (ကောဇာ ??? - ၈၉၄) သည် ပြည်မြို့နှင့် မြို့ရံ မြို့ကျေးများကို စိုးအုပ်သော ပဒေသရာဇ်မင်းတပါး ဖြစ်သည်။ [၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]သာယာဝတီ ဆင်ဖြူရှင် သတိုးမင်းစောက နောင်တော် ပြည် ဆင်များရှင် မင်းကြီးစွာ မိဖုရား မရီးဖြစ်သူကို နန်းဆက်တင်ရာ ဘုရင်ထွေးကို မြင်သည်။
နန်းစံကာလ (၈၈၈-၈၉၄)
[ပြင်ဆင်ရန်]၈၈၈ ခု၌ အဝပျက်ကာ ရှမ်းတို့လက်အောက် ရောက်သည်တွင် ပြည်မှာလည်း သတိုးမင်းစော လွန်သည်။ ထိုနှစ်တွင် ဘုရင်ထွေး နန်းတက်သည်။
အဝမှ ရှမ်းတို့ စစ်ချီလာခြင်း
[ပြင်ဆင်ရန်]၈၉၄ ခုတွင် မိုးညှင်း စလုံနှင့် သား အဝ သိုဟန်ဘွားတို့ ပြည်သို့ စစ်ချီလာသည်။ အင်အားများသဖြင့် လက်ဆောင်ပဏ္ဏာဆက်ကာ အချေအငံဆိုရသည်။ မိုးညှင်း စလုံက မင်းနှင့် လက်ဆောင်တို့ကို ယူကာ ပြန်သည်။ ကနဦးက ဘုရင်ထွေးကို အဝတွင်ထားရန် စီမံသည်။ သို့သော် တပဲယင်းရောက်လျှင် အခြွေအရံနှင့်တကွ ပြန်စေသဖြင့် ပြည်သို့ ပြန်လာသည်။
ကြင်ဘက်နှင့် သားသမီးများ
[ပြင်ဆင်ရန်]အမည်မသိ မိဖုရား
[ပြင်ဆင်ရန်]- သား ဘိုးတော်သခင်၊ နရပတိ အမည်ခံ၍ ပြည်၌ မင်းပြုသူ
အမည်မသိ မိဖုရား
[ပြင်ဆင်ရန်]- သမီး နရပတိမယ်တော်၊ စလင်း စည်သူကျော်ထင် မိဖုရား။ စလင်းပျက်သည်တွင် ဟံသာဝတီသို့ ပါသည်။ မင်းတရားရွှေထီးက ကျော်ထင်နော်ရထာ ညီ (နောက် ပြည် သတိုးဓမ္မရာဇာ ဖြစ်လာမည့်) နန္ဒယော်ဓါနှင့် လက်ဆက်ပေးသည်။
ဘိုးတော်ချစ်မိ
[ပြင်ဆင်ရန်]ကလေး မင်းရဲကျော်စွာနှင့် ပြည် မင်းကြီးစွာ သမီး ခင်ဘုန်းထွတ်တို့ သမီး ဘိုးတော်ချစ်မိနှင့် စုံဖက်ရာ သားသမီး ၄ ဦး ရသည်။
- သား ရှင်သရက်၊ မင်းခေါင် အမည်ခံ၍ ပြည်၌ မင်းပြုသူ
- နှမ၊ မင်းခေါင် မင်းပြုစဉ် တပင်ရွှေထီးသို့ ဆက်ကာ လေးကျွန်းမိဖုရား အမည်ခံသူ၊ နောက် မင်းတရားရွှေထီးက ကျော်ထင်နော်ရထာ ညီ ဇေယနန္ဒနှင့် စုံဖက်ပေးသည်။
- ညီမ ငယ်ကလွန်
- မောင် ငယ်ကလွန်
ဘဝနိဂုံး
[ပြင်ဆင်ရန်]၈၉၄ ခုတွင် ရှမ်းတို့လက်မှ ပြန်လွတ်လာသည်။ သို့သော် သား ဘိုးတော်သခင်မှာ နရပတိနာမံခံကာ မင်းပြုနှင့်ပြီ ဖြစ်သည်။ ၅ လမျှကြာသည်နောက် ဘုရင်ထွေး ပြန်ရောက်လာရာ ခမည်းတော်ကို မြို့သို့ အဝင်မခံ။ ဘုရင်ထွေးကား မြို့ပြင် နဝင်းချောင်းဘေးတွင် တဲနန်းထိုး၍ နေသည်။ ၁ လမျှအကြာတွင် နာမကျန်းဖြစ်ကာ လွန်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မှန်နန်းမဟာရာဇဝင်