ဖားအောက်တောရ

ဝီကီပီးဒီးယား မှ
ဖားအောက်တောရ(ပင်မ) အဝင်လမ်း

ဖားအောက်တောရ သည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မော်လမြိုင်-မုဒုံကားလမ်းမကြီး မိုင်တိုင် အမှတ် (၉)အနီး ဖားအောက်ရွာအနီး၌ တည်ရှိသည်။ ဖားအောက်တောရ၏ ညာဘက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် သံချပ်ကာတပ်ရင်းရှိပြီး ဘယ်ဘက်တွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်) တည်ရှိသည်။ ဖားအောက်တောရဟူသောအမည်သည် ဖားအောက်ရွာအနီးရှိ စိတ္တလတောင်ခြေပတ်ဝန်းကျင်ရှိ အသီးအသီးသော တောကျောင်းများ တည်ရှိရာနယ်မြေကို ခြုံငုံ၍ ခေါ်ဆိုသောအမည်လည်းဖြစ်သည်။ ဖားအောက်တောရကျောင်းများကို ဖားအောက်တောရဆရာတော်ဟု ထင်ရှားသော ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ ထိန်းသိမ်းစောင့်ရှောက် စီမံအုပ်ချုပ်လျက်ရှိသည်။ မြန်မာပြည်အရပ်ရပ်သာမက နိုင်ငံရပ်ခြားမှ ယောဂီများ ဖားအောက်တောရ(ပင်မ)သို့ လာရောက်၍ ဝိပဿနာတရားများ အားထုတ်ကျင့်ကြံကြသည်။ မြန်မာပြည်အရပ်ရပ်နှင့် အခြားနိုင်ငံများတွင်လည်း ဖားအောက်တောရရိပ်သာခွဲများနှင့် ဩဝါဒခံရိပ်သာများရှိသည်။ [၁]

ဖားအောက်တောရ သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

ဖားအောက်တောရ ဆွမ်းလောင်းရုံတွင် အရုဏ်ဆွမ်းခံနေကြသော သံဃာတော်များ
ဖားအောက်တောရရှိ သံဃာတော်များ အရုဏ်ဆွမ်းဘုဉ်းနေစဉ်

စင်္ကြံကျောင်းကို ကောဇာသက္ကရာဇ် ၁၂၈၇-ခုနှစ် တပေါင်းလခန့်၊ ခရစ်သက္ကရာဇ် ၁၉၂၆-ခုနှစ်တွင် သစ်သီး ဆရာတော်လောင်းလျာ အရှင်ခေမာဝန္တ စတင်တည်ထောင်ခဲ့သည်။ ရဟန်း (၄)ဝါရစဉ်ကပင် သက်သတ်လွတ်ဘုဉ်းပေးခဲ့ပြီး အများအားဖြင့် သစ်သီးသစ်ဥများကိုသာ ဘုဉ်းပေးလေ့ရှိသောကြောင့် ထိုစဉ်ကပင် သစ်သီးဆရာတော်ဟု ခေါ်တွင်ခဲ့သည်။ ဗုဒ္ဓါနုဿတိဘာဝနာကို အလေးပေးပွားများလေ့ရှိပြီး ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကိုပွားများ၍ ဝိပဿနာရှုပွားအားထုတ်တော်မူလေ့ရှိသည်။ တပည့်များကို ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများအားထုတ်ရန် ဟောကြားလေ့ရှိသည်။ များသောအားဖြင့် တစ်ပါးတည်းသာ နေတော်မူလေ့ရှိသည်။ ကောဇာသက္ကရာဇ် ၁၃၃၄-ခုနှစ် တပေါင်းလဆန်း ၉-ရက်၊ ၁၂.၃.၁၉၇၃ နေ့၊ သက်တော် ၇၂-နှစ် သိက္ခာတော် ၅၂-ဝါအရတွင် ပျံလွန်တော်မူသည်။

သစ်သီးဆရာတော်ပျံလွန်တော်မူပြီးနောက် ဒုတိယဆရာတော်အဖြစ် ဖယ်ထော်ဆရာတော် အရှင်အဂ္ဂပညာသည်ရှစ်နှစ်တိုင်တိုင် ဆက်လက်သီတင်းသုံးနေထိုင်ခဲ့သည်။ သက်တော် ၆၂-နှစ်၊ သိက္ခာတော် ၄၀ အရ၊ ကောဇာသက္ကရာဇ် ၁၃၄၃-ခုနှစ်၊ ဝါဆိုလဆုတ် (၅)ရက်နေ့၊ ၂၁.၇.၁၉၈၁ နေ့တွင် ပျံလွန်တော်မူသည်။

ဒုတိယဆရာတော်သည် ပျံလွန်တော်မမူမီ အရှင်အာစိဏ္ဏအား အမြန်ဆုံးကြွရောက်လာရန် အကြောင်းကြားခဲ့သည်။ ထိုအချိန်က အရှင်အာစိဏ္ဏသည် ရေးမြို့နယ် မွန်စိန်တောရ (အစင်တောရ)နှင့် ရံခါ ဒူးယားတောရတို့တွင် တောရဆောက်တည်နေချိန်ဖြစ်သည်။ အကြောင်းကြားစာ ရလျှင်ရခြင်း အရှင်အာစိဏ္ဏလည်း အမြန်ဆုံးကြွလာခဲ့၏။

