ဘယ်ရီ မာရှယ်

ဝီကီပီးဒီးယား မှ
ဘယ်ရီ ဂျိမ်းစ် မာရှယ်
၂၀၁၉တွင် မာရှယ်ကို နိုဗယ်လ်ဆုတံဆိပ်ရင်ထိုးနှင့်တွေ့ရစဉ်
မွေးဖွားဘယ်ရီ ဂျိမ်းစ် မာရှယ်
(1951-09-30) ၃၀ စက်တင်ဘာ၊ ၁၉၅၁ (အသက် ၇၂)[၁]
ကယ်ဂိုအော်လီ, အနောက်ဩစတြေးလျ
နိုင်ငံသားဩစတြေးလျနိုင်ငံသား
နိုင်ငံလူမျိုးဩစတြေးလျလူမျိုး
နယ်ပယ်
အဖွဲ့အစည်းဌာန
မိခင်ကျောင်းအနောက်ဩစတြေးလျတက္ကသိုလ် (MB BS)[၁]
ကျော်ကြားမှုအရင်းခံHelicobacter pylori
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
အိမ်ထောင်ဘက်အေဒရီယင်း ဂျွိုက်စ် ဖဲလ်မန်း (လက်ထပ် 1972)[၁]
ရင်သွေး(များ)သားတစ်ယောက် ၊ သမီးသုံးယောက်[၁]
ဝက်ဘ်ဆိုဒ်
hpylori.com.au

ဘယ်ရီ ဂျိမ်းစ် မာရှယ် AC FRACP FRS FAA (၁၉၅၁ခုနှစ် စက်တင်ဘာ ၃၀တွင် မွေးဖွားခဲ့) သည် ဩစတြေးလျလူမျိုး သမားတော်တစ်ဦး ၊ ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဗယ်ဆုရှင်တစ်ဦး နှင့် အနောက်ဩစတြေးလျတက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာ အဏုဇီဝဗေဒပါမောက္ခတစ်ဦးဖြစ်သည်။ မာရှယ် နှင့် ရော်ဘင် ဝါရန်တို့သည် ဟီလစ်ကိုဘတ်တာ ပိုင်လော်ရွိုင် ( Helicobacter pylori ) ဟုခေါ်သော ဘက်တီးရီးယားက အစာအိမ်အနာကိုဖြစ်စေရာတွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ကြောင်း သက်သေပြခဲ့သည်။၎င်းတို့သည် စိတ်ဖိအား၊ စပ်သောအစားအစာများ နှင့် အစာခြေအက်ဆစ်တို့ကသာ အစာအိမ်အနာကို အဓိကဖြစ်စေသည်ဟူသော ဆေးပညာရပ်တွင် ဆယ်စုနှစ်ကျော်ကြာ လက်ကိုင်စွဲထားသည့် အယူဝါဒကို စိန်ခေါ်ခဲ့သည်။၎င်းတွေ့ရှိမှုက ဟီလစ်ကိုဘတ်တာ ပိုင်လော်ရွိုင် နှင့် အစာအိမ်ကင်ဆာတို့၏ ဆက်နွယ်နေမှုကို သိရှိစေခဲ့သည်။[၃][၄][၅]

ပညာရေးနှင့်အစောပိုင်းဘဝ[ပြင်ဆင်ရန်]

မာရှယ်ကို ဩစတြေးလျအနောက်ပိုင်း၊ ကယ်ဂိုအော်လီ တွင်မွေးဖွားခဲ့ပြီး အသက်ရှစ်နှစ်တွင် ပါ့သ် သို့မပြောင်းမချင်း Kalgoorlie နှင့် ကာနာဗွန် တွင်နေထိုင်သည်။ သူ့အဖေသည် အလုပ်အမျိုးမျိုးကိုလုပ်ခဲ့ပြီး သူ့အမေသည် သူနာပြုတစ်ယောက်ဖြစ်သည်။ သူသည် မောင်နှမလေးယောက်အနက် အကြီးဆုံးဖြစ်သည်။ သူသည် Newmanကောလိပ် တွင် တက်ရောက်ခဲ့ပြီး အနောက်ဩစတြေးလျတက္ကသိုလ်ဆေးကျောင်းတွင် ဆေးပညာဘွဲ့(MBBS) ကို ၁၉၇၄ခုနှစ်တွင် ရရှိခဲ့သည်။၁၉၇၂ ခုနှစ်တွင်သူ၏ဇနီး Adrienne နှင့်လက်ထပ်ခဲ့ပြီး သားသမီးလေးယောက်ထွန်းကားခဲ့သည်။ [၆]

