မာတိကာသို့ ခုန်သွားရန်

ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ

ဝီကီပီးဒီးယား မှ
Facebook Messenger
ဆော့ဖ်ဝဲလ်ရေးသူ(များ)ဖေ့စ်ဘွတ်ခ်
ပထမဆုံး ဖြန့်ချိခြင်းဩဂုတ် ၉၊ ၂၀၁၁; ၁၄ နှစ် အကြာက (၂၀၁၁-၀၈-09)
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Web, Android, iOS, Windows Phone, Windows 8, Windows 10
ဆိုဒ်279.1 MB (iOS)[]
34.96 MB (Android)[]
ရရှိနိုင်သော ဘာသာစကား111[] languages
ဆော့ဖ်ဝဲလ် အမျိုးအစားInstant messaging
လိုင်စင်Freeware, proprietary
ဝက်ဘ်ဆိုဒ်Messenger.com
fb.com/messages

ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ (English: Facebook Messenger, Messenger ဟုလည်း သိကြသည်)[] သည် မက်ဆေ့စာပို့သည့် အပ်ပလီကေးရှင်း (Application) (အတိုကောက်: အပ်) နှင့် ပလက်ဖောင်းတစ်ခု ဖြစ်သည်။ ၎င်းကို ၂၀၀၈ ခုနှစ်တွင် ဖေ့ဘွတ်သည် တီထွင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ကုမ္ပဏီသည် မက်ဆေ့ပို့သည့် ဝန်ဆောင်မှုကို ပြုပြင်မွမ်းမံခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် ၂၀၁၁ ခုနှစ် ဩဂုတ်လတွင် iOS နှင့် အန်းဒရွိုက်အတွက် ထုတ်လုပ်ခဲ့သည်။ နှစ်များစွာကြာပြီးနောက်တွင် ဖေ့ဘွတ်သည့် မက်ဆေ့ပို့သည့် အပ်တစ်ခုကို စက်လည်ပတ်မှုစနစ်အမျိုးမျိုးအတွက် ထုတ်လုပ်ခဲ့သည်။ ၎င်းအတွက် (Messenger.com) ဟူသည့် ဝဘ်ဆိုက်ကိုလည်း တည်ထောင်ထားခဲ့သည်။ ရည်ရွယ်ချက်မှာ ဖေ့ဘွတ်အပ်၏ လုပ်ဆောင်ချက်များနှင့် မက်ဆေ့စာပို့သည့် လုပ်ဆောင်ချက်ကို သပ်သပ်စီ ခွဲခြားထားရန် ဖြစ်သည်။ အသုံးပြုသူသည် ထိုဝန်ဆောင်မှုများကို ဝဘ်ဆိုက်မှ တစ်ဆင့် အသုံးပြုခြင်းဖြင့် လည်းကောင်း၊ အပ်ကို အသုံးပြုခြင်းဖြင့်လည်းကောင်း ရယူနိုင်သည်။

အသုံးပြုသူသည် မက်ဆေ့များ ပေးပို့ခြင်း၊ ရုပ်ပုံများ၊ ဗီဒီယိုများ၊ စတစ်ကာများနှင့် အသံများ၊ ဖိုင်များ ပေးပို့ခြင်းတို့အပြင် အသုံးပြုသူအချင်းချင်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ချိတ်ဆက်ဆက်သွယ်ရန်အတွက်လည်းကောင်း၊ ဘော့ (bots) များကို အသုံးပြု၍ ဆက်သွယ်ဆောင်ရွက်ရန်အတွက်လည်းကောင်း ဆောင်ရွက်ပေးထားသည်။ အသံနှင့် ဗီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းကိုလည်း အထောက်အပံ့ပေးထားသည်။ မိုဘိုင်းဖုန်းအတွက် အပ်သည် အကောင့်များစွာကို အသုံးပြုနိုင်အောင် စီစဉ်ပေးထားပြီး အပြန်အလှန်စကားပြောခြင်းများ၊ ဂိမ်းကစားခြင်းများကို ဆောင်ရွက်နိုင်သည်။ ထို့အပြင် End to end encryption ဖြင့် စကားပြောဆိုနိုင်အောင်လည်း ပြုလုပ်ထားသည်။

ဖီချာများ

[ပြင်ဆင်ရန်]

အောက်ဖော်ပြပါ ဇယားကွက်တွင် ဖေ့စ်ဘွတ်မက်ဆင်ဂျာ၌ ပါဝင်သည့် ဖီချာများကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ စတင်ထည့်သွင်းပေးသည့် အချိန်အလိုက်စီကာ ဖော်ပြထားသည်။

