မာတိကာသို့ ခုန်သွားရန်

ဗိုလ်နဂါး

ဝီကီပီးဒီးယား မှ
ဗိုလ်နဂါး
၂၀၂၂ ခုနှစ်ကတွေ့ရသော ဗိုလ်နဂါး
မွေးဖွားစစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံ
အမှုထမ်း ကာလ၂၀၂၁–၂၀၂၆
ရာထူးအဆင့်Commander
တပ်ဖွဲ့မြန်မာ့တော်ဝင်နဂါးတပ်တော် (၂၀၂၂-၂၀၂၃)
ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (၂၀၂၃-၂၀၂၆)
ကွပ်ကဲသည့် ဌာနဗမာအမျိုးသား တော်လှန်ရေး တပ်မတော်
တိုက်ပွဲ/စစ်ပွဲများမြန်မာ့ပြည်တွင်းစစ်
စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ခိုက်မှုများ

ဗိုလ်နဂါး (အမည်ရင်း နိုင်လင်း) သည် မြန်မာတော်လှန်ရေးခေါင်းဆောင်တစ်ဦးနှင့် ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်၏ ဦးဆောင်သူ တစ်ဦး ဖြစ်သည်။[] သူသည် မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပြည်သူ့ခုခံတော်လှန်စစ်၏ ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။[][][][][][] ဗိုလ်နဂါးသည် ၂၀၂၁ ခုနှစ်အတွင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့ကာ စစ်ကောင်စီတပ်သားများကို ထိခိုက်ကျဆုံးစေခဲ့သည်။[][] သူ၏ ဦးဆောင်မှုတိုက်ခိုက်မှုဖြင့် စစ်ကောင်စီတပ်သား ၁၈၀ ခန့် ကျဆုံးခဲ့သည်။[၁၀][၁၁][၁၂] စစ်ကောင်စီက ရွာတစ်ရွာအား စီးနင်းကာ ဗိုလ်နဂါးကို ရှာဖွေခဲ့စဉ်အတွင်း ဗိုလ်နဂါး၏ တူတစ်ဦးအပါအဝင် ရွာသား ၂၀ ခန့် အသတ်ခံခဲ့ရသည်။[၁၃] ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်များအသုံးပြုကာ ဗိုလ်နဂါးကို ရှာဖွေဖမ်းဆီးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[၁၄]

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော် အပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံမဟုတ်သော ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ပူးပေါင်းကာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (Burma National Army) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။[၁၅][၁၆]

BNRA ဟုခေါ်သည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်ခေါင်းဆောင် ဗိုလ်နဂါးသည် လက်နက်များယူဆောင်ပြီး သူ၏မိသားစုနှင့်အတူ ၎င်းတို့ထံ အညံ့ခံလက်နက်ချခဲ့သည်ဟု စစ်တပ်က ၂၀၂၆ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။[၁၇]

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဖွဲ့စည်းထားကြသည့် NUG နှင့် ဗိုလ်နဂါး၏ BNRA တပ်များသည် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၇ နာရီဝန်းကျင်ကစပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[၁၈] NUG နှင့်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ ဒုတိယနေ့တွင် BNRA ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ထံ ဘက်ပြောင်းအညံ့ခံသွားသည်။[၁၈]

အငြင်းပွားဖွယ်ရာများ

[ပြင်ဆင်ရန်]

