မာတိကာသို့ ခုန်သွားရန်

ဘက်ဂနက်ကန်

ဝီကီပီးဒီးယား မှ
ဘက်ဂနက်ကန်
बेगनास ताल
Begnas Lake
Location of Begnas Lake in Nepal.
Location of Begnas Lake in Nepal.
ဘက်ဂနက်ကန်
တည်နေရာKaski, Nepal
ကိုဩဒိနိတ်28°10′26.2″N 84°05′50.4″E / 28.173944°N 84.097333°E / 28.173944; 84.097333ကိုဩဒိနိတ်: 28°10′26.2″N 84°05′50.4″E / 28.173944°N 84.097333°E / 28.173944; 84.097333
ရေအိုင်အမျိုးအစားNatural Freshwater[]
ပင်မ ရေဝင်စီးကြောင်းSyankhudi & Talbesi[]
ပင်မ ရေထွက်စီးကြောင်းKhudi Khola[]
ရေစုဝေးရာ နေရာ၄၉ km2 (၁၉ sq mi)[][]
ရေဝေကြောရှိရာ နိုင်ငံများNepal
မျက်နှာပြင် ဧရိယာ၃.၂၈ km2 (၁.၃ sq mi)[]
ပျမ်းမျှအနက်၆.၆ m (၂၂ ft)[]
အနက်ဆုံး အနက်အရှိုင်း၁၀ m (၃၃ ft)[]
ရေထုထည်၀.၀၂၉၀၅ km3 (၀.၀၀၆၉၇ cu mi)[]
ပင်လယ်ရေ မျက်နှာပြင်အမြင့်၆၅၀ m (၂,၁၃၃ ft)[]

ဘက်ဂနက်ကန်သည် နီပေါနိုင်ငံ၊ ကတ်စ်ကီ (Kaski) ခရိုင် ပိုခါရာလက်ခ်နက်မြို့တွင် တည်ရှိသည့် ကြည်လင်သည့်ရေကန်တစ်ခု ဖြစ်သည်။[] ပိုခါရာလွင်ပြင်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။[][] နီပေါနိုင်ငံ၏ တတိယမြောက်အကြီးဆုံးကန် ဖြစ်သည်။ ဒုတိယအကြီးဆုံးကန်မှာ ဖီဝကန် ဖြစ်သည်။ ပိုခါရာလွင်ပြင်၌ ရေကန်ပေါင်း ရှစ်ကန်ရှိသည်။ ဆည်မြောင်းသွယ်ခြင်း၊ ကန်ရေကိုအသုံးချမှုရှိခြင်း၊ မိုးရွာသွားခြင်း စသည်တို့အပေါ်မူတည်၍ ကန်ရေ၏ ရေမျက်နှာပြင်သည် အတက်အကျရှိသည်။ ကန်ရေအမြင့်ကို ထိန်းချုပ်နိုင်သည့် တမံတစ်ခုကို ၁၉၈၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အနောက်ဘက်ရှိ ရေထွက်သည့်ချောင်းဖြစ်သည့် ခုဒိခိုလာ (Khudi Khola) ချောင်းတွင် ဤတမံကို တည်ဆောက်ခဲ့သည်။[][]

ကန်၏ စီးပွားရေးဆိုင်ရာ

[ပြင်ဆင်ရန်]
ဘက်ဂနက်ကန်၏ ငါးဖမ်းလုပ်ငန်းခွင်တစ်ခု

ဘက်ဂနက်ကန်ဧရိယာတွင် အပန်းဖြေနားနေသည့်နေရာများစွာ တည်ရှိသည်။ ပိုခါရာသို့လာရောက်လည်ပတ်သူများအကြားတွင် ထင်ရှားသည့် နေရာတစ်ခုလည်း ဖြစ်သည်။[] ကန်၏ ရေကို ဆည်ရေပေးဝေရာတွင် အသုံးပြုပြီး အချို့အပိုင်းများတွင်မူ လှောင်အိမ်ကို အသုံးပြု၍ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။[] ဘက်ဂနက်ကန်ဧရိယာ ပတ်ဝန်းကျင်တွင် စိမ့်မြေများစွာ တည်ရှိသည်။ ၎င်းစိမ့်မြေနေရာများကို လယ်ကွင်းများအဖြစ်သို့ ပြောင်းလဲခဲ့သည်။[] အန်နာပူရနှင့် မာနာဆလူတောင်တန်းများကို ဘက်ဂနက်ရေကန်မှ ရှင်းလင်းပြတ်သွားစွာ မြင်နိုင်သည်။

အခြားနေရာများ

[ပြင်ဆင်ရန်]

ရူပကန်

Begnas Yoga & Retreat

Rupa-Begnas view Tower

Pachhabhiya Deurali Temple

Majhikuna

Sundari Danda

Gorakhnath Temple

International Zoological park of Pokhara

Begnas Highest Cote

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 Oli၊ Krishna Prasad (1997)။ A local level conservation strategy for Begnas and Rupa lake watershed area။ Kathmandu, Nepal: International Union for Conservation of Nature and Natural Resources, Nepal. Rāshṭriya Yojanā Āyoga, Nepal National Conservation Strategy Implementation Programme။
  2. 1 2 National Lake Conservation Development Committee (2010)။ Conservation of Begnas Lake, Nepal: A Case of Conflict to Collective Action in Resource Sharing (Multiple Water Use) (PDF)။ Shiga University, Japan: Outline of Lake Basin Governance Research Promotion Activities, 2008-2010။ 14 February 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး12 December 2020 တွင် ပြန်စစ်ပြီး
  3. 1 2 3 4 5 6 7 Rai, Ash Kumar (2000). "Limnological characteristics of subtropical Lakes Phewa, Begnas, and Rupa in Pokhara Valley, Nepal". Limnology 1 (1): 33–46. doi:10.1007/s102010070027.
  4. Seven Vanishing Lakes of Lekhnath Ekantipur.com (2 April 2010)။ 27 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2014 တွင် ပြန်စစ်ပြီး။
  5. 1 2 D. B, Swar (1988). "Introduction and cage culture of exotic carps and their impact on fish harvested in Lake Begnas, Nepal". Hydrobiologia 166 (3): 277–283. doi:10.1007/BF00008137. ISSN 1573-5117.
  6. Kawamura၊ Masahiro (June 2011)။ One Village One Product agrotourism promotion: Perceptions of visitors to Begnas area JICA။ 2015-04-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. Wagle, Suresh Kumar (July–September 2007). "Cage fish culture and fisheries for food security and livelihoods in mid hill lakes of Pokhara Valley, Nepal: Post community based management adoption". Aquaculture Asia 12 (3): 21–29. ISSN 0859-600X.