အမျိုးအစား ထည့်သွင်းသည့်ရက် အကြောင်းအရာ ပလက်ဖောင်း အသုံးပြုနိုင်သည့် ဒေသ
ဖေ့စ်ဘွတ်အကောင့်မရှိဘဲ မက်ဆင်ဂျာအကောင့်ဖွင့်ခြင်း ဒီဇင်ဘာ ၂၀၁၂ Android အသုံးပြုသူများ အနေဖြင့် ဖေ့စ်ဘွတ်အကောင့်မရှိဘဲ ဖုန်းနံပါတ် သို့မဟုတ် အီးမေလ်လိပ်စာ ရှိရုံဖြင့် မက်ဆင်ဂျာအကောင့်ကို သီးသန့်ဖွင့်နိုင်သည်။[][] မိုဘိုင်း တစ်ကမ္ဘာလုံး
တိုက်ရိုက်မက်ဆေ့ပို့ခြင်း အောက်တိုဘာ ၂၀၁၃ အသုံးပြုသူများ အနေဖြင့် မိမိစာပို့လိုသူနှင့် Friend ဖြစ်ထားရန် မလိုဘဲ မက်ဆေ့စာပို့နိုင်သည်။[][] အားလုံး တစ်ကမ္ဘာလုံး
Chat Heads ဧပြီ ၂၀၁၃ တခြားအပ်များ ဖွင့်သုံးနေသည့်တိုင် ပရိုဖိုင်ပုံ အဝိုင်းလေးနှိပ်ရုံဖြင့် ဖွင့်ထားသည်မှလည်း မထွက်၊ မိမိပြောလက်စ Conversation တွင်လည်း ဝင်ပြောနိုင်စေသည်။[][၁၀] မိုဘိုင်း တစ်ကမ္ဘာလုံး
Calls ဇန်နဝါရီ ၂၀၁၃ ၂၀၁၃ခုနှစ် ဇန်နဝါရီတွင် အသံဖြင့် ဖုန်းပြောနိုင်သည့် ဖီချာ ကို မက်ဆင်ဂျာတွင် စတင်ထည့်သွင်းခဲ့ပြီး ကနေဒါနိုင်ငံ၌သာ အသုံးပြုနိုင်ခဲ့သည်။[၁၁][၁၂] ရက်ပိုင်းအကြာတွင် အမေရိကန်နိုင်ငံ၌ပါ အသုံးပြုခွင့်ပေးခဲ့သည်။[၁၃][၁၄] ၂၀၁၅ခုနှစ် ဧပြီတွင် ဖေ့စ်ဘွတ်ခ်က ဗီဒီယိုဖြင့် ဖုန်းပြောနိုင်သည့် ဖီချာ ကို သတ်မှတ်ဒေသများတွင် အသုံးပြုခွင့် ပေးခဲ့သည်။[၁၅][၁၆] ၂၀၁၆ခုနှစ် ဧပြီတွင် မက်ဆင်ဂျာဖုန်းခေါ်ဆိုမှု၌ အဖွဲ့လိုက်စကားပြောနိုင်ရန် ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာတွင် ဗီဒီယိုဖုန်းခေါ်ဆိုမှုကိုပါ အဖွဲ့လိုက်ပြောဆိုဆက်သွယ်နိုင်ရန် ပြုလုပ်ပေးခဲ့သည်။[၁၇][၁၈] အားလုံး တစ်ကမ္ဘာလုံး
တည်နေရာမျှဝေခြင်း ဇွန် ၂၀၁၅ အခြားသူတစ်ယောက်အား မိမိဘယ်နေရာတွင် ရှိနေသည်ကို အသိပေးနိုင်ရန် မိမိ၏ တည်နေရာအား မျှဝေနိုင်သည်။[၁၉][၂၀][၂၁] မိုဘိုင်း တစ်ကမ္ဘာလုံး
လျှို့ဝှက် Conversation များ အောက်တိုဘာ ၂၀၁၆ မက်ဆင်ဂျာအသုံးပြုသူများ အနေဖြင့် မိမိမက်ဆေ့ပို့နေသည့် အကြောင်းအရာကို တခြား ဟက်ကာကဲ့သို့သောသူများ ကြားဖြတ် မရယူနိုင်ရန် end-to-end encrypted ဖြစ်သော "Secret Conversations" မှတစ်ဆင့် မက်ဆေ့ပို့နိုင်သည်။ မိုဘိုင်း တစ်ကမ္ဘာလုံး
ရီအက်ပေးခြင်း နှင့် အမည်ခေါ်ခြင်း မတ် ၂၀၁၇ မိမိထံ ပို့လာသောစာများကို ရယ်ရသည်၊ စိတ်ဆိုးသည် စသဖြင့် တုံ့ပြန်နိုင်ရန် အီမိုဂျီ အနေဖြင့် ရီအက်​ပေးနိုင်သည်။ အဖွဲ့လိုက် Chat ထဲတွင် အခြားမက်ဆေ့များကြား မပျောက်သွားစေရန် မိမိမက်ဆေ့ပို့လိုသူ၏ အမည်အား @ အနောက်တွင်ထားပို့ ခြင်းဖြင့် ထိုသူထံ နိုတီတက်စေနိုင်သည်။[၂၂][၂၃][၂၄] အားလုံး တစ်ကမ္ဘာလုံး
မက်ဆင်ဂျာ Rooms ဧပြီ ၂၀၂၀ လူ ၅၀ခန့် တစ်နေရာတည်းတွင် ဗီဒီယိုအနေဖြင့် စကားပြောနိုင်သည်။[၂၅] အားလုံး တစ်ကမ္ဘာလုံး

