ဗေရကရုမြို့

ဝီကီပီးဒီးယား မှ
အလံတော်
အမှတ်အသား

ဗေရကရုမြို့(Veracruz)သည် မက္ကဆီကိုနိုင်ငံ၏ အကြီးဆုံးသော သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သည်။ မက္ကဆီကိုပင်လယ်ကွေ့ကမ်းရိုးတန်း မြေနုသော အနိုမ့်ပိုင်းတွင် မြို့တည်ထားသည်။ မက္ကဆီကိုနိုင်ငံ၏ မြို့တော် မက္ကဆီကိုစီတီးမှ မီးရထားလမ်းအားဖြင့် အရှေ့ဘက် ၂၆၄ မိုင်ကွာခန့်တွင် တည်ရှိ၍ မက္ကဆီကို နိုင်ငံအရပ်ရပ်နှင့်လည်း မီးရထားလမ်းများဖြင့် ဆက်သွယ်ထားသည်။ ရာသီဥတုမှာ ပူနွေးစိုစွတ်ထိုင်းမှိုင်းလေသည်။

မက္ကဆီကိုနိုင်ငံကို ပထမဆုံး လာရောက်တိုက်ခို က် သိမ်းပိုက်ခဲ့သော စပိန်လူမျိုး ဟာနန်ဒိုဘောတတ် ၁၅၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သော မူလ ဗေရကရုမြို့သည် ယခုမြို့တည်ရာ၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။ ယင်းနေရာသည် အရပ်အနေ မကောင်းသဖြင့် ယခုနေရာသို့ ၁၆၀၉ ခုနှစ်တွင် မြို့ရွှေ့ပြောင်းခဲ့ရသည်။ ထိုနေရာတွင် ကျွန်းကလေးများနှင့် သန္တာကျောက်တန်းများရှိ၍ သင်္ဘောများ ခိုလှုံဆိုက်ကပ်နိုင်သော ဆိပကမ်းကောင်း ပြုလုပ်နိုင်သည်။ သို့တိုင်အောင် မြို့တည်ပြီးစက၊ မြေနို မြေနိမ့် ဒေသဖြစ်၍၎င်း၊ သောင်များရှိသဖြင့်၎င်း၊ မြောက်ဘက်မှ လေမုန်တိုင်းများအတွက် အကာအကွယ် မရှိသေး၍၎င်း၊ ပင်လယ်ဓားပြတို့၏ ရန်ကို ကြောက် နေရသဖြင့်၎င်း အခက်အခဲတွေ့ကြုံရလေသည်။ သို့သော်နိုင်ငံအတွက်ဖက်နှင့် ဆက်သွယ်နိုင်သော အချက်အချာနေရာ၊ ကုန်သွယ်ရေ:အချက်အချာ နေရာတွင် တည်ရှိနေသဖြင့် ပီယားဆင်အမည်ရှိ အင်္ဂလိပ်ကုမ္ပဏီတစ်ခုအား ဗေရကရုမြို့ကို ပြင်ဆင် ပြုပြင်စေခဲ့သည်။

ဂျမပမြစ်

ထိုကုမ္ပဏီသည် သင်္ဘောများ ဘေးကင်းစွာ ခိုလှုံဆိုက်ကပ်နိုင်ရန်နှင့် ကုန်စည်များသိုလှောက်နိုင်ရန် ဆိပ်ကမ်းကို ပြုပြင်ပြေးခြင်း၊ မြို့သန့်ရှင်းရေ:နှင့် သုံးသောက်ရန် ရေသွယ်ယူရေးလုပ်ငန်းများကို ခေတ်မီသော စံနစ်များဖြင့် ပြုပြင်ခြင်းတို့ကို လုပ်ကိုင်ပေးခဲ့ရာ ဗေရကရုသည် ခေတ်မီသော သင်္ဘောဆိပ်ကမ်းမြို့ကြီး ဖြစ်လာခဲ့သည်။ ယင်းမြို့တည်ရာ အရပ်သည် ကျန်းမာရေးနှင့် မညီညွတ်၍ လူအသေအပျောက်များခဲ့သဖြင့် “သေမင်းမြို့”ဟု ခေါ်တွင်ခဲ့သည့် အမည်လည်း ပျောက်ခဲ့သည်။ ယခုအခါ မက္ကဆီကို တနိုင်ငံလုံးအတွက် သွင်းကုန် ထုတ်ကုန်တို့သည် ဗေရကရုမြို့မှ တဆင့် တင်ပိုဖြန့်ချိခြင်း ပြုလုပ်ရလေသည်။

ထို့ပြင် ဗေရကရုမြို့သည် အရေ:ပါသော စက်မှုလုပ်ငန်းများ လုပ်ကိုင်ရာ မြို့ဖြစ်သည်။ ထင်ရှားသော လုပ်ငန်းများမှာ ဘီယာချက်ခြင်း၊ ဆေးပြင်းလိပ်လုပ်ငန်း၊ ချောကလက်လုပ်ငန်းများ၊ ဖိနပ်လုပ်ငန်းများ၊ အပြင် ယနေ့ခေတ် မြင်တွေ့ရသော စက်ပစ္စည်းများအားလည်း ထုတ်လုပ်နိုင်လေသည်။