ပျံလွှားကြီး

ဝီကီပီးဒီးယား မှ
Pacific swift
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Apodiformes
မျိုးရင်း: Apodidae
မျိုးဇာတ်: Apodini
မျိုးစု: Apus
မျိုးစိတ်:
A. pacificