ဗျူးပွိုင့်ကမ်းခြေအပန်းဖြေစခန်း(စစ်တွေ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဗျုးပွိုင့်ကမ်းခြေသည် စစ်တွေမြို့၏ တောင်ဘက်အစွန်းဆုံးတွင်ရှိပြီး ထိုဒေသတွင် ပွိုင့်ကမ်းခြေဟုလည်းလူသိများသည်။ ပွိုင့်ဟုခေါ်ဆိုရခြင်းမှာ မြို့၏အစွန်ဆုံးအပိုင်းတွင် ရှိသောကြောင့် ဖြစ်သည်။ ထိုကမ်းခြေတွင် စားသောက်ဆိုင်တစ်ဆိုင်ရှိပြီး ၁၈ပေနီးပါးမြင့်သော ကြည့်မျှော်စင်တစ်ခုရှိသည်။ ထိုစခန်းတွင် သဲသောင်ပြင်သို့မဆင်းမီ အဆိုပါစားသောက်ဆိုင်၊ ကြည့်မျှော်စင်တို့နှင့် ဆက်စက်လျက် ရင်ပြင်တစ်ခုရှိပြီး ထိုရင်ပြင်တွင် ၅ပေခန့်ရှည်သောရှေးဟောင်းအမြောက်တစ်ခုရှိသည်။ ထိုရင်ပြင်၏အစွန်သည် တောင်ဘက်စွန်းစွန်းသို့ ဦးတည်လျက်ရှိပြီး ထိုတည့်တည့်တွင် လေးချမ်းတောင် ဟုခေါ်သော မီးပြတိုက်ဟောင်းတစ်တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]