ဗိုလ် ၅ ပါး

ဝီကီပီးဒီးယား မှ

ဗိုလ်ဟူသည် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ဖိစီးတတ်သော တရားဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း ၅ ပါးရှိသည်။ သက္ကာယဒိဋ္ဌိနိုင်ငံကြီးကို တိုက်ဖျက်မည့် ဗိုလ်ချုပ်ကြီး (၅) ဦး၊ ကြီး (၅) ကြီး ပင် ဖြစ်သည်။
၁။ သဒ္ဓါဗိုလ် = သဒ္ဓါဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၂။ ဝီရိယဗိုလ် = ဝိရီယဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၃။ သတိဗိုလ် = သတိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၄။ သမာဓိဗိုလ် = သမာဓိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၅။ ပညာဗိုလ် = ပညာဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
ယင်းဗိုလ်များမှာလည်း ဣန္ဒြေငါးပါးကဲ့သို့ပင် ပကတိဗိုလ်များမဟုတ်ဘဲ ဘာဝနာဗိုလ်များဖြစ်ကြသည်။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဘာသာကောင်းတစ်ယောက် − သာသနာရေးဝန်ကြီးဌာန