ဘင်ဂျမင် နေတန်ယာဟု
ဘင်ဂျမင် နေတန်ယာဟု | |
---|---|
![]() ၂၀၁၉ ခုနှစ်က နေတန်ယာဟုအား တွေ့ရပုံ | |
အတိုက်အခံခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၃ ဇွန် ၂၀၂၁ | |
ဝန်ကြီးချုပ် | နာ့ဖ်တာလီ ဘန်းနက် |
ယခင်လူ | Yair Lapid |
တာဝန်သက်တမ်း ၁၆ ဇန်နဝါရီ ၂၀၀၆ – ၆ ဧပြီ ၂၀၀၉ | |
ဝန်ကြီးချုပ် | အီဟုဒ် အော်မတ် |
ယခင်လူ | Amir Peretz |
ဆက်ခံသူ | Tzipi Livni |
တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၁၉၉၃ – ၁၈ ဇွန် ၁၉၉၆ | |
ဝန်ကြီးချုပ် | ရစ်ဇက် ရာဘင် ရှီမွန် ပဲရစ် |
ယခင်လူ | ရစ်ဇက် ရှာမီး |
ဆက်ခံသူ | ရှီမွန် ပဲရစ် |
၉ ဦးမြောက် အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၃၁ မတ် ၂၀၀၉ – ၁၃ ဇွန် ၂၀၂၁ | |
သမ္မတ | ရှီမွန် ပဲရစ် Reuven Rivlin |
အလှည့်ကျ | Benny Gantz (၂၀၂၀–၂၁) |
ယခင်လူ | အီဟုဒ် အော်မတ် |
ဆက်ခံသူ | နာ့ဖ်တာလီ ဘန်းနက် |
တာဝန်သက်တမ်း ၁၈ ဇွန် ၁၉၉၆ – ၆ ဇူလိုင် ၁၉၉၉ | |
သမ္မတ | Ezer Weizman |
ယခင်လူ | ရှီမွန် ပဲရစ် |
ဆက်ခံသူ | အီဟုဒ် ဘာရက် |
လီကုဒ်ပါတီ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀ ဒီဇင်ဘာ ၂၀၀၅ | |
ယခင်လူ | အေရီရယ် ရှာရွန် |
တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၁၉၉၃ – ၆ ဇူလိုင် ၁၉၉၉ | |
ယခင်လူ | ရစ်ဇက် ရှာမီး |
ဆက်ခံသူ | အေရီရယ် ရှာရွန် |
ဝန်ကြီးအဖြစ်ထမ်းဆောင်မှု | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Tel Aviv အစ္စရေးနိုင်ငံ | ၂၁ အောက်တိုဘာ၊ ၁၉၄၉
နိုင်ငံရေးပါတီ | Likud |
ကြင်ဖော်(များ) |
|
သားသမီး | 3, including Yair Netanyahu |
မိဘ |
|
ဆွေမျိုးသားချင်း |
|
မိခင်ကျောင်း |
|
အလုပ်အကိုင် |
|
အစိုးရအဖွဲ့ | |
လက်မှတ် | ![]() |
ဝက်ဘ်ဆိုဒ် | https://www.netanyahu.org.il/en/, https://www.netanyahu.org.il/ar/, https://www.netanyahu.org.il/ru/ netanyahu.org.il/, https://www.netanyahu.org.il/en/, https://www.netanyahu.org.il/ar/, https://www.netanyahu.org.il/ru/ |
စစ်မှုထမ်းခြင်း | |
နာမည်ပြောင် | Bibi[၁] |
တပ်/တပ်ဖွဲ့ခွဲ | Israel Defense Forces |
အမှုထမ်းကာလ | 1967–1973 |
ရာထူး | Seren (ဗိုလ်ကြီး) |
တပ် | Sayeret Matkal |
တိုက်ပွဲ/စစ်ပွဲများ |
ဘင်ဂျမင် ဘီဘီ နေတန်ယာဟု (/ˌnɛtɑːnˈjɑːhuː/;[၂] တမ်းပလိတ်:Hebrew audio;) (၁၉၄၉ အောက်တိုဘာ ၂၁ ဖွား) သည် အစ္စရေးနိုင်ငံ ၏ ၉ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ၁၉၉၆-၉၉ တွင် တကြိမ်၊ ၂၀၀၉-၂၁ တွင် တခါ၊ ၂ ချီ တာဝန်ထမ်းသည်။ လက်ရှိတွင် လီကွတ်ပါတီ (Likud Party) ၏ ဥက္ကဋ္ဌအဖြစ် အတိုက်အခံပါတီကို ဦးဆောင်နေသည်။ ဝန်ကြီးချုပ်နေရာတွင် ၁၅ နှစ်ကြာနေခဲ့ပြီး အစ္စရေးသမိုင်း၌ သက်တမ်းအရှည်ဆုံး တာဝန်ယူရသော ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သည်။ လွတ်လပ်ရေးရပြီးနောက်မွေးသော အစ္စရေးသားတို့အနက် ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူလည်း ဟူ၏။