ကိုးကား

[ပြင်ဆင်ရန်]
  1. Messenger (in en-us)။ 2019-08-20 တွင် ပြန်စစ်ပြီး။
  2. Messenger – Text and Video Chat for Free - Apps on Google Play (in en)။ 2019-08-20 တွင် ပြန်စစ်ပြီး။
  3. Facebook Messenger Languages (in en)။ 2019-08-25 တွင် ပြန်စစ်ပြီး။
  4. Stenovec၊ Timothy (August 13, 2014)။ The Real Reason Facebook Is Forcing You To Download Messenger AOL March 24, 2017 တွင် ပြန်စစ်ပြီး။
  5. Constine၊ Josh (December 4, 2012)။ No Facebook Account Required: Facebook Messenger For Android Lets You Sign Up With Just A Phone Number AOL March 25, 2017 တွင် ပြန်စစ်ပြီး။
  6. Geron၊ Tomio (December 4, 2012)။ Facebook Messenger Takes On SMS, With No Account Needed March 25, 2017 တွင် ပြန်စစ်ပြီး။
  7. Constine၊ Josh (October 29, 2013)။ To Assimilate SMS, Facebook's Android Messenger Tries Letting You Reach Non-Friends By Phone Number AOL March 25, 2017 တွင် ပြန်စစ်ပြီး။
  8. Ruddock၊ David (October 29, 2013)။ Facebook Messenger Getting Major Overhaul: SMS Dead, No Longer Need To Be Friends To Send Messages March 25, 2017 တွင် ပြန်စစ်ပြီး။
  9. Chat Heads come to Facebook Messenger for Android Vox Media (April 12, 2013)။ March 25, 2017 တွင် ပြန်စစ်ပြီး။
  10. Ravenscraft၊ Eric (April 12, 2013)။ Chat Heads Come To Facebook Messenger Without Facebook Home, Regular App Updated To Prepare For Home Arrival March 25, 2017 တွင် ပြန်စစ်ပြီး။
  11. O'Dell၊ J. (January 3, 2013)။ Facebook now has voicemail — and voice calling in Canada 24 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 2, 2017 တွင် ပြန်စစ်ပြီး။
  12. Hamburger၊ Ellis (January 3, 2013)။ Facebook tests free voice calling in Messenger app Vox Media June 2, 2017 တွင် ပြန်စစ်ပြီး။
  13. Hardawar၊ Devindra (January 16, 2013)။ Facebook quietly brings voice calls to U.S. iPhone owners 30 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 2, 2017 တွင် ပြန်စစ်ပြီး။
  14. Hamburger၊ Ellis (January 16, 2013)။ Facebook launches free calling for all iPhone users in the US Vox Media June 2, 2017 တွင် ပြန်စစ်ပြီး။
  15. Constine၊ Josh (April 27, 2015)။ Facebook Messenger Launches Free VOIP Video Calls Over Cellular And Wi-Fi AOL March 24, 2017 တွင် ပြန်စစ်ပြီး။
  16. King၊ Hope (April 27, 2015)။ Facebook Messenger now lets you make video calls CNN March 24, 2017 တွင် ပြန်စစ်ပြီး။
  17. Constine၊ Josh (April 20, 2016)။ Facebook Messenger launches Group Calling to become your phone AOL March 25, 2017 တွင် ပြန်စစ်ပြီး။
  18. Kokalitcheva၊ Kia (April 20, 2016)။ Facebook Adds Free Group Voice Calls to Its Messenger App Time Inc. June 2, 2017 တွင် ပြန်စစ်ပြီး။
  19. Welch၊ Chris (June 4, 2015)။ Facebook Messenger now lets you send friends a map with your location Vox Media March 28, 2017 တွင် ပြန်စစ်ပြီး။
  20. Swider၊ Matt (June 5, 2015)။ Your exact location can be shared in Facebook Messenger Future plc March 28, 2017 တွင် ပြန်စစ်ပြီး။
  21. Swanner၊ Nate (June 4, 2015)။ Facebook Messenger now has a more direct way to share your location March 28, 2017 တွင် ပြန်စစ်ပြီး။
  22. Vincent၊ James (March 23, 2017)။ Facebook Messenger gets reactions for individual messages and @ notifications Vox Media March 25, 2017 တွင် ပြန်စစ်ပြီး။
  23. Sarconi, Paul (March 23, 2017). "Facebook Messenger Finally Makes Group Chat Not a Total Hassle". Wired. Condé Nast.
  24. Goldman၊ Joshua (March 23, 2017)။ Facebook Messenger gets Reactions and Mentions CBS Interactive March 25, 2017 တွင် ပြန်စစ်ပြီး။
  25. O'Flaherty၊ Kate။ Facebook Users Beware: Here's Why Messenger Rooms Is Not Actually That Private (in en)။ 2020-05-14 တွင် ပြန်စစ်ပြီး။