ဘရားသားဂျွန်

ဝီကီပီးဒီးယား မှ

ဘရားသားဂျွန် (ပြင်သစ်: Frère Jacques (ဖရဲရယ် ဂျားကယ်(စ်))၊ အင်္ဂလိပ်: Brother John) သည် ပြင်သစ်ကလေး‌တေးကဗျာတစ်ပုဒ်ဖြစ်သည်။ ဘုရားကျောင်းဘရားသားတစ်ဦး အိပ်ရာထနောက်ကျ၍ နံနက်ဘုရားရှိခိုးရန် ခေါင်းလောင်းတီးခတ်ရမည့်အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။[၁]

"Frère Jacques"
Sheet music
ကလေးတေးကဗျာ
ဘာသာစကားပြင်သစ်
အင်္ဂလိပ်ခေါင်းစဉ်Brother John
သီချင်းရေးဆရာအမည်မသိ

သီချင်းစာသား[ပြင်ဆင်ရန်]

ပြင်သစ်ဘာသာ

Frère Jacques, Frère Jacques,
Dormez-vous? Dormez-vous?
Sonnez les matines! Sonnez les matines!
Ding, dang, dong. Ding, dang, dong.

အင်္ဂလိပ်ဘာသာပြန်

Brother Jacques, Brother Jacques,
Are you sleeping? Are you sleeping?
Ring [the bells for] matins! Ring [the bells for] matins!
Ding, dang, dong. Ding, dang, dong.

အင်္ဂလိပ်စာသား

Are you sleeping? Are you sleeping?
Brother John, Brother John,
Morning bells are ringing! Morning bells are ringing!
Ding, dang, dong. Ding, dang, dong.

Sheet music as a round

"Frère Jacques" ကို "ဘရားသားဂျွန်"ဟု ပြန်ဆိုထားသော်လည်း ဂျားကဲ(စ်) (Jacques) ၏ဘာသာပြန်အမှန်မှာ ဂျိမ်းစ် (James) သို့မဟုတ် ဂျာကော့ (Jacob) ဖြစ်သည်။ ဂျောန် (Jean) ကိုဘာသာပြန်မှသာ ဂျွန် (John) ဟူ၍ပြန်ကြသည်။

ရင်းမြစ်ယူဆချက်များ[ပြင်ဆင်ရန်]

မာတင်း ဒေးဗစ် (Matrine David) သည် ထိုသီချင်းကို ဒိုမီနီကန်ဂိုဏ်း (Dominican Order) မှ ဘုရား‌ကျောင်းလုပ်သားတို့၏ ကောင်းမွန်စွာနေထိုင်ခြင်းကို သရော်ရာမှဖြစ်ပေါ်လာသည်ဟုဆိုသည်။[၂]

ပြင်သစ်ဂီတပညာရှင် Sylvie Bouissou သည် ထိုသီချင်းကို တေးရေးဆရာ ဂျွန်ဖစ်လစ် ရာမူ (Jean-Philippe Rameau) မှရေးသားထားသည်ဟုဆိုခဲ့သည်။ ထို့အပြင် ပြင်သစ်နိုင်ငံ အမျိုးသားဂီတစာကြည့်တိုက်တွင်လည်း ထိုသီချင်း၏ လက်ရေးမိတ္တူတွင် သူ၏အမည်ကို ထည့်သွင်းထားသည်။[၃]

ရောင်စုံဘောလုံး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင်လည်း ထိုသီချင်း၏တေးသံကိုယူ၍ ရောင်စုံဘောလုံး ဟူ၍လည်း သီဆိုကြပြီး စာသားမှာ အောက်ပါအတိုင်းဖြစ်သည်။

ရောင်စုံဘောလုံး။ ရောင်စုံဘောလုံး။
တစ်လုံး ငါးပြား။ တစ်လုံးငါးပြား။
ကြိုက်တဲ့ အရောင် ရွေးပါ။ ကြိုက်တဲ့ အရောင် ရွေးပါ။
တစ်လုံး ငါးပြား။ တစ်လုံးငါးပြား။

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. Landes၊ David S. (1998)။ The Wealth and Poverty of Nations။ New York: W. W. Norton။ p. 48
  2. Refrains d'enfants, histoire de 60 chansons populaires, Martine David, A. Marie Delrieu, Herscher, 1988.
  3. "Frère Jacques" a été composé par Jean Philippe Rameau

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]