ဖယ်ထော် ဆရာတော် ပျံလွန်တော် မမူမီ ၅-ရက်အလို ကောဇာသက္ကရာဇ် ၁၃၄၃-ခုနှစ်၊ ဝါဆိုလပြည်နေ့၊ ၁၆.၇.၁၉၈၁ နေ့ နံနက်တွင် ဖားအောက်တောရသို့ ရောက်ရှိခဲ့သည်။ ဖယ်ထော်ဆရာတော်က သစ်သီးကျောင်းကို ဆက်လက် စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံသဖြင့် ပျံလွန်တော်မမူမီ စိတ်ချမ်းသာစေရန် ထိုတာဝန်ကို လက်ခံခဲ့ပြီး ဖားအောက်တောရ၌စတင် သီတင်းသုံး ခဲ့လေသည်။ [၂]

ကျောင်းတိုက်များ[ပြင်ဆင်ရန်]

  1. သစ်သီးကျောင်း (ခေါ်) အောက်ကျောင်း
  2. ကျွဲတညင်းကျောင်း (ခေါ်) အလယ်ကျောင်း
  3. စိတ္တလတောင်ကျောင်း (ခေါ်) ဝါးကျောင်း (ခေါ်) အပေါ်ကျောင်း
  4. နိဂြောဓာရုံကျောင်း
  5. မဟာဂန္ဓာရုံကျောင်း (ခေါ်) စင်္ကြကျောင်း (ခေါ်)အောက်တောရကျောင်း တို့ ဖြစ်သည်။

ဦးစီးဆရာတော်များ[ပြင်ဆင်ရန်]

သစ်သီးဆရာတော် (၁၉၂၆-၁၉၇၃)[ပြင်ဆင်ရန်]

ဖားအောက်တောရ သစ်သီးကျောင်းနှင့် ကျွဲတညင်းကျောင်းကို စတင်တည်ထောင်သော ဆရာတော်သည် သစ်သီးဆရာတော်ဟု ထင်ရှားကျော်ကြားသော ဆရာတော်အရှင်ခေမာဝန္တ ဖြစ်သည်။

ဖယ်ထော်ဆရာတော် (၁၉၇၃-၁၉၈၁)[ပြင်ဆင်ရန်]

ဒုတိယဆရာတော်မှာ ဖယ်ထော်ဆရာတော်ဟု ထင်ရှားသော ဆရာတော်အရှင်အဂ္ဂပညာ ဖြစ်သည်။

ဖားအောက်တောရဆရာတော် (၁၉၈၁-ခုနှစ်မှ ယခုထိ)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဖားအောက်တောရဆရာတော်

တတိယဆရာတော်မှာ ဖားအောက်တောရဆရာတော်ဟု ထင်ရှားကျော်ကြားသော ယခု လက်ရှိ ဆရာတော်အရှင်အာစိဏ္ဏ ဖြစ်သည်။ သစ်သီးကျောင်းနှင့် ကျွဲတညင်းကျောင်းကို အုပ်ချုပ်ရင်း ၁၉၈၁-ခုနှစ်မှ စတင်၍ စိတ္တလတောင်ကျောင်းကို တိုးချဲ့တည်ထောင်ခဲ့သည်။

ဖားအောက်တောရ ရိပ်သာများ[ပြင်ဆင်ရန်]