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းမည့် အခြေအနေနှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် ဆွေးနွေးခဲ့သလို NUG ယာယီသမ္မတ ဒူဝါလရှီးလ နှင့် အွန်လိုင်းတွင် ဆွေးနွေးပြီးမှ တည်ထောင်ခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောဆိုခဲ့သော်လည်း[၁၉] NUG သမ္မတ၊ ကာကွယ်ရေးဝန်ကြီးတို့ ဗိုလ်နဂါးနှင့် ဆွေးနွေးစဉ်က ပြောဆိုသည့် အချက်များတွင် ထိုအဖွဲ့ ဖွဲ့စည်းရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာ မပါဝင်ခဲ့ဟု သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးစဉ် ဗိုလ်နဂါးနှင့် ၎င်း၏မိသားစုဝင်များ ဘက်ပြောင်းခိုလှုံသွားခဲ့သည်။ [၂၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. "PDF ခေါင်းဆောင် ဗိုလ်နဂါးဒေသမှာ စစ်ကောင်စီက လေကြောင်းကပါ ဖိတိုက်နေ" (in my)၊ Radio Free Asia၊ 16 January 2022။
  2. "ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါး ဘယ်မှာလဲ" (in my)၊ BBC News၊ 13 January 2022။
  3. "ပုလဲနယ်တွင် စစ်ကောင်စီတပ်ကို ရှေ့နောက်ညှပ်တိုက်ရာ ၂၂ဦးသေဟု ဗိုလ်နဂါးပြော" (in my)၊ Thit Htool Lwin၊ 24 December 2021 10 May 2022 တွင် ပြန်စစ်ပြီး Archived from the original on 18 August 2024။
  4. "အကြမ်းဖက်စစ်သူပုန်များကို လူထုကိုယ်တိုင် တိုက်ခိုက်နှိမ်နင်းရန် ဗိုလ်နဂါးနှိုးဆော်" (in en)၊ DVB၊ 19 April 2022။
  5. "တွေ့ဆုံဆွေးနွေးရေး စစ်ခေါင်းဆောင်ကမ်းလှမ်းမှု ထွက်ပေါက်ရှာလှည့်ဖြားခြင်းဖြစ်ဟု ဗိုလ်နဂါး ပြော" (in en)၊ DVB၊ 25 April 2022။
  6. "ဗိုလ်နဂါး ဦးဆောင်သည့် စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီ လေကြောင်း အင်အားသုံး" (in my)၊ The Irrawaddy၊ 5 March 2022။
  7. "ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးကို စစ်ကောင်စီရှာနေ" (in my)၊ BBC News မြန်မာ၊ 13 January 2022။
  8. "Dozens of Myanmar Regime Troops Killed in Clashes in Four Regions, States"၊ The Irrawaddy၊ 11 January 2022။
  9. "Bo Naga says Pale People’s Defense Force has not yet joined a 12-group alliance" (in en)၊ Mizzima၊ 25 January 2022။
  10. "Rebel Group Demands Increased Attacks on Myanmar Junta and Collaborators"၊ The Irrawaddy၊ 20 April 2022။
  11. "The Revolution Will Succeed if the Myanmar People Are United"၊ The Irrawaddy၊ 17 January 2022။
  12. "Rebels fighting Myanmar’s junta are doing better than expected"၊ The Economist၊ 30 October 2021။
  13. "Myanmar’s rebellion, divided, outgunned and outnumbered, fights on" (in en)၊ Washington Post၊ 30 March 2022။
  14. "စစ်ကောင်စီက ဗိုလ်နဂါးအား ဖမ်းဆီးရန် ရဟတ်ယာဉ် ၄ စီး အသုံးပြုသော်လည်း ဖမ်းမမိ" (in my)၊ Mizzima၊ 10 January 2022။
  15. "စက်တင်ဘာ ၉ ရက်ထိပ်တန်းသတင်းများ -" (in my)၊ BBC News မြန်မာ၊ ၉ စက်တင်ဘာ ၂၀၂၃။
  16. "ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်ဖွဲ့စည်း၊ စစ်ကောင်စီရဲ့ မအောင်မြင်တဲ့ ကုန်ဈေးနှုန်းထိန်းချုပ်ရေး"၊ MoeMaKa Media၊ ၁၀ စက်တင်ဘာ ၂၀၂၃။
  17. BNRA အဖွဲ့ခေါင်းဆောင် ​ဗိုလ်နဂါးနှင့် ၎င်း၏ မိသားစုဝင်များ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် (in my)။ Eleven Media။ ၁၉ ဖေဖော်ဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  18. 1 2 "BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်ကော်မရှင်ထံ လက်နက်ချ" (in my)၊ မြန်မာဌာန၊ ၁၈ ဖေဖော်ဝါရီ ၂၀၂၆။
  19. "ဗိုလ်နဂါးဦးဆောင်သည့် တပ်သစ်ဖွဲ့စည်းရန် NUG နှင့် ညှိနှိုင်းခြင်းမရှိဟုဆို"၊ Myanmar Now၊ ၁၂ စက်တင်ဘာ ၂၀၂၃။
  20. "ဗိုလ်နဂါးကို COC မှာပူးပေါင်းပါဝင်ဖို့ အဓိကပြောဆိုခဲ့ဟု NUG ထုတ်ပြန်" (in my)၊ Radio Free Asia၊ ၁၂ စက်တင်ဘာ ၂၀၂၃။