ဗန်းမော်ဆရာတော်၏ ဈာပန

ဝီကီပီးဒီးယား မှ
(ဗန်းမော်ဆရာတော် (ဈာပန) မှ ပြန်ညွှန်းထားသည်)

ဗန်းမော်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက် အင်္ဂါနေ့တွင် မန္တလေးမြို့ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်း၌ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်ခဲ့သည်။[၁][၂]

ဆရာတော်ရုပ်ကလာပ်ထားရှိပုံ[ပြင်ဆင်ရန်]

ဆရာတော်၏ ရုပ်ကလာပ်တော်ကို မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်အတွင်းရှိ မူလစံကျောင်းတော်မှ ယာယီစံကျောင်းတော်သို့ ရွှေချမှန်ခေါင်းတော်တွင်းသွင်း၍ ပြောင်းရွှေ့အပူဇော်ခံရာမှ လူသူအများလာရောက်ဖူးမြှော်ကြသည်။

ထိုသို့ရက်သတ္တပတ်ကျော်ကြာပူဇော်ခံပြီးနောက်တွင် ၃ နာရီခွဲအကျော်တွင် မီးသင်္ဂြိုဟ်ပူဇော်ရန် တမုတ်ကြိုးဆွဲဖြင့်သော ကရဝိတ်ဖောင်တော်ပေါ်သို့ပင့်ဆောင်၍ ဗန်းမော်တိုက်အတွင်းမှ တက္ကသိုလ်အဓိပတိလမ်းအထိ၊ ထိုအဓိပတိလမ်းမှ ဒေါ်အောင်ဆန်းစုကြည်လမ်းတောက်လျှောက်ပင့်ဆောင်၍၊ ထိုမှ ၇၈ လမ်းတစ်လျှောက်အပူဇော်ခံပြီးနောက်တွင် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းအတွင်းသို့ ညနေ ၆နာရီကျော်ခန့်တွင်ရောက်ရှိပြီးနောက်တွင် "ကောင်းကင်ကြိုး"ကြိုးသီချင်းဖြင့် အနုပညာအဖွဲ့တော်သားတို့မှ အသုံးတော်ခံကြလေသည်။ ထိုကြိုးသီချင်းတီးမှုတ်နေစဉ်ဆရာတော်၏တပည့်တပမ်းများက သင်္ဂြိုဟ်စင်တော်ပေါ်သို့ အလောင်းတော်ပါ မှန်ခေါင်းတော်ကို ပို့ဆောင်နေကြသည်။

ကိုးကား[ပြင်ဆင်ရန်]