ဘာဝရုပ်

ဝီကီပီးဒီးယား မှ

ဘာဝရုပ် ဆိုသည်မှာ ဖြစ်ကြောင်းတရား တစ်မျိုး ဖြစ်သည်။ ဘာဝရုပ် (၂) မျိုး ရှိသည်။ ၎င်းတို့မှာ

(၁) ဣတိဘာဝရုပ် − ဆိုသည်မှာ ဣတ္ထိသဏ္ဌာန်အမျိုးမျိုး၊ ဣတ္ထိ အမူအယာအမျိုးမျိုးတို့၏ ဖြစ်ပွားရန် အကြောင်းဗီဇဖြစ်သော ရုပ်အထူး ဖြစ်သည်။

(၂) ပုမ္ဘာဝရုပ် − ဆိုသည်မှာ ပုရိသသဏ္ဌာန် အမျိုးမျိုး၊ ပုရိသ အမူအယာအမျိုးမျိုးတို့၏ ဖြစ်ပွားရန် အကြောင်းဗီဇဖြစ်သော ရူပ်အထူး ဖြစ်သည်။

ဤဘာဝရုပ်တို့သည် ဣတ္ထိသဏ္ဌာန်၊ ပုရိသသဏ္ဌာန်တို့၌ အသီးအသီး ကာယဝတ္ထုရုပ်ကဲ့သို့ ခြေဖဝါးအပြင်မှစ၍ အတွင်းအပြင် တစ်ကိုယ်လုံးမှာ ပေါ်ရှိကြကုန်၏။ ဤဘာဝရုပ်တို့၏ အုပ်စိုးမှုတို့ကြောင့် မိန်းမနှင့် ယောက်ျား ခြားနားမှုတို့ ရှိကြကုန်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၂၂။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)