ဗိဠာလိဒါကယ

ဝီကီပီးဒီးယား မှ
ဗိဠာလိဒါယက နှင့် မရောထွေးပါနှင့်။

အရှင်ဗိဠာလိဒါကယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်ဗိဠာလိဒါကယထေရ် သည် ထိုအချိန်တွင် ဟိမဝန္တာတောင်၏ အနီးတွင် သစ်ရွက်အခင်းဖြင့် နေ၏။ အစားအစာနှင့် အိပ်စက်ခြင်းကို တပ်မက်သောသူ ဖြစ်၏။ ထို့ကြောင်း အသီးအနှံတို့ကို စားရန် စီရင်ထား၏။

တစ်နေ့သောအခါ မြတ်စွာဘုရားသည် ကြွလာသည်ကို ဗိဠာလိဒါကယထေရ် မြင်သောအခါ ပင့်ဖိတ်၍ ပိန်းဥကို သပိတ်တွင် လောင်းလှူခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ အလှူပေးလှူခဲ့ရသည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် ငါးဆယ့်လေးကမ္ဘာထက်တွင် “သုမေခလိယ” အမည်ဖြင့် စကြာမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဗိဠာလိဒါကယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဘိက္ခဒါယိဝဂ်