မာတိကာသို့ ခုန်သွားရန်

ဗီယိုလာ

ဝီကီပီးဒီးယား မှ

ဗီယိုလာ (အင်္ဂလိပ်: Viola/viˈlə/ vee-OH-lə[][] UK: /vˈlə/vy-OH-lə[][] အီတလီ: [ˈvjɔːla, viˈɔːla]) သည် ကြိုးတပ်တူရိယာတစ်မျိုးဖြစ်သည်။ တယောထက် အနည်းငယ်ကြီး၍ နိမ့်သောအသံရှိသည်။ ဗီယိုလာများသည် တယောမိသားစု၏ အလယ်အလတ်နေရာတွင် တည်ရှိပြီးကြိုးမျာကို C3၊ G3၊ D4 နှင့် A4 နုတ်များနှင့် အသံချိန်ထားသည်။

ဗီယိုလာပြပုံ

ပြုလုပ်ပုံ

[ပြင်ဆင်ရန်]
ဗီယိုလာအနီးကပ်ပြပုံ

ဗီယိုလာ၏ပြုလုပ်ပုံမှာ တယော၏ပြုလုပ်ပုံနှင့် ဆင်တူသည်။ ဗီယိုလာ၏ကိုယ်ထည်သည် တယောထက် ၁ လက်မ မှ ၄ လက်မ အထိ ကြီးနိုင်သည်။ ကလေးငယ်များအတွက်မူ တယောအသေးများကို ဗီယိုလာကြိုးများဖြင့်တပ်ဆင်ထားသည်။[]

ဗီလိုလာ၏ကိုယ်ထည်သည် အကျယ်အတိအကျမရှိသဖြင့် ပြုလုပ်သူအပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ ကိုယ်ထည်ကျယ်လွန်းပါက ချယ်လို (Cello) ကဲ့သို့ဖြစ်သွားနိုင်သည်။ ဟာမန် ရစ်တား (Hermann Ritter) ပြုလုပ်ထာခဲ့သော ဗီယိုလာကိုယ်ထည်သည် ၁၉ လက်မခန့်ရှိသည်။[]

တီးခတ်ပုံ

[ပြင်ဆင်ရန်]
၁၇ လက်မရှိသော ဗီယိုလာအားတီးခတ်စဉ်
(အပေါ်မှ အောက်သို့) ‌တယော၊ ဗီယိုလာ၊ ချယ်လိုတို့၏ဘိုးတံကိုင်းများ

ဗီယိုလာတီးခတ်သူကို အင်္ဂလိပ်ဘာသာတွင် "viloist" ဟုခေါ်ဆိုကြသည်။ ဗီယိုလာတီးခတ်ခြင်းသည် တယောတီးခတ်ခြင်းနှင့် ဆင်တူသည်။ သို့သော် နည်းဟန်အရ အနည်းငယ်ကွာခြားမှု ရှိနိုင်သည်။[]

ဗီယိုလာသည်ကြီးသောကြောင့် လက်ချောင်းများကို အနည်းငယ်ပို၍ဆန့်ရသည်။ ထို့အပြင် ကြိုးများသည်လည်း တယောကြိုးထက် အနည်းငယ်ပို၍ထူသောကြောင့် ဖိအားကိုပို၍ပေးရသည်။[] ထိုသို့ကြိုးထူသောကြောင့် အသံထွက်ရန် အချိန်အနည်းငယ်ကြာမြင့်ပါသည်။ တယောနှင့်ဗီယိုလာကိုပြိုင်တူတီးကြရာတွင် ဗီယိုလာဆရာသည် တယောဆရာထက် အနည်းငယ်စော၍ တီးခတ်ပေးရသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. American Heritage Dictionary 2008-12-31 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. violaMerriam-Webster Dictionary
  3. Cambridge Advanced Learner's Dictionary[လင့်ခ်သေ]
  4. "viola"Lexico UK English DictionaryOxford University Press။ n.d.။
  5. Violin and Viola။ Oakville Suzuki Association (2009)။ 27 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2021 တွင် ပြန်စစ်ပြီး။
  6. Maurice, Joseph. "Michael Balling: Pioneer German Solo Violist with a New Zealand Interlude". Journal of the American Viola Society (Summer 2003).  23 August 2006 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မော်ကွန်းတင်ပြီးမိတ္တူ။ 23 August 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2021 တွင် ပြန်စစ်ပြီး။
  7. "Violas: They're hardly second string - Los Angeles Times"၊ 2 December 2012။ 
  8. Jackson၊ Ronald John (2005)။ Performance Practice: A Dictionary-guide for Musicians။ Psychology Press။ ISBN 978041594139628 April 2019 တွင် ပြန်စစ်ပြီး