အလုပ်အကိုင် နှင့် သုတေသန[ပြင်ဆင်ရန်]

၁၉၇၉တွင် မာရှယ်သည် တော်ဝင်ပါ့သ်ဆေးရုံတွင် ဆေးပညာရပ်ဆိုင်ရာ မော်ကွန်းထိန်းအဖြစ် ခန့်အပ်ခြင်းခံရသည်။၁၉၈၁ခုနှစ်တွင် တော်ဝင်ပါ့သ်ဆေးရုံတွင်ပြုလုပ်သော ဆေးပညာသင်တန်းတစ်ခုတွင် ရော်ဘင်ဝါရန်နှင့် သိကျွမ်းခဲ့သည်။၎င်းတို့သည် အစာအိမ်ရောင်ရောဂါနှင့် တွဲ၍ တွေ့ရှိသော ကြောင်လိမ်လှေကားပုံ ဘက်တီးရီးယားတစ်မျိုးကို အတူလေ့လာခဲ့သည်။၁၉၈၂တွင် ၎င်းတို့သည် အိတ်ချ် ပိုင်လောရွိုင်ကို စတင်မွေးမြူခဲ့ပြီး အစာအိမ်အနာ၊အစာအိမ်ကင်ဆာတို့သည် ဘက်တီးရီးယားများကြောင့် ဖြစ်သည်ဟူသော အယူအဆကို ဖော်ထုတ်ခဲ့သည်။[၇] အစာအိမ်ရှိ အက်ဆစ်ပတ်ဝန်းကျင်တွင် ဘက်တီးရီးယားရှင်သန်ပေါက်ဖွားနိုင်မှုကို မယုံကြည်ကြသော သိပ္ပံပညာရှင်များနှင့် ဆရာဝန်များက ထို အိတ်ချ် ပိုင်လောရွိုင် သီအိုရီကို ပြက်ရယ်ပြုခဲ့ကြသည်။၁၉၉၈တွင် မာရှယ်သည် "အားလုံးက ငါ့ကိုဆန့်ကျင်ခဲ့ကြပေမယ့် ငါမှန်တယ်ဆိုတာ ငါသိပါတယ်"ဟု ဆိုခဲ့သည်။[၈]တစ်ဖက်တွင်လည်း ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များက အိတ်ချ် ပိုင်လော်ရွိုင် အယူအဆသည် သက်သေမပြနိုင်မချင်း သိပ္ပံနည်းကျအယူအဆ မဟုတ်ကြောင်း ငြင်းဆန်ခဲ့ကြသည်။ [၉]

၁၉၈၂တွင် မာရှယ်နှင့် ဝါရန်တို့ တစ်နှစ်တာ သုတေသနပြုလုပ်ရန် ရန်ပုံငွေရရှိခဲ့သည်။ စမ်းသပ်နမူနာ ၁၀၀တွင် ပထမအခု ၃၀သည် ၎င်းတို့၏ အယူအဆနှင့် ကိုက်ညီမှုရှိကြောင်း မပြနိုင်ခဲ့ပေ။ သို့သော် ထိုစမ်းသပ်ပိုးမွေးထားသောခွက်များကို ဓာတ်ခွဲခန်းပညာရှင်များက ၂ရက်ကြာလျှင် လွှတ်ပစ်ခဲ့သောကြောင့်ဖြစ်ကြောင်းတွေ့ရှိရသည်။ ပါးစပ်ထဲရှိ အခြားသော ပိုးမွှားများက ၂ရက်အကြာတွင် လည်ချောင်းမှနမူနာယူသော ပိုးမွေးခွက်ကို သုံးမရတော့စေခြင်းကြောင့် ထိုသို့လွှတ်ပစ်ခြင်းမှာ ပုံမှန်လုပ်ထုံးလုပ်နည်းပင်ဖြစ်သည်။ ၃၁ခုမြောက် စမ်းသပ်နမူနာတွင်မူ ဓာတ်ခွဲခန်းပညာရှင်များသည် ဆေးရုံတွင် အခြားအလုပ်များလုပ်နေရသောကြောင့် ၂ရက်မြောက်နေ့တွင် မလွှတ်ပစ်မိဘဲ ထိုစမ်းသပ်နမူနာမှာ ကြာသပတေးနေ့မှ တနင်္လာနေ့အထိကြာမြင့်စွာ ရှိနေခဲ့သည်။၎င်းနမူနာတွင်မူ အိတ်ချ် ပိုင်လော်ရွိုင် ပေါက်ဖွားနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် အိတ်ချ် ပိုင်လောရွိုင်သည် ၂ရက်ထက်ပို၍ ကြာမြင့်မှသာ ပေါက်ဖွားကြောင်း ၊ အစာအိမ်မှ နမူနာယူထားသော ပိုးမွေးမြူခွက်တွင် အခြားပိုးမွှားများ မပေါက်ဖွားနိုင်ကြောင်း သိရှိခဲ့ရသည်။.[၁၀]

