မာတိကာသို့ ခုန်သွားရန်

ဖုရှိမိအိနရိ - တိုင်းရှ

ဝီကီပီးဒီးယား မှ
ဖုရှိမိအိနရိ - တိုင်းရှ
Fushimi Inari-taisha
伏見稲荷大社
မီးပုံးများချိတ်ဆွဲထားသည့် တိုရိအိ လျှောက်လမ်း
ဖုရှိမိအိနရိ - တိုင်းရှ သည် ကျိုတိုမြို့ တွင် တည်ရှိသည်
ဖုရှိမိအိနရိ - တိုင်းရှ
ကျိုတိုမြို့ အတွင်း တည်နေရာပြ မြေပုံ
ဖုရှိမိအိနရိ - တိုင်းရှ သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဖုရှိမိအိနရိ - တိုင်းရှ
ဖုရှိမိအိနရိ - တိုင်းရှ (ဂျပန်နိုင်ငံ)
အချက်အလက်များ
တည်နေရာFushimi-ku, Kyoto, Kyoto, Kyoto Prefecture, Japan
ကိုဩဒိနိတ်34°58′2″N 135°46′22″E / 34.96722°N 135.77278°E / 34.96722; 135.77278
ဘာသာရေး နှီးနွယ်မှုShinto
နတ်ဘုရားUka-no-Mitama-no-Ōkami, et al. as Inari Ōkami
နိုင်ငံဂျပန်နိုင်ငံ
ဝက်ဘ်ဆိုဒ်inari.jp/en/
ဗိသုကာ
ဗိသုကာ စတိုင်Kasuga-zukuri
စတင်သည့်နှစ်711

ဖုရှိမိအိနရိ - တိုင်းရှ (伏見稲荷大) သည် ဂျပန်နိုင်ငံကျိုတိုစီရင်စုကျိုတိုမြို့ဖုရှိမိရပ်ကွက်တွင် တည်ရှိသည့် “ခမိအိနရိ” (kami Inari) ၏ အဓိကနတ်ကျောင်းဖြစ်သည်။ ကျောင်းတော်သည် တောင်ခြေတွင် တည်ရှိပြီး ၎င်းတောင်၏ အမည်သည် “အိနရိ” ဟု အမည်ရှိသည်။ တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၃ မီတာ (၇၆၄ ပေ) မြင့်သည်။ တောင်ပေါ်သို့ တက်ပါက ၄ ကီလိုမီတာ (၂.၅ မိုင်) အကွာတွင် များစွာသောနတ်ကျောင်းငယ်လေးများ ရှိကြပြီး လမ်းလျှောက်၍ သွားပါက (၂) နာရီခန့် ကြာမြင့်သည်။

အိနရိနတ်သည် ဆန်စပါးနှင့် စိုက်ပျိုးရေးအတွက် နတ်တစ်ပါးအဖြစ် တည်ရှိခဲ့သည်။ ကုန်သည်များသည် စီးပွားရေးအတွက် စောင်မပေးသည့် နတ်တစ်ပါးအဖြစ် ယုံကြည်ကြသည်။ ဖုရှိမိအိနရိ - တိုင်းရှတွင် ရှိသည့် “တိုရိအိ” များ၏ အကြမ်းဖျင်းအားဖြင့် အခု (၁၀,၀၀၀) သည် ဂျပန်စီးပွားရေးလုပ်ငန်းတစ်ခုက လှူဒါန်းထားခြင်း ဖြစ်သည်။ ၈၀၀ ခန့်မှာမူ ဆန်းဘွန်းတိုရိအိအဖြစ် အတန်းလိုက်ထားရှိကာ ဥမင်သဖွယ်ပြုလုပ်ထားသည်။ ဤနတ်ကျောင်းသည် နတ်ဘုရား၏ စုစုပေါင်းဝင်ထွက်ဂိတ်များ တစ်သောင်းရှိသည်ဟု ဆိုကြပြီး မကောင်းသည့်ဘေးအန္တရာယ်များကို ကာကွယ်ပေးသည်ဟု ဆိုကြသည်။

