ဗဟိုလေ့ကျင့်ရေးကျောင်း

ဝီကီပီးဒီးယား မှ

ဗဟိုလေ့ကျင့်ရေးကျောင်းသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် (၅၁)ရပ်ကွက်၊ မြ၀တီမင်းကြီးလမ်းမပေါ်တွင်တည်ရှိသည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေသည့် ကျောင်းတစ်ခုဖြစ်သည်။ ဗဟိုလေ့ကျင့်ရေးကျောင်းအား စည်ပင်သာယာရေး ဦးစီးဌာနထံမှ ၁၉၉၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ လွှဲပြောင်းယူခဲ့သည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့သည်။

  • နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအား ဝန်ထမ်းကောင်းများ ဖြစ်စေရန်။
  • အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် မိမိတို့၏ ရာထူးအဆင့်နှင့် အညီ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်။
  • အကြီးအကဲများ၏ မူဝါဒလမ်းညွှန်ချက်များအား သိရှိနားလည်သဘောပေါက်ပြီး ဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်။

သင်တန်းများ[ပြင်ဆင်ရန်]

ဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများအား ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် အောက်ဖော်ပြပါ သင်တန်းများအား တစ်နှစ်ပတ်လုံး ဖွင့်လှစ်လျက်ရှိသည်။ [၁]

  • အဆင့်မြင့်အုပ်ချုပ်မှုသင်တန်း
  • အမှုဆောင်အရာရှိ သင်တန်း
  • စီမံခန့်ခွဲရေးသင်တန်း
  • ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်း
  • မြို့ပြစီမံကိန်းရေးဆွဲရေးသင်တန်း
  • စာရေးဝန်ထမ်းသင်တန်း
  • အင်ဂျင်နီယာမွမ်းမံသင်တန်း
  • အခြေခံအင်ဂျင်နီယာသင်တန်း
  • အခြေခံအိမ်တွင်းမှုစက်ချုပ်သင်တန်း
  • အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း
  • ကနုကမာကျောက်စီပန်းချီသင်တန်း
  • အဆင့်မြင့်ကြိမ်/ဝါးသင်တန်း
  • မြို့ပြစိမ်းလန်းစိုပြေရေးသင်တန်း
  • လူငယ်ကျောင်းအုပ်မွမ်းမံသင်တန်း
  • အခြေခံကွန်ပျူတာသင်တန်း
  • နိုင်ငံတကာဆက်ဆံရေးသင်တန်း
  • ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း
  • မြန်မာ့ဟင်းလျာချက်ပြုတ်နည်းသင်တန်း
  • အခြားသင်တန်းများ

ကိုးကား[ပြင်ဆင်ရန်]