၁၉၈၃တွင် ၎င်းတို့၏ တွေ့ရှိချက်များကို ဩစတြေးလျ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပညာရပ်အဖွဲ့အစည်းကို စာတမ်းတင်ပြသော်လည်း ဝေဖန်ဆန်းစစ်သူများက ၎င်းတို့စာတမ်းကို ငြင်းပယ်ကာ ၁၉၈၃ထုတ်စာတမ်းများ၏ အဆင့်အနိမ့်ဆုံးစာတမ်း ၁၀ရာခိုင်နှုန်းအတွင်းသာ သတ်မှတ်ခဲ့သည်။[၁၀]

၁၉၈၄တွင် ဝက်ပေါက်များ၏ ခန္တာကိုယ်အတွင်း ပိုးမွေးမြူရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သောအခါ မာရှယ်သည် နှစ်အတန်ကြာလျှင် အစာအိမ်အနာဖြစ်နိုင်မည်ဟု ခန့်မှန်းကာ အစာအိမ်မှန်ပြောင်းတစ်ကြိမ်ကြည့်၍ အိတ်ချ် ပိုင်လော်ရွိုင်မွေးမြူထားသော အရည်ကို သောက်ခဲ့သည်။.[၁၁]သို့သော် သုံးရက်အကြာတွင် အံ့အားသင့်ဖွယ်ကောင်းစွာပင် ပျို့အန်ချင်သော လက္ခဏာများပြလာပြီး ၎င်း၏ ခံတွင်းမှလည်း အစာအိမ်အတွင်း ရှင်သန်နေသော ဘက်တီးရီးယားများ၏ စွန့်ပစ်ပစ္စည်းများကြောင့် အနံ့ဆိုးများထွက်လာသည်ကို သူ၏မိခင်က သတိထားမိလာသည်။၅ရက်မှ ၈ရက်အတွင်းတွင် အက်ဆစ်မပါသော အန်ခြင်းဖြစ်ပေါ်လာသည်။၈ရက်မြောက်နေ့တွင် အစာအိမ်မှန်ပြောင်းထပ်မံကြည့်ကြည့်သောအခါ အစာအိမ်ရောင်နေသည်ကိုတွေ့ရပြီး အစာအိမ်အသားစနမူနာနှင့် ပိုးမွေးကြည့်သောအခါ အစာအိမ်အတွင်း အိတ်ချ် ပိုင်လော်ရွိုင်ပေါက်ဖွားနေသည်ကို တွေ့ရသည်။ ပိုးမွေးမြူထားသောအရည်ကိုသောက်ပြီး ၁၄ရက်မြောက်နေ့တွင် တတိယတစ်ခါ အစာအိမ်မှန်ပြောင်းကြည့်ပြီးနောက် ပဋိဇီဝဆေးများကိုသောက်သုံးခဲ့သည်။[၁၂]မာရှယ်၏ ခန္တာကိုယ်မှ ပိုးကိုတိုက်ထုတ်သော ပဋိပစ္စည်းများ ထွက်ရှိသည်ကိုမတွေ့ရှိရသောကြောင့် အစောပိုင်းခုခံအားစနစ်က ရောဂါပိုးကို တခါတရံ တိုက်ထုတ်နိုင်ကြောင်းတွေ့ရသည်။ လူနာဆီမှ နမူနာယူ ပိုးမွေးမြူခြင်းအပေါ်အခြေခံ၍ မာရှယ် နေမကောင်းဖြစ်ခဲ့ခြင်းနှင့် ပြန်လည်သက်သာလာခြင်းသည် အိတ်ချ် ပိုင်လော်ရွိုင်နှင့် အစာအိမ်ရောင်ခြင်းတို့နှင့်ပတ်သတ်၍ ကော့ချ်၏အယူအဆကို အထောက်အပံ့ဖြစ်စေသော်လည်း အစာအိမ်အနာအတွက် အယူအဆကိုမူ အထောက်အပံ့မဖြစ်စေပေ။ဤစမ်းသပ်မှုကို ၁၉၈၅တွင် ဩစတြေးလျ ဆေးပညာဂျာနယ်၌ ဖော်ပြခြင်းခံရသည့်အပြင်[၁၃] ထိုဂျာနယ်တွင် ကိုးကားခြင်းအခံရဆုံး ဆောင်းပါးများတွင်ပါဝင်ခဲ့သည်။[၁၄]

