မာတိကာသို့ ခုန်သွားရန်

ဘာဘရာ ပဲလ်ဗင်

ဝီကီပီးဒီးယား မှ
ဘာဘရာ ပဲလ်ဗင်
Barbara Palvin
၂၀၁၆ ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် တွေ့ရသော ဘာဘရာ ပဲလ်ဗင်
မွေးဖွား (1993-10-08) ၈ အောက်တိုဘာ၊ ၁၉၉၃ (အသက် ၃၂)
ဘူဒါပတ်မြို့၊ ဟန်ဂေရီနိုင်ငံ
မော်ဒယ် အချက်အလက်များ
အရပ်အမြင့်၁.၇၅ m (၅ ft ၉ in)[]
ဆံပင်အရောင်အညို
မျက်လုံးအရောင်အပြာ
အေဂျင်စီ
  • IMG Models (ကမ္ဘာတစ်ဝန်း)
  • Uno Models (ဘာစီလိုနာ) []

ဘာဘရာ ပဲလ်ဗင် (အင်္ဂလိပ်: Barbara Palvin; အသံထွက် [ˈbɒrbɒrɒ ˈpɒlvin]; ၈ အောက်တိုဘာ ၁၉၉၃ မွေးဖွား[]) သည် ဟန်ဂေရီ မော်ဒယ်တစ်ဦး ဖြစ်သည်။ ဘာဘရာ ပဲလ်ဗင် ကို ၁၉၉၃ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်တွင် ဟန်ဂေရီနိုင်ငံဘူဒါပတ်မြို့၌ မွေးဖွားသည်။ ၂၀၁၆ ခုနှစ်တွင် Sports Illustrated သတင်းတိုက်၏ ရေကူးဝတ်စုံအထူးထုတ်တွင် အကောင်းဆုံးလူသစ် (Rookie of the Year) အဖြစ် သတ်မှတ် ခံရသည်။ Love မဂ္ဂဇင်းမှ ပြန်လည်ရိုက်ကူးသော ရှရွန်စတုန်း၏ Basic Instinct ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခုတွင်လည်း ပါဝင်ခဲ့သည်။

အနုပညာ လမ်းကြောင်း

[ပြင်ဆင်ရန်]

ဘူဒါပတ်၏ လမ်းဘေးပွဲများမှတစ်ဆင့် အသက် (၁၃) နှစ်အရွယ်ကပင် ၂၀၀၆ ထုတ် Spur မဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ခွင့်ရသည်။ ထို့နောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရစေရန် အာရှစာအုပ်ဈေးကွက်သို့ ခြေချသည်။[] ထို့မှစ၍ လော်ဖစ်ရှယ်၊ ဗောက်ပေါ်တူဂီ၊ မာရီကလဲရာ၊ ဂလေးမော ဟန်ဂေရီ၊ အဲလီ၊ အဲလူရာ၊ ဟာပါစ်ဘဇာ မဂ္ဂဇင်းတို့တွင် မျက်နှာပုံသရုပ်ပြအနေဖြင့် ရိုက်ကူးခံရသည်။ အာမေနီ အိတ်ချိန်း၊ ဗစ်တိုးရီးယားစီးခရက် နှင့် ပူးအန်ဘဲဖက်ရှင်လုပ်ငန်းများမှပြုလုပ်သော ကြော်ငြာလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။[] ဖေဖော်ဝါရီ ၂၀၁၂ တွင် လော်ရယ်ပဲရစ်၏ ထုတ်ကုန်သံတမန်တစ်ဦး ဖြစ်လာသည်။[]

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် မီလန်ဖက်ရှင်သတင်းပတ်၌ ပရာဒါ၏ ပြပွဲတွင် ဗွေဆော်ဦး ပါဝင်ခဲ့သည်။ လူးဝစ်ဗီတန်၊ မြူမြူ၊ နီနာ ရစ်စီ၊ အီမန်နူရယ် အန်ဂါရို၊ ခရစ်စတိုဖာ ကိန်း၊ ဂျူလီယန် မက်ဒေါ်နယ်၊ ဂျယ်ရမီ စကော့၊ ဂေးလ် ဒေကွန်၊ ဗီဗီယန် ဝက်စ်ဝုဒ် နှင့် ချနယ် ဖက်ရှင်ရှိုးများတွင်လည်း သရုပ်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဗစ်တိုးရီးယား စီးခရက်ဖက်ရှင်ရှိုးတွင်လည်းကောင်း၊ သတို့သမီးဝတ်စုံပြပွဲသတင်းပတ်တွင် ရိုဆာ ကလာရာ ဖန်တီးသည့် ဝတ်စုံများဖြင့် ဘာစီလိုနာတွင်လည်းကောင်း လမ်းလျှောက်ပြခဲ့သေးသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. IMG Models Barbara Palvin IMG Models CDS။ 30 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2017 တွင် ပြန်စစ်ပြီး။
  2. Barbara Palvin - Model Profile - Photos & latest news
  3. Palvin Barbara's Hungarian biography (ဟန်ဂေရီ)
  4. Barbara Palvin NY Magazine။ 12 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2011 တွင် ပြန်စစ်ပြီး။
  5. Fashion Model Directory 17 May 2013 တွင် ပြန်စစ်ပြီး။
  6. Niven၊ Lisa။ L'Oreal's New Girl Vogue Conde Nast။ 17 May 2013 တွင် ပြန်စစ်ပြီး။
  7. Rosa Clara Bridal collection 2014 fabfashionfix.com။ 24 November 2013 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]