ပြည်သူ့အရေးတော်ပုံပါတီ (စာအုပ်)
စာရေးသူ | ရန်ကုန်ဘဆွေ |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
ဘာသာစကား | မြန်မာ |
အမျိုးအစား | မှတ်တမ်းစာပေ |
ထုတ်ဝေခြင်း | ဒီဇင်ဘာ ၂၀၁၅ |
ပြည်သူ့အရေးတော်ပုံပါတီ စာအုပ်သည် ရန်ကုန်ဘဆွေ ရေးသားသော ဂျပန်တော်လှန်ရေးကာလကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းစာပေအမျိုးအစားဖြစ်သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ငါတို့စာပေ စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။
စာအုပ်အကြောင်းအကျဉ်း
[ပြင်ဆင်ရန်]ဂျပန်တော်လှန်ရေးကာလ၌ တော်လှန်ရေးခေါင်းဆောင်းများ၊ တော်လှန်ရေးတပ်သားများ၏ အတွေ့အကြုံများ၊ အခက်အခဲများ၊ အားနည်းချက်များ၊ တရားဥပဒေစိုးမိုးရေးကင်းလွတ်နေသည့်ကာလအတွင်း ဒေသခံတို့၏ ကျီးလန့်စာစားနေထိုင်ရ သည့် အခြေအနေများ၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကင်းမဲ့စွာနေထိုင်ရသည့်အခြေအနေများကို သိမြင်ရမည်ဖြစ်သည်။ စာရေးသူသည် သူ၏ဂျပန် တော်လှန်ရေးကာလဖြတ်သန်းရာဒေသ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ အတွေ့အကြုံများကို အဓိကထားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြည်သူ့အရေးတော်ပုံပါတီစာအုပ်ကို ရန်ကုန်ဘဆွေသည် ၁၉၈၂ ခုနှစ် စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီတွင် အပြီးသတ်ရေးသားခဲ့သည်။ ထိုမှတ်တမ်းစာအုပ်သည် ရေးသားပြီးချိန်မှ ၃၃ နှစ်အကြာမှသာ ထုတ်ဝေနိုင်ခဲ့သည်။