ဖရီမန်တယ်ဆေးရုံတွင် အလုပ်လုပ်ခဲ့ပြီးနောက် မာရှယ်သည် သုတေသနလုပ်ငန်းများကို ၁၉၈၅ မှ ၁၉၈၆ခုနှစ်အထိ တော်ဝင်ပါ့သ်ဆေးရုံတွင်လုပ်ခဲ့ပြီး ၁၉၈၆ခုနှစ်မှ ယနေ့အထိ အမေရိကန်ပြည်ထောင်စုရှိ ဗာဂျီနီးယားတက္ကသိုလ်တွင် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။၁၉၉၈ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ အနောက်ဩစတေးလျတက္ကသိုလ်တွင် ဘားနက်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။[၁၅]မာရှယ်သည် အိတ်ချ် ပိုင်လော်ရွိုင်နှင့် ပတ်သတ်၍ ဆက်လက်သုတေသနပြုလုပ်ဆဲဖြစ်ပြီး အနောက်ဩစတြေးလျတက္ကသိုလ်တွင် အိတ်ချ် ပိုင်လော်ရွိုင်ဆိုင်ရာ သုတေသနဓာတ်ခွဲခန်းတစ်ခုကို ဖွင့်လှစ်ထားသည်။[၁၆]

၂၀၀၇တွင် မာရှယ်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်တွင် အချိန်ပိုင်းလုပ်ကိုင်ရန် သဘောတူခဲ့သည်။[၁၇]

ဆုတံဆိပ် နှင့် ဂုဏ်ပြုမှုများ[ပြင်ဆင်ရန်]

၂၀၀၅ခုနှစ်တွင် စတော့ခ်ဟုမ်းမြို့ရှိ ကာရိုလင်းစကားတက္ကသိုလ်မှ ဘယ်ရီမာရှယ်နှင့် သူ၏လုပ်ဖော်ကိုင်ဖက် ရော်ဘင် ဝါရန်တို့ကို အိတ်ချ် ပိုင်လော်ရွိုင်ဘက်တီးရီးယားကို ရှာဖွေတွေ့ရှိခဲ့ခြင်းနှင့် အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာဖြစ်ခြင်းတို့တွင် ၎င်းတို့နှင့်ဆက်စပ်နေသော အခန်းကဏ္ဍကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ဇီဝကမ္မဗေဒပညာရပ်ဆိုင်ရာ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုကို ချီးမြှင့်ခဲ့သည်။[၁၈]

မာရှယ်သည် ၁၉၉၄တွင် Warren Alpertဆုကိုလည်းကောင်း ၊ ၁၉၉၅တွင် ဩစတြေးလျဆေးပညာအဖွဲ့အစည်းဆု နှင့် ဆေးသုတေသနဆိုင်ရာ အဲလ်ဘတ်လက်စကာဆုကိုလည်းကောင်း ၊ ၁၉၉၆တွင် Gairdner ဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာဆုကိုလည်းကောင်း ၊ ၁၉၉၇တွင် Paul Ehrlich နှင့် Ludwig Darmstaedterဆုကိုလည်းကောင်း ၊၁၉၉၈တွင် ဆေးပညာရပ်ဆိုင်ရာ Dr A.H. Heinekenဆု ၊ Florey ဆုတံဆိပ် နှင့် တော်ဝင်အဖွဲ့အစည်းမှ Buchananဆုတံဆိပ်တို့ကို ရရှိခဲ့သည်။

၁၉၉၉တွင် တော်ဝင်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်အဖြစ်လည်း တင်မြှောက်ခြင်းခံခဲ့ရသည်။

၁၉၉၉တွင်ပင် ဇီဝသိပ္ပံဆိုင်ရာ ဘန်ဂျမင် ဖရန်ကလင်ဆုတံဆိပ်ကိုလည်းရရှိခဲ့ပြီး ၂၀၀၂ခုနှစ်တွင် Keioဆေးသုတေသနဆု နှင့် ၂၀၀၃ခုနှစ်တွင် ဩစတြေးလျ ရာစုနှစ်ဆု နှင့် Macfarlane Burnetဆုတံဆိပ်တို့ကို ရရှိခဲ့သည်။[၁၉][၂၀]

၂၀၀၇တွင် ဩစတြေးလျဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ( Companion of the Order of Australia )ကိုရရှိခဲ့ပြီး[၂၁] ၂၀၀၉တွင် အောက်စဖို့ဒ်တက္ကသိုလ်တွင် ဆေးသိပ္ပံပညာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။[၂၂]