အိနရိနတ်ဘုရား၏ ထင်ရှားမှုနှင့် ယုံကြည်မှုများပြားခြင်းကြောင့် ဤနတ်ကျောင်း၏ ကျောင်းခွဲများသည် ဂျပန်တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၃၂,၀၀၀ ခု ရှိသည်ဟု ဆိုကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဤနတ်ကျောင်းသည် ဟဲအိအန်ခေတ်ကာလအစောပိုင်းတွင် နန်းတော်၏ အလေးပေးခြင်းကို ခံခဲ့ရသည်။ ၉၆၅ ခုနှစ်တွင် ဘုရင်မုရခမိသည် ဂျပန်နိုင်ငံကို စောင့်ရှောက်သည့် နတ်တစ်ပါးအဖြစ် ပွဲတော်ကို ကျင်းပရန် အမိန့်ချမှတ်ခဲ့သည်။

၁၈၇၁ ခုနှစ်မှ ၁၉၄၆ ခုနှစ်ကာလအထိ ဖုရှိမိအိနရှိ - တိုင်းရှသည် ခန်ပဲအိ-တိုင်းရှ (官幣大社) များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ အဓိပ္ပါယ်မှာ အစိုးရက အထောက်အပံ့ပေးထားသည့် ပထမတန်းစားနတ်ကျောင်းများထဲတွင် ပါဝင်ခြင်း ဖြစ်သည်။

ရှင်းတိုးနတ်ကျောင်းအများစုနှင့် မတူညီသည်မှာ ဖုရှိမိအိနရိ - တိုင်းရှသည် ယုံကြည်ကိုးကွယ်မှုအတွက်အဓိကအနေဖြင့် ထိန်းသိမ်းထားရှိခြင်း ဖြစ်သည်။

ဤနတ်ကျောင်းသည် ဂျပန်နှစ်သစ်ကူးကာလတွင် သန်းပေါင်းများစွာသော ဆုတောင်းဝတ်ပြုသူများကို ဆွဲဆောင်လျက်ရှိသည်။ ရဲဌာန၏ ထုတ်ပြန်ချက်အရ ၂၀၀၆ ခုနှစ်တွင် လာရောက်သူပေါင်း ၂.၆၉ သန်း ရှိခဲ့သည်။

တည်ဆောက်မှု

[ပြင်ဆင်ရန်]

အစောဆုံးတည်ဆောက်မှုများကို ၇၁၁ ခုနှစ်တွင် ကျိုတိုမြို့၏ အနောက်တောင်ဘက်ရှိ အိနရိယာမတောင်တွင် တည်ဆောက်ခဲ့သည်။ ကျောင်းတော်ကို ၈၁၆ ခုနှစ်တွင် ရဟန်းတော် ခူးခိုင်း၏ တောင်းဆိုချက်ကြောင့် နေရာပြောင်းရွှေ့ခဲ့သည်။ ပင်မနတ်ကျောင်း၏တည်ဆောက်မှုကို ၁၄၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ တောင်၏ အောက်ခြေတွင် ပင်မဝင်ပေါက် (楼門, rōmon, "tower gate") နှင့် ပင်မနတ်ကျောင်း (御本殿, go-honden) တို့ တည်ရှိသည်။ တောင်၏ အလယ်ပိုင်းတွင် များစွာသော တိုရိအိလျှောက်လမ်းများကို ဖြတ်သန်းကာ သွားရောက်နိုင်သည့် အတွင်းပိုင်းနတ်ကျောင်းတော် (奥宮, okumiya) တည်ရှိသည်။ တောင်၏ ထိပ်သို့တက်ရာလမ်းတစ်လျှောက်တွင် ပုဂ္ဂလိကယုံကြည်ဆုတောင်းမှုများအတွက် ပြုလုပ်ထားကြသည့် ကျောက်တုံးနတ်စင်များ (otsuka お塚) သည် ထောင်ပေါင်းများစွာ တည်ရှိသည်။[]

ဆန်းဘွန်းတိုရိအိ

[ပြင်ဆင်ရန်]

