ဖာ၊ ဦး

ဝီကီပီးဒီးယား မှ

ဦးဖာ သည် မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများဖြစ်ကြသည် ဦးဘဝင်းဗိုလ်ချုပ်အောင်ဆန်းတို့၏ ဖခင်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အဘိုးတစ်ဦးဖြစ်သည်။ အိမ်ထောင်ဖက်မှာ ဒေါ်စုဖြစ်သည်။ သားသမီးပေါင်း ကိုးဦး တိတိ ထွန်းကားခဲ့သည်။ မိဘများမှာ ဦးဒေကိုးနှင့် ဒေါ်ဆွဲလေးတို့ဖြစ်ကြပြီး မြေယာပိုင်ရှင်များဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ်သည်။

ပျော်ဘွယ်မြို့တွင် ဥပဒေသင်တန်း သွားရောက် သင်ကြားခဲ့ပြီး တတိယတန်း အမိန့်တော်ရ စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ နှစ်ချင်းပေါက်အောင်မြင်သည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော ဇနီးသည် ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရသည်။

ဦးဖာမှာ ငယ်စဉ်က မြင်းစီး အလွန် ဝါသနာပါခဲ့၍ ထိုစဉ်က နတ်မောက်၌ အလွန်ခေတ်စားခဲ့သော မြင်းပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင် လေ့ရှိသည်။

ကွယ်လွန်[ပြင်ဆင်ရန်]

ဦးဖာ သည် အသက် ၆၇ နှစ် ၁၉၃၁ ခုနှစ်၊ မေလ ၁၈ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သွားပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. http://upload.wikimedia.org/wikipedia/my/d/da/Aungsanfamilytree.jpg