ထို့အပြင် ၂၀၁၅ခုနှစ်တွင် မာရှယ်ကို ဩစတြေးလျ ကျန်းမာရေးနှင့် ဆေးသိပ္ပံအဖွဲ့အစည်း၏ အဖွဲ့ဝင်အဖြစ်လည်း ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။[၂၃]

ဆက်ကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Marshall, Prof. Barry Jamesukwhoswho.comWho's Who2015 (online Oxford University Press ed.)။ A & C Black, an imprint of Bloomsbury Publishing plc။ (အသင်းဝင်ရန် လိုအပ်သည်။) doi:10.1093/ww/9780199540884.013.U26713
  2. U.Va. Top News Daily။ Virginia.edu (4 October 2005)။ 4 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2010 တွင် ပြန်စစ်ပြီး။
  3. Marshall BJ, Warren JR (June 1984). "Unidentified curved bacilli in the stomach of patients with gastritis and peptic ulceration". The Lancet 323 (8390): 1311–5. doi:10.1016/S0140-6736(84)91816-6. PMID 6145023. 
  4. Marshall BJ, Warren JR (June 1984). "Unidentified curved bacilli in the stomach of patients with gastritis and peptic ulceration". The Lancet 323 (8390): 1311–5. doi:10.1016/S0140-6736(84)91816-6. PMID 6145023. 
  5. Sweet၊ Melissa။ "Smug as a bug"၊ The Sydney Morning Herald၊ 2 August 1997။ 28 January 2007 တွင် ပြန်စစ်ပြီး။ Archived from the original on 18 July 2014။ 
  6. In 1972 he was also a state yo-yo champion.
  7. Barry, Marshall (2005). "Autobiography". Nobel Foundation. Archived from the original on 18 February 2007. Retrieved 28 January 2007.
  8. "Barry Marshall Interview, H. Pylori and the Making of a Myth". Academy of Achievement. 23 May 1998. Archived from the original on 24 June 2013. Retrieved 28 January 2007.
  9. Atwood, Kimball C. (November 2004). "Bacteria, Ulcers, and Ostracism?". Skeptical Inquirer. Archived from the original on 17 October 2013. Retrieved 17 July 2007.
  10. ၁၀.၀ ၁၀.၁ Seeing What Others Don't, chapter 4, by Gary Klein
  11. The Doctor Who Drank Infectious Broth, Gave Himself an Ulcer, and Solved a Medical Mystery - DiscoverMagazine.com
  12. This story is related by Marshall in his Nobel acceptance lecture 8 December 2005, available for viewing on the Nobel website. Barry J. Marshall – BiographicalNobelprize.org။ Nobel Media AB။ 1 August 2013 တွင် ပြန်စစ်ပြီး။
  13. "Attempt to fulfil Koch's postulates for pyloric Campylobacter" (1985). Medical Journal of Australia 142 (8): 436–9. doi:10.5694/j.1326-5377.1985.tb113443.x. PMID 3982345. 
  14. "The 2005 Nobel Prize in Physiology or Medicine" (2005). Medical Journal of Australia 183 (11/12): 612–4. 
  15. Professor Barry Marshall။ University of Western Australia (28 July 2006)။ 17 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2007 တွင် ပြန်စစ်ပြီး။
  16. Marshall၊ Barry (26 August 2002)။ Helicobacter pylori Research LaboratoryUniversity of Western Australia။ 28 January 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2007 တွင် ပြန်စစ်ပြီး။ Marshall's home page and various links can also be found there.
  17. Nobel laureate Marshall joins Penn State faculty။ Penn State Live (6 September 2007)။ 25 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2007 တွင် ပြန်စစ်ပြီး။
  18. The Nobel Prize in Physiology or Medicine 2005Nobel Foundation (2005)။ 18 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2007 တွင် ပြန်စစ်ပြီး။
  19. Curriculum VitaeNobel Foundation (2005)။ 14 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2007 တွင် ပြန်စစ်ပြီး။
  20. Macfarlane Burnet Medal and Lecture။ Australian Academy of Science။ 22 February 2017 တွင် ပြန်စစ်ပြီး။
  21. It's an HonourGovernment of Australia (26 January 2007)။ 26 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2007 တွင် ပြန်စစ်ပြီး။
  22. Encaenia 2009University of Oxford (24 June 2009)။ 4 July 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2009 တွင် ပြန်စစ်ပြီး။
  23. Fellowship of the Australian Academy of Health & Medical Sciences - October 2015။ 28 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2018 တွင် ပြန်စစ်ပြီး။