နတ်ကျောင်းတွင် “ဆန်းဘွန်းတိုရိအိ” ဟု သိကြသည့် တိုရိအိဂိတ်ကလေးများများစွာ ရှိကြသည်။ ၎င်းတို့ကို အဲဒိုခေတ်ကာလ (၁၆၀၃ - ၁၈၆၈) ကာလမှစတင်ကာ ယုံကြည်ကြသူများသည် ဆုတောင်းပြည့်သည်ဟူသည့် ယုံကြည်မှုဖြင့် လှူဒါန်းလာကြခြင်း ဖြစ်သည်။ ပင်မလျှောက်လမ်းတစ်လျှောက်တွင် တိုရိအိဂိတ်ပေါင်း ၈၀၀ ဝန်းကျင် ရှိသည်။[]

သွားရောက်မှုနှင့် ပတ်ဝန်းကျင်

[ပြင်ဆင်ရန်]
(ရုပ်သံဖိုင်) တိုရိအိလျှောက်လမ်းတစ်နေရာ

ဤနတ်ကျောင်းသည် အိနရိဘူတာ၏ အပြင်ဘက်နားတွင် တည်ရှိသည်။ ကျိုတိုဘူတာမှ ရထားစီးကားသွားမည်ဆိုပါက ၅ မိနစ် ကြာမြင့်မည် ဖြစ်သည်။ ဖုရှိမိ − အိနရိဘူတာမှတဆင့်လည်း လမ်းအနည်းငယ်လျှောက်ကာ သွားရောက်နိုင်သည်။[]

နတ်ကျောင်းနှင့် ဟွန်းဒန်း (本殿, ပင်မဆောင်) သို့ ၂၄ နာရီပတ်လုံး သွားရောက်နိုင်ပြီး ရောင်စုံမီးများဖြင့် ညအချိန်တွင် အလှဆင်ထားသည်။ လည်ပတ်ရန်အတွက် ဝင်ကြေးကောက်ခံမှု မရှိပေ။

နတ်ကျောင်းသို့ ဝင်ရာလမ်းတစ်လျှောက်တွင် များစွာသော မုန့်ဆိုင်များ ရောင်းချလျှက်ရှိသည်။ ၎င်းဆိုင်များတွင် ၁၉ ရာစုကာလများကတည်းက ရှိခဲ့သည့် ဆွတ်ဂျိအုရဆန်းဘဲအိ (tsujiura senbei 辻占煎餅) ဟု ခေါ်သည့် ကွတ်ကီး များကို (fortune cookies, ကွတ်ကီးအထဲတွင် ကံကောင်းစေသည့် စာရွက်များပါဝင်သည့် ကွတ်ကီး) ရောင်းချက်လျက်ရှိသည်။ ၎င်းကွတ်ကီးများသည် အမေရိကန်တို့၏ ကွတ်ကီး (fortune cookies) များမှ ဖြစ်တည်ဆင်းသက်လာကြသည်ဟု အချို့က ယုံကြည်ကြသည်။[][][]

ထင်ရှားသည့် အနုပညာလက်ရာများ

[ပြင်ဆင်ရန်]

ရုပ်ပုံများ

[ပြင်ဆင်ရန်]

မြေခွေး

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 34°58′02″N 135°46′22″E / 34.96722°N 135.77278°E / 34.96722; 135.77278

ကိုးကား

[ပြင်ဆင်ရန်]
  1. Smyers (1996): 93-94.
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named NDL
  3. Fushimi Inari Shrine, How to get there
  4. Lee, Jennifer 8. (January 16, 2008). "Solving a Riddle Wrapped in a Mystery Inside a Cookie" The New York Times. Retrieved on January 16, 2008.
  5. 8. Lee၊ Jennifer (January 16, 2008)။ Fortune Cookies are really from Japan.The Fortune Cookie Chronicles official website။ 2011-07-25 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Ono၊ Gary (2007-10-31)။ Japanese American Fortune Cookie: A Taste of Fame or Fortune – Part II။ 2009-04-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-02-16 တွင် ပြန်စစ်ပြီး။