ဗရာခီအိုဆောရတ်
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ဗရာခီအိုဆောရတ် (အင်္ဂလိပ်: Brachiosaurus) တို့သည် ဆော်ရိုပေါ့ (Sauropod) အုပ်စုများတွင် အလေးလံဆုံးသတ္တဝါဖြစ်၏။ ခန္ဓာကိုယ်သည် ၂၀ မှ ၂၃ မီတာအထိသာရှည်သော်လည်း တန် ၇၀ မှ ၈၀ အထိလေးသည်။ ရှေ့ခြေထောက်သည် နောက်ခြေထောက်ထက် ရှည်သဖြင့် ပခုံးပိုင်းသည် တင်ပါးပိုင်းထက် ပိုမြင့်သည်။ ရှည်သောလည်တိုင်နှင့် သေးငယ်သောဦးခေါင်းပါရှိ၏။ ဦးခေါင်းထိပ်အဖုတွင် နှာခေါင်းပေါက်များရှိသည်။ ထို့ကြောင့် ရေနက်ထဲတွင် သွားလာကာ အသက်ရှူနေနိုင်ကြပြီး အသားစား သတ္တဝါများဘေးရန်မှ ရှောင်ပုန်းနိုင်ကြသည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ကလေးသူငယ်များအတွက်သုတရတနာသိုက်။ ကမ္ဘာဦးသက်ရှိများ။ ၁၉၈၄။