ပြည်တွင်းဖားအောက်တောရရိပ်သာခွဲများနှင့် ဩဝါဒခံရိပ်သာများမှာ -

  1. ဖားအောက်တာရ(ပင်မ)၊ ဖားအောက်၊ မော်လမြိုင်
  2. သံလျင်၊ ရန်ကုန်တောင်ပိုင်းခရိုင်
  3. မန္တလေးတောင်ခြေ၊ မန္တလေး၊ မန္တလေးတိုင်းဒေသကြီး
  4. ဘားအံ၊ ကရင်ပြည်နယ်
  5. ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီး
  6. နတ်စမ်းတောရ၊ ကူမဲ၊ မြစ်သား၊ မန္တလေးတိုင်းဒေသကြီး
  7. ပြင်ဦးလွင်(၁)၊ မန္တလေးတိုင်းဒေသကြီး
  8. ပြင်ဦးလွင်(၂ )၊ မန္တလေးတိုင်းဒေသကြီး
  9. ဝါးနတ်ချောင်း၊ မှော်ဘီ၊ ရန်ကုန်တိုင်းဒေသကြီး
  10. မကျီးကန်၊ အရာတော်၊ စစ်ကိုင်းတိုင်းဒေသကြီး
  11. အင်္ဂပူ၊ ဧရာဝတီတိုင်းဒေသကြီး
  12. ပဲခူး၊ မြို့ရှောင်လမ်း၊ ပဲခူးတိုင်းဒေသကြီး
  13. ကော့ဝါလဲ၊ ကျုံဒိုး၊ ကရင်ပြည်နယ်
  14. ဆားလင်းကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး
  15. ဖားကလဲ့၊ ရေး၊ မွန်ပြည်နယ်
  16. လှည်းကူး၊ ရန်ကုန်တိုင်းဒေသကြီး
  17. ကျိန္တလီ၊ သံတွဲမြို့နယ်၊ ရခိုင်ပြည်နယ်
  18. မြိတ်၊ တနင်္သာရီတိုင်းဒေသကြီး
  19. ဆီဆုံတောင်၊ ကင်းရွာ၊ ပေါင်၊ မွန်ပြည်နယ်
  20. အင်းတကော်၊ ပဲခူးတိုင်းဒေသကြီး
  21. အလုံ၊ မုံရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး
  22. ကျောက်တန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်
  23. သဲစမ်းတောရ၊ ကျုံက၊ ပေါင်၊ မွန်ပြည်နယ်
  24. တောင်ဝိုင်းကြီးဘေးမဲ့တောရ၊ မော်လမြိုင်
  25. ကျောက်ကလပ်၊ သိမ်ဇရပ်၊ ကျိုက်ထို၊ မွန်ပြည်နယ်
  26. ၁၈မိုင် ၃ဖာလုံ၊ အမြန်လမ်း၊ လှည်းကူး
  27. သလ္လေခပဋိပတ်ရိပ်သာ၊ မှော်ဘီ၊ ရန်ကုန်တိုင်း
  28. ကျုံဖိုက်တောရ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်
  29. ဇမြွန်းတောင်တောရ၊ ဝဲကလိရွာ၊ သံဖြူဇရပ်မြို့နယ်
  30. တပ်ဦးဓမ္မရိပ်သာ(တိုးချဲ့) ပြင်ဦးလွင်
  31. တိုးချဲ့ (၂) ရပ်ကွက်၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းဒေသကြီး
  32. ရွှေညောင်ပင်၊ ကုန်းတလုံးရွာ၊ မြန်အောင်မြို့နယ်
  33. သုခသီတလကုန်းမြေ၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း
  34. နမ့်ဆန်မြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း
  35. ကန်ပြား အင်ကြင်းမြိုင်တောရ၊ စလင်း၊ မကွေးတိုင်း
  36. မဟာဗောဓိစာသင်တိုက်၊ ဗွက်ကြီးရွာ၊ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်
  37. ဟဲဟိုး၊ ဖားအောက်တောရ၊ ဘော်နင်းကျေးရွာအုပ်စု၊ ရွာတော်ရွာနှင့် မြက်ဆက်ရွာကြား၊ ကလောမြို့နယ်
  38. ရွှေဂူဆည်ကျောင်း၊ ကျောက္ကာ(မြောက်)၊ မုံရွာမြို့နယ်
  39. ကျောက်ဂူကျောင်း၊ မေတ္တာလင်းမြိုင်ရွာ၊ မြဝတီမြို့၊ ကရင်ပြည်နယ်
  40. ကံလှရိပ်သာကျောင်း၊ ကံလှရွာ၊ မကွေးလေဆိပ်အနီး၊ မကွေးတိုင်း
  41. ဝိမုတ္တိတောရ၊ ထမင်းမစားကျေးရွာ၊ ၉မိုင်၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး


ပြည်ပမှ ဖားအောက်တောရ ရိပ်သာခွဲများမှာ -

  1. သီရိလင်္ကာ
  2. စင်္ကာပူ
  3. ကွာလာလမ်ပူ၊ မလေးရှား
  4. ကူချင်း၊ မလေးရှား
  5. ပီနန် ( ၁)၊ မလေးရှား
  6. ပီနန် ( ၂)၊ မလေးရှား
  7. နီပေါ
  8. ထိုင်ဝမ်
  9. ဘာတန်ကျွန်း၊ အင်ဒိုနီးရှား
  10. မေဒန်၊ အင်ဒိုနီးရှား
  11. ဘေဂျိ၊ အင်ဒိုနီးရှား
  12. ကယ်လီဖိုးနီးယား၊ အေမရိကန်နိုင်ငံ
  13. စစ်ဆောင်ပဏ္ဏား၊ တရုတ်နိုင်ငံ
  14. အန်ထောင်း၊ ထိုင်းနိုင်ငံ
  15. အတ္တလန္တာ၊ ဂျော်ဂျီယာပြည်နယ်၊ အမေရိကန်နိုင်ငံ
  16. ဒုံနိုင်း၊ ဟိုချီမင်းမြို့တော်၊ ဗီယက်နမ်နိုင်ငံ

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာမင်းတင်မွန် (မေ ၁၉၉၉)။ ဖားအောက်တောရ မိတ်ဆက် (တတိယအကြိမ်ထုတ်ဝေခြင်း ed.)။ မင်းတေဇာမွန်(ရတနာမင်းစာပေ)။
  2. ဖားအောက်တောရဆရာတော် (၃၁ မတ် ၂၀၁၆)။ အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရ

ပြင်ပလင့်များ[ပြင်ဆင်ရန်]