မာတိကာသို့ ခုန်သွားရန်

ဘီယာမန်ကြောင်

ဝီကီပီးဒီးယား မှ

ဘီယာမန် (အင်္ဂလိပ်: Birman) သည် အိမ်မွေးကြောင်တစ်မျိုးဖြစ်သည်။ "Sacred cat of Burma" (မြန်မာပြည်မှ ကြောင်မြတ်) ဟုလည်း အမည်မှည့်ပေးထားသည်။[] ရှည်လျားသောအမွှေးများရှိပြီး ပိုးထည်အသားနှင့်ဆင်တူသည်။ ‌ထိုကြောင်တို့၏ကိုယ်အ‌မွှေးသည် ဖြူဖွေးသောအရောင်ရှိပြီး အစွန်းနေရာများတွင် အရောင်အရင့်များရှိသည်။

ဘီယာမန်ကြောင်

ဘီယာမန် ဟူသောအမည်သည် ပြင်သစ်စကားလုံး "Birmanie" မှဖြစ်လာပြီး ဗမာနိုင်ငံကို အမည်မှည့်ပေးထားခြင်းဖြစ်သည်။ ဘီယာမန်ကြောင်မျိုးကို ၁၉၂၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံကြောင်များအဖွဲ့ (Cat Club de France) မှ ပထမဦးဆုံး အသိအမှတ်ပြုခဲ့သည်။ ၁၉၆၆ တွင် အင်္ဂလန်နိုင်ငံ၌ Governing Council of the Cat Fancy မှလည်းကောင်း[]၊ ၁၉၆၇ တွင် အမေရိကန်နိုင်ငံ‌၌ Cat Fanciers' Association မှလည်းကောင်း၊ ကနေဒါကြောင်များအဖွဲ့ (Canadian Cat Association) မှလည်းကောင်း၊ ၁၉၇၉ တွင် နိုင်ငံတကာကြောင်များအဖွဲ့ (The International Cat Association) မှလည်းကောင်း အသီးသီး အသိမှတ်ပြုခဲ့ကြသည်။ []

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဘီယာမန်ကြောင်များသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌ နေထိုင်ခဲ့ကြသည်ဟုဆိုကြသည်။ ထိုကြောင်များကို ဘုန်းကြီးကျောင်း၌‌ နေထိုင်ကြသောရဟန်းများက မွေးမြု‌စောင့်ရှောက်ခဲ့ကြသည်။ ပြစ်သစ်တို့သည် ထိုကြောင်များကို ဘုန်းကြီးကျောင်းများ၌ နေထိုင်‌သောကြောင့်မြင့်မြတ်သည်ဟု ယူဆခဲ့ကြရာ မိမိတို့နိုင်ငံသို့ ယူ‌ဆောင်သွားခဲ့ကြလေသည်။[] ပြင်သစ်နိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော ဘီယာမန်ကြောင်များ၏ အထောက်အထားများသည် နိစ်မြို့ (Nice) သို့ညွှန်ပြလျက်ရှိသည်။[]

ဒုတိယကမ္ဘာစစ်အတွင်းတွင် ဘီယာမန်ကြောင်အကောင်ရေမှာ အလွန်နည်းပါးခဲ့လာရာ ဥရောပတစ်တိုက်လုံးတွင် နှစ်ကောင်သာ ကျန်ရှိခဲ့သည်။ စစ်ပြီးကာလတွင် ထိုကြောင်နှစ်ကောင်တို့၏ ကလေးများကို ပါရှန်း‌ကြောင်၊ ထိုင်းကြောင် စသည်တို့နှင့် မျိုးဆက်ခဲ့ကြရာ ဘီယာမန်ကြောင်မျိုးဖြစ်ထွန်းစေရန် ကြိုးပမ်းခဲ့ကြသည်။ ၁၉၅၀ မတိုင်ခင်မှာပင် ဘီယာမန်ကြောင်မျိုးစစ်များ ပြန်လည်ပေါက်ဖွားလာခဲ့သည်။ ပြန်လည်ဖြစ်ထွန်းလာခဲ့သော ဘီယာမန်ကြောင်မျိုးကို ၁၉၆၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ အသိအမှတ်ပြုခဲ့သည်။[] ထို့အပြင် ဘီယာမန်ကြောင်မျိုးကို ရက်ဒေါ(လ်)ကြောင် (Ragdoll cat) မျိုးသစ်မွေးဖွားရန်အတွက်လည်း အသုံးပြုခဲ့ကြသည်။[]

အသွင်အပြင်

[ပြင်ဆင်ရန်]

ဘီယာမန်ကြောင်၏ ခန္ဓာကိုယ်သည် ပုံမှန်အရွယ်အစားဖြစ်ပြီး ကျယ်သောမျက်နှာရှိသည်။ နားရွက်များမှာရှည်လျားပြီး မျက်လုံးများမှာလည်း ဝိုင်းဝန်း၍ နီလာကဲ့သို့ပြာသောအရောင်ရှိသည်။ ကိုယ်အမွှေးသည် ရှည်လုနီးပါးဖြစ်၍ ပိုးထည်ကဲ့သိုနူးညံ့သည်။ ဘီယာမန်ကြောင်အာလုံးသည် ကိုယ်တွင်ဖြုဖွေး၍ နားရွက်၊ မျက်နှာ၊ ခြေ၊ အမှီးတို့တွင်ရင့်သောအရောင်ရှိသည်။ ခြေဖဝါးတို့သည် ကွက်၍ဖြူနေသောကြောင့် လက်အိတ်ကလေးများသဖွယ် ဖြစ်နေသည်။

ဘီယာမန်ကြောင်များသည် ဉာဏ်ရည်ထက်မြက်၍ သစ္စာရှိသောကြောင်များ ဖြစ်ကြသည်။ ပတ်ဝန်းကျင်အသစ်နှင့် လိုက်ဖက်စွာနေထိုင်နိုင်၍ တစ်နေရာရာကို သတိရနိုင်စွမ်းလည်းရှိသည်။ အခြားကြောင်များအပြင် ခွေးများနှင့်လည်း ပေါင်းသင်းနိုင်သည်။ ငယ်ဘဝမှ လူကြီးဘဝတိုင်အောင် ဆော့ကစားနိုင်သောကြောင်များလည်း ဖြစ်ကြသည်။[]

ပုံများ

[ပြင်ဆင်ရန်]

ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. Cat Fanciers Association Breed Article: The Sacred Cats of Burma 21 November 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 21 November 2010 at the Wayback Machine Retrieved 16 April 2010
  2. Governing Council of the Cat Fancy Retrieved 8 October 2014
  3. The International Cat Association, Retrieved 8 July 2007
  4. Le Chat. Races - Élevage - Maladies Paris: Vinot Frères ed. 1926, pp.40-41. Dr. Philippe Jumaud
  5. Interview of Simone Poirier by Gisele Barnay 7 April 2022 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Interview from the book Les Secrets du Chat Sacré de Birmanie ISBN 2-85182-335-3
  6. History 4 August 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Pixydustbirmans.net, Retrieved 15 December 2017
  7. You Need To Know About Ragdoll Breed[လင့်ခ်သေ]. 17 March 2017
  8. Fern Collins, "The curious cat" (2016), Chartwell Books Publication, p. 50-52. ISBN 978-0-7858-3476-2.