ဖေစန်း၊ တက္ကသိုလ်(စန်းသော်တာ)

ဝီကီပီးဒီးယား မှ
စန်းသော်တာ
ဒေသခံအမည်ဦးဖေစန်း
အမည်ရင်းဖေစန်း
အခြားအမည်များစန်းသော်တာ
မွေးဖွား (1914-11-09) ၉ နိုဝင်ဘာ၊ ၁၉၁၄ (အသက် ၁၀၉)
ရန်ကုန်
မူလတိုင်းပြည်ရန်ကုန်၊ မြန်မာ
ကွယ်လွန်နိုဝင်ဘာ ၉၊ ၁၉၉၆(1996-11-09) (အသက် ၈၂)
အလုပ်အကိုင်တေးရေး ၊ တေးဆို ၊ ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာ
တူရိယာစောင်း၊ မယ်ဒလင်၊ ဘင်ဂျို၊ တယော၊ ဂီတာ၊ စန္ဒရား
တက်ကြွသည့်နှစ်များ၁၉၃၂–၁၉၉၆
Notable instruments
စောင်း၊ မယ်ဒလင်၊ ဘင်ဂျို၊ တယော၊ ဂီတာ၊ စန္ဒရား

တက္ကသိုလ်ဖေစန်း (စန်းသော်တာ)၏ အမည်ရင်းမှာ ဦးဖေစန်းဖြစ်သည်။ ဦးဖေစန်းအား ၁၉၁၄ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ပြည်မြို့တွင် စက်ရှင်တရားသူကြီးဦးဘရင် ဒေါ်ကျော့ရှင်တို့မှ ဖွားမြင်ခဲ့သည်။ တေးရေးအမည်မှာ စန်းသော်တာ ဖြစ်သည်။ မွေးချင်း ရှစ်ယောက်အနက် အကြီးဆုံးသားဖြစ်ပြီး၊ ဥပစာတန်း အောင်မြင်ခဲ့သည်။

အနုပညာနှင့် ပတ်သက်၍ စောင်း၊ မယ်ဒလင်၊ ဘင်ဂျို၊ တယော၊ ဂီတာ၊ စန္ဒရားတို့ကို ကောင်းစွာတီးတတ်ပြီး အသက် (၁၈)နှစ်မှ (၂၇)နှစ်အတွင်း တေးရေး၊ တေးဆို၊ သရုပ်ဆောင် လုပ်ခဲ့သည်။ ပထမဆုံးအေဝမ်းသံစုံသွင်း ဇာတ်ကားဖြစ်သော ဖူးစာရှင် ဇာတ်ကားတွင် အလောင်းတော်များတောင် ရှောင်နိုင်ခဲတယ် သီချင်းကို ကိုယ်တိုင် သီဆိုခဲ့သည်။ လပြာသို၊ တစ်လိမ်နှစ်လိမ်၊ ရည်းစားဓားပြ၊ ချစ်စနိုးဇာတ်ကားများအတွက် ဇာတ်ဝင်တေးများကို ရေးသားခဲ့သည်။ သဘင်ဝန် ဓာတ်ပြားထုတ်ချိန်တွင် ရုပ်ရှင်သီချင်းများနှင့် ဓာတ်ပြားသီချင်း အများဆုံးသွင်းခဲ့သည်။

အသက် (၂၇)နှစ်တွင် အိမ်ထောင်ကျပြီးနောက် ဝါသနာအလျောက် ပြည်မြို့၊ ပေါင်းတည်မြို့ မြတ်စွယ်တော်လှည့်လည်ပူဇော်ပွဲတွင် ယိမ်းများအတွက် နှစ်စဉ်တေးသီချင်းများ ရေးစပ်ပေးခဲ့သည်။

ဦးဖေစန်းရေးသားခဲ့သော တေးသီချင်းများမှာ လွှတ်တော်ရုံးတော်၊ မြတ်ပန်းခွေ၊ ပျို့ကျေးရွာ၊ မယ့်ဒါလီ၊ မယ့်သဉ္ဇာ၊ ရွှေမိုးညို၊ ရွှေတံငါ၊ ရွှေဝါဖူး၊ မယ့်ရင်သွေး၊ ကျောင်းပိတ်ရက်၊ လဲ့လဲ့ဝင်း၊ လေသာဆောင်၊ ဆုထူးရွယ်၊ ချစ်လို့ခေါ်မယ်၊ ချစ်၍ခေါ်ရာ၊ တို့မြေဆီ၊ ချစ်သည်းစွဲ၊ တစ်လိမ်နှစ်လိမ်နှင့် ပါးချိုင့်လေး စသည့် ထင်ရှားကျော်ကြား လူကြိုက်များသည့် သီချင်းများဖြစ်သည်။ ပါးချိုင့်လေးနှင့် တို့မြေဆီသီချင်းကို တက္ကသိုလ်ဖေစန်းအမည်ဖြင့် သီဆိုခဲ့သည်။ နောက်ဆုံး အလုပ်အကိုင်အဖြစ် ဒီအမ်ဒီဇူဇာတွင် ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ပြီး ဇနီးဒေါ်ခင်မြင့်နှင့် သားသမီး (၃)ယောက် ထွန်းကားခဲ့သည်။ အသက် (၈၂) နှစ် အရွယ် ၁၉၉၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ [၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. စန်းသော်တာ၏ တတိယသမီး ဒေါ်ကြည်စန်းက ပေးပို့သည်။