ရူပကန်

ဝီကီပီးဒီးယား မှ
ရူပကန်
रुपा ताल
Rupa Tal
View of Rupa lake and Paddy fields.
Location of Rupa Lake in Nepal.
Location of Rupa Lake in Nepal.
ရူပကန်
တည်နေရာKaski
ကိုဩဒိနိတ်28°8′55″N 84°6′40″E / 28.14861°N 84.11111°E / 28.14861; 84.11111ကိုဩဒိနိတ်: 28°8′55″N 84°6′40″E / 28.14861°N 84.11111°E / 28.14861; 84.11111
ရေအိုင်အမျိုးအစားFreshwater
ပင်မ ရေဝင်စီးကြောင်းTalbesi stream & Dhovan khola
ပင်မ ရေထွက်စီးကြောင်းTal Khola
ရေစုဝေးရာ နေရာ၃၀ km2 (၁၂ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများNepal
မျက်နှာပြင် ဧရိယာ၁.၃၅ km2 (၀.၅ sq mi)
ပျမ်းမျှအနက်၃ m (၁၀ ft)
အနက်ဆုံး အနက်အရှိုင်း၆ m (၂၀ ft)
ရေထုထည်၀.၀၀၃၂၅ km3 (၀.၀၀၀၇၈ cu mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၆၀၀ m (၂,၀၀၀ ft)
အနီးရှိမြို့များLekhnath

ရူပကန် သို့မဟုတ် ရူပတယ် သည် နီပေါနိုင်ငံ၊ ကတ်စ်ကီခရိုင်၊ ရူပမြို့တွင် တည်ရှိသည့် သန့်ရှင်းကြည်လင်သည့် ရေကန်တစ်ခု ဖြစ်သည်။[၁] နီပေါနိုင်ငံရှိ ပိုခါရာလွင်ပြင်ရှိ ကန်များထဲတွင် တတိယမြောက်အကြီးဆုံးကန် ဖြစ်သည်။ ရေအနက်သည် ၆၀၀ မီတာ (၁၉၆၉ ပေ) နက်ပြီး ဧရိယာမှာ ၁.၃၅ စတုရန်းကီလိုမီတာခန့် (၀.၅ စတုရန်းမိုင်ခန့်) ကျယ်ဝန်းသည်။[၂] ပျမ်းမျှရေအနက်သည် ၃ မီတာရှိ၍ အမြင့်ဆုံး ရေအနက်သည် ၆ ရှိသည်။[၃] ကန်သည် မြောက်မှ တောင်သို့ ရှည်လျားစွာ တည်ရှိနေပြီး တစ်ပတ်လုံးစီးဆင်းလျက်ရှိသည့် ချောင်းများမှ ရေများသည်ကန်အတွင်းသို့ စီးဝင်လျက်ရှိသည်။ ရေဝေကုန်းတန်းဧရိယာသည် ၃၀ စတုရန်းကီလိုမီတာရှိသည်။[၄] ကန်ထဲသို့ အဓိကစီးဝင်သည့် ချောင်းမှာ Talbesi ချောင်းဖြစ်သည်။[၅] ဤကန်တွင် သစ်ပင်နှင့် ဇီဝမျိုးစိတ်များစွာသည် ရှင်သန်လျက်ရှိသည်။ ရေငှက်များသည် စုစုပေါင်း ၃၆ မျိုးနေထိုင်လျက်ရှိသည်။ နီပေါနိုင်ငံတွင် တွေ့ရသည့် စိမ့်မြေအရပ်တွင် ရှင်သန်နေထိုင်ကြသည့် ငှက်ပေါင်း ၁၉၃ မျိုးတို့မှ ၁၉ ရာခိုင်နှုန်းသည် ဤကန်တွင် နေထိုင်ကြသည်။[၆]

Cage Culture in Rupa Lake

စီးပွားရေးဆိုင်ရာ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Seven Vanishing Lakes of Lekhnath။ Ekantipur.com (2 April 2010)။ 27 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2014 တွင် ပြန်စစ်ပြီး။
  2. Rai, Ash Kumar (2000). "Evaluation of natural food for planktivorous ?sh in Lakes Phewa, Begnas, and Rupa in Pokhara Valley, Nepal". Limnology 1 (2): 81–89. doi:10.1007/s102010070014. 
  3. Shrestha, Madhav K. (2002). "Cold water fisheries in the trans-Himalayan countries". FAO Fisheries Technical Paper 431. FAO, United Nations. ISSN 0429-9345. 
  4. Pradhan, N.. "Valuing Water and its Ecological Services in Rural Landscapes: A Case Study from Nepal".  Archived 4 February 2018 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 4 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 December 2020 တွင် ပြန်စစ်ပြီး။
  5. Udas, E. "Strengthening Community Based Conservation Approach For Sustainable Management of Rupa Lake Ecosystem". [လင့်ခ်သေ]
  6. Kafle, G.. "Status of and threats to waterbirds of Rupa lake, Pokhara, Nepal".  Archived 4 February 2018 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 4 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 December 2020 တွင် ပြန်စစ်ပြီး။