ဘက်ဂနက်ကန်

ဝီကီပီးဒီးယား မှ
ဘက်ဂနက်ကန်
बेगनास ताल
Begnas Lake
Location of Begnas Lake in Nepal.
Location of Begnas Lake in Nepal.
ဘက်ဂနက်ကန်
တည်နေရာKaski, Nepal
ကိုဩဒိနိတ်28°10′26.2″N 84°05′50.4″E / 28.173944°N 84.097333°E / 28.173944; 84.097333ကိုဩဒိနိတ်: 28°10′26.2″N 84°05′50.4″E / 28.173944°N 84.097333°E / 28.173944; 84.097333
ရေအိုင်အမျိုးအစားNatural Freshwater[၁]
ပင်မ ရေဝင်စီးကြောင်းSyankhudi & Talbesi[၁]
ပင်မ ရေထွက်စီးကြောင်းKhudi Khola[၁]
ရေစုဝေးရာ နေရာ၄၉ km2 (၁၉ sq mi)[၂][၃]
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများNepal
မျက်နှာပြင် ဧရိယာ၃.၂၈ km2 (၁.၃ sq mi)[၃]
ပျမ်းမျှအနက်၆.၆ m (၂၂ ft)[၃]
အနက်ဆုံး အနက်အရှိုင်း၁၀ m (၃၃ ft)[၃]
ရေထုထည်၀.၀၂၉၀၅ km3 (၀.၀၀၆၉၇ cu mi)[၃]
ပင်လယ်ရေ မျက်နှာပြင်အမြင့်၆၅၀ m (၂,၁၃၃ ft)[၃]

ဘက်ဂနက်ကန်သည် နီပေါနိုင်ငံ၊ ကတ်စ်ကီ (Kaski) ခရိုင် ပိုခါရာလက်ခ်နက်မြို့တွင် တည်ရှိသည့် ကြည်လင်သည့်ရေကန်တစ်ခု ဖြစ်သည်။[၄] ပိုခါရာလွင်ပြင်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။[၁][၃] နီပေါနိုင်ငံ၏ တတိယမြောက်အကြီးဆုံးကန် ဖြစ်သည်။ ဒုတိယအကြီးဆုံးကန်မှာ ဖီဝကန် ဖြစ်သည်။ ပိုခါရာလွင်ပြင်၌ ရေကန်ပေါင်း ရှစ်ကန်ရှိသည်။ ဆည်မြောင်းသွယ်ခြင်း၊ ကန်ရေကိုအသုံးချမှုရှိခြင်း၊ မိုးရွာသွားခြင်း စသည်တို့အပေါ်မူတည်၍ ကန်ရေ၏ ရေမျက်နှာပြင်သည် အတက်အကျရှိသည်။ ကန်ရေအမြင့်ကို ထိန်းချုပ်နိုင်သည့် တမံတစ်ခုကို ၁၉၈၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အနောက်ဘက်ရှိ ရေထွက်သည့်ချောင်းဖြစ်သည့် ခုဒိခိုလာ (Khudi Khola) ချောင်းတွင် ဤတမံကို တည်ဆောက်ခဲ့သည်။[၂][၅]

ကန်၏ စီးပွားရေးဆိုင်ရာ[ပြင်ဆင်ရန်]

ဘက်ဂနက်ကန်၏ ငါးဖမ်းလုပ်ငန်းခွင်တစ်ခု

ဘက်ဂနက်ကန်ဧရိယာတွင် အပန်းဖြေနားနေသည့်နေရာများစွာ တည်ရှိသည်။ ပိုခါရာသို့လာရောက်လည်ပတ်သူများအကြားတွင် ထင်ရှားသည့် နေရာတစ်ခုလည်း ဖြစ်သည်။[၆] ကန်၏ ရေကို ဆည်ရေပေးဝေရာတွင် အသုံးပြုပြီး အချို့အပိုင်းများတွင်မူ လှောင်အိမ်ကို အသုံးပြု၍ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။[၅] ဘက်ဂနက်ကန်ဧရိယာ ပတ်ဝန်းကျင်တွင် စိမ့်မြေများစွာ တည်ရှိသည်။ ၎င်းစိမ့်မြေနေရာများကို လယ်ကွင်းများအဖြစ်သို့ ပြောင်းလဲခဲ့သည်။[၇] အန်နာပူရနှင့် မာနာဆလူတောင်တန်းများကို ဘက်ဂနက်ရေကန်မှ ရှင်းလင်းပြတ်သွားစွာ မြင်နိုင်သည်။

အခြားနေရာများ[ပြင်ဆင်ရန်]

ရူပကန်

Begnas Yoga & Retreat

Rupa-Begnas view Tower

Pachhabhiya Deurali Temple

Majhikuna

Sundari Danda

Gorakhnath Temple

International Zoological park of Pokhara

Begnas Highest Cote

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Oli၊ Krishna Prasad (1997)။ A local level conservation strategy for Begnas and Rupa lake watershed area။ Kathmandu, Nepal: International Union for Conservation of Nature and Natural Resources, Nepal. Rāshṭriya Yojanā Āyoga, Nepal National Conservation Strategy Implementation Programme။
  2. ၂.၀ ၂.၁ National Lake Conservation Development Committee (2010)။ Conservation of Begnas Lake, Nepal: A Case of Conflict to Collective Action in Resource Sharing (Multiple Water Use) (PDF)။ Shiga University, Japan: Outline of Lake Basin Governance Research Promotion Activities, 2008-2010။ 14 February 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး12 December 2020 တွင် ပြန်စစ်ပြီး
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ Rai, Ash Kumar (2000). "Limnological characteristics of subtropical Lakes Phewa, Begnas, and Rupa in Pokhara Valley, Nepal". Limnology 1 (1): 33–46. doi:10.1007/s102010070027. 
  4. Seven Vanishing Lakes of Lekhnath။ Ekantipur.com (2 April 2010)။ 27 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2014 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ D. B, Swar (1988). "Introduction and cage culture of exotic carps and their impact on fish harvested in Lake Begnas, Nepal". Hydrobiologia 166 (3): 277–283. doi:10.1007/BF00008137. ISSN 1573-5117. 
  6. Kawamura၊ Masahiro (June 2011)။ One Village One Product agrotourism promotion: Perceptions of visitors to Begnas area။ JICA။ 2015-04-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. Wagle, Suresh Kumar (July–September 2007). "Cage fish culture and fisheries for food security and livelihoods in mid hill lakes of Pokhara Valley, Nepal: Post community based management adoption". Aquaculture Asia 12 (3): 21–29. ISSN 0859-600X.