ဗမာ့သူရဲကောင်း သီချင်းသည် သဟာယ ဆရာတင်ရေးသားခဲ့ပြီး အဆိုတော်မျိုးချစ်က သီဆိုခဲ့သော ၁၉၄၂ သီချင်းတစ်ပုဒ်ဖြစ်သည်။[၁] နောက်ပိုင်းတွင် အဆိုတော် ကိုမြကြီး က ပြန်လည်သီဆိုခဲ့သည်။ မူလရေးသားစဉ် သီချင်းအမည်မှာ ဗမာ့သူရဲကောင်း ဖြစ်သော်လည်း ပညာရေးဝန်ကြီးဌာန စတုတ္ထတန်း သင်ရိုးသစ် မြန်မာစာဖတ်စာတွင် "မြန်မာ့သူရဲကောင်း" အမည်ဖြင့် ဖော်ပြထားပြီး စာသားများတွင်လည်း ဗမာ အစား မြန်မာ ပြောင်းလဲဖော်ပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ၌ စစ်ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ စွမ်းဆောင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် သဟာယဆရာတင်က ဗမာ့သူရဲကောင်း သီချင်းကို ရေးသားခဲ့ကာ အဆိုတော်မျိုးချစ်က သီဆိုခဲ့သည်။[၁]
မူရင်းစာသား
|
ပြင်ဆင်ထားသော စာသား
|
- ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ်
- တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
- သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်
- ငါဒို့ဗမာပြည်၊ အမိဘတိုင်းကကွယ်
- ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်
- ငါဒို့ဗမာပြည်ဝယ်၊ အမိဘအပေါင်းတို့ကကွယ်
- အာဇာနည်အစစ်ကို ဒို့တတွေ မွေးရမယ်
- ဪ ဘုရင့်နောင်နဲ့ ရာဇဓိရာဇ်တို့လို
- မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်
- ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေရဲ့
- မကြောက်တန်း မလန့်တမ်း
- ဗမာတွေ အောင်ပန်းဆွတ်ရှာလေတယ်။
- ရာဇဝင် ထုပ္ပတ္တိလဲ ရှိရမယ်
- မော်ကွန်းလဲ ထိုးလောက်တယ်
- မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်
- တိုင်းပြည်ကျိုး စွန့်ခဲ့တယ်၊ မျိုးဇာနည်နွယ်
- လွတ်လပ်ဘို့ ဒို့များကို ကျွန်တွင်းမှကယ်
- ဒို့ဗမာတွေ စိုးမိုးဘို့၊ မျှော်ကြရှာလို့ ပေါ်လာတယ်
- ဗမာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
- နေမျိုးသာကီ ဗမာပြည်လက်ရုံး ဗမာနိုင်ငံအလုံး ထင်ပေါ်စေတယ်
- စိတ်အားသန်သန် မာန်ကိုမလျော့တယ်
- ငါတို့လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေစုံညီတယ်
- တကယ်ပင် သတိုးမဟာဗန္ဓုလနဲ့ စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်
- သားကောင်းများလို့ခေါ်ရလောက်ပေတယ်
- ဥဒါန်းတွင်စေဖွယ် ဗမာသူရဲကောင်းအပေါင်းတွေရယ်။
- ရာဇဝင် ထုပ္ပတ္တိလဲ ရှိရမယ်
- မော်ကွန်းလဲ ထိုးလောက်တယ်
- မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်
- တိုင်းပြည်ကျိုး စွန့်ခဲ့တယ်၊ မျိုးဇာနည်နွယ်
- လွတ်လပ်ဘို့ ဒို့များကို ကျွန်တွင်းမှကယ်
- ဒို့ဗမာတွေ စိုးမိုးဘို့၊ မျှော်ကြရှာလို့ ပေါ်လာတယ်
|
- မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
- တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
- သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။
- ငါတို့မြန်မာပြည် မိဘတိုင်းကရယ်
- ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်။
- ငါတို့မြန်မာပြည် မိဘအပေါင်းတို့ကရယ်
- အာဇာနည်အစစ်ကို ရှိဖို့မွေးရမယ်။
- ဩော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
- မင်းရဲကျော်စွာ ပမာပုံဆောင်အလောင်းဘုရားတို့လိုကွယ်
- မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့
- မကြောက်တမ်း မရွံ့တမ်း
- မြန်မာတွေအောင်ပန်းဆွတ်ကြရှာလေတယ်။
- ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ်
- မော်ကွန်းလဲထိုးလောက်တဲ့
- မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်။
- တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်
- လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်
- တို့မြန်မာတွေစိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။
- မြန်မာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
- နေမျိုးသာကီ မြန်မာပြည်လက်ရုံး မြန်မာနိုင်ငံအလုံး ထင်ပေါ်စေတယ်
- စိတ်အားသန်သန် မာန်ကိုမလျော့တယ်
- ငါတို့လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေစုံညီတယ်
- တစ်ကယ်ပင် သတိုးမဟာဗန္ဓုလနဲ့ စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်
- သားကောင်းများလို့ခေါ်ရလောက်ပေတယ်
- ဥဒါန်းတွင်စေဖွယ် မြန်မာသူရဲကောင်းအပေါင်းတွေရယ်
- ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ်
- မော်ကွန်းလဲထိုးလောက်တဲ့
- မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်
- တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်
- လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်
- တို့မြန်မာတွေစိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်
|
- စတုတ္ထတန်း မြန်မာဖတ်စာ (သင်ရိုးသစ်)