ဘစ်ဘင်နာရီစင်

ဝီကီပီးဒီးယား မှ
ဘစ်ဘင်နာရီစင်ကြီး

ဘစ်ဘင်(Big Ben)နာရီစင်[ပြင်ဆင်ရန်]

ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး နာရီစင်ကြီးမှာ ဘစ်ဘင်(Big Ben)ခေါ် နာရီစင်ကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံလန်ဒန်မြို့တွင် တည်ရှိလေသည်။ ထိုနာရီစင်ကြီး နှစ်ပေါင်းတစ်ရာပြည့်သည့်နေ့တွင် ဗြိတိသျှပါလီမန်၌ နှစ်တစ်ရာ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ပါလီမန်အမတ်များက သုံးမိနစ် မတ်တတ်ရပ်၍ အရိုအသေပြုခဲ့ကြဘူးပေသည်။ ဘစ်ဘင်နာရီကြီးသည် ၁၉၄၂-ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ ဂျာမန်လေတပ်မှ လန်ဒန်မြို့ကို ဗုံးကြဲသဖြင့် တုန်ခါမှုကြောင့် တစ်ကြိမ်သာ စက်ရပ်နားခဲ့ရဘူးလေသည်။ ထိုနာရီကြီးမှာ ယနေ့အထိ လန်ဒန်မြို့သူမြို့သားများအား အချိန်မှန်မှန် အလုပ်အကျွေးပြုနေဆဲပင် ဖြစ်ပေသည်။