ဖိလိစတိုင်းယဉ်ကျေးမှုပြတိုက်

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 31°47′57.22″N 34°38′31.39″E / 31.7992278°N 34.6420528°E / 31.7992278; 34.6420528

The Corinne Mamane Museum of Philistine Culture
PhilistineCultureMuseum.JPG
တည်ထောင်ခြင်း၁၉၉၀
တည်နေရာအာဇုတ်မြို့
အမျိုးအစားအနုပညာ နှင့် သမိုင်း
ဝက်ဘ်ဆိုဒ်phcm.co.il/en

ဖိလိစတိုင်းယဉ်ကျေးမှုပြတိုက် (ဟီဘရူး: המוזיאון לתרבות הפלשתים ע"ש קורין ממן‎; အင်္ဂလိပ်: The Corinne Mamane Museum of Philistine Culture) သည် အစ္စရေးနိုင်ငံ အာဇုတ်မြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်တစ်ခု ဖြစ်သည်။ မြို့ဧရိယာတစ်ဝိုက်တွင် နေထိုင်သော ဖိလိစတိုင်း (Philistines) များ၏ ယဉ်ကျေးမှုကို ပြသထားသော ပြတိုက်ဖြစ်သည်။ ပြတိုက်သည် ဖိလိစတိုင်းယဉ်ကျေးမှုကို ပြသထားသည့် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ပြတိုက်လည်း ဖြစ်သည်။ ပြတိုက်အား ၁၉၉၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပြတိုက်တွင် အထပ် သုံးထပ်ပါဝင်သည်။ ပထမထပ်တွင် ဖိလိစတိုင်းယဉ်ကျေးမှုကို ခင်းကျင်းပြသထားသည်။ ဒုတိယအထပ်တွင် ပြောင်းလဲမှုများအား ပြသထားပြီး တတိယအထပ်တွင် အေဂျင်ပင်လယ် ၏ အစားအသောက် ယဉ်ကျေးမှုများအား "Philistines Kitchen" အနေဖြင့် ပြသထားသည်။

ပြတိုက်[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]