နေတန်ယာဟုသည် အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်များတွင် အစ္စရေးနိုင်ငံ ထူထောင်ပြီးမှ အစ္စရေးမြေပေါ်တွင် မွေးဖွားသူများမှ ပထမဆုံး နှင့် တစ်ဦးတည်းသော ဝန်ကြီးချုပ်ဖြစ်သည်။ နေတန်ယာဟုသည် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဆာရီယတ် မတ်ကယ် အထူးတပ်ဖွဲ့တွင် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂစ်ဖ် စစ်ဆင်ရေး (Operation Gift) နှင့် ၁၉၇၂ ဆာဘီးနား လေယာဉ် ပြန်ပေးဆွဲမှု ကယ်ဆယ်ခြင်း အပါအဝင် စစ်ဆင်ရေး အမြောက်အမြားတွင် ပါဝင်ခဲ့သည်။ ၁၉၇၃ ခုနှစ် ယွမ်ကီပူ စစ်ပွဲတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့ပြီး သေလုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်မှ မထွက်မီတွင် ဗိုလ်ကြီး ရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။ နာတာညာဟူးသည် ကမ္ဘာ့ကုလသမဂ္ဂတွင် ၁၉၈၄ မှ ၁၉၈၈ အထိ အစ္စရေး သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လီကွတ်ပါတီ အဖွဲ့ဝင်အဖြစ်မှ ဝန်ကြီးချုပ် အဖြစ် ၁၉၉၆ မှ ၁၉၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
အစိုးရ ကန်ထရိုက်တာများထံမှ လက်ဆောင်ရယူ လာဘ်စားမှု အရှုပ်တော်ပုံ အပြီးတွင် နိုင်ငံရေး လောကမှ အနားယူခဲ့သည်။ သို့သော် ၂၀၀၂ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် အေရီယယ် ရှာရွန်၏ အစိုးရတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၂၀၀၂ မှ ၂၀၀၃ အထိ၊ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၂၀၀၃ မှ ၂၀၀၅ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း ဂါဇာကမ်းမြှောင်မှ အစ္စရေးနိုင်ငံသားများကို အတင်းအကြပ် ပြောင်းရွှေ့စေမှုကို မကျေနပ်သောကြောင့် အစိုးရ အဖွဲ့မှ နုတ်ထွက်ခဲ့သည်။ သူသည် ၂၀၀၅ ခု၊ ဒီဇင်ဘာ ၂၀ ၌ လီကွတ်ပါတီ၏ ခေါင်းဆောင်နေရာတွင် ပြန်လည် ဝင်ရောက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင် လီကွတ်ပါတီမှ အောင်မြင်မှု မရခဲ့ပဲ အမတ် ၁၂ နေရာသာ အနိုင်ရခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာတွင် နေတန်ယာဟုသည် အစ္စရေးလွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး လီကွတ် ပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် မိုရှေး ဖေဂလင်ကို အနိုင်ရပြီး ပါတီခေါင်းဆောင် နေရာကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် ပါလီမန် ရွေးကောက်ပွဲတွင် လီကွတ်ပါတီမှ ဒုတိယနေရာ ရခဲ့ပြီး လက်ယာပါတီမှ အများဆုံး အနိုင်ရခဲ့သည်။ နေတန်ယာဟုသည် ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့သည်။ သူသည် အင်တက်ဘီ စစ်ဆင်ရေးတွင် ကျဆုံးခဲ့သော အစ္စရေး အထူးတပ်ဖွဲ့ ခေါင်းဆောင် ဂျိုနသန် နေတန်ယာဟုနှင့် ပြဇာတ်ရေးဆရာ အီဒို နေတန်ယာဟုတို့နှင့် ညီအစ်ကို တော်စပ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Benjamin Netanyahu (in en-us)။ 13 November 2019 တွင် ပြန်စစ်ပြီး။
- ↑ Netanyahu (in en-us)။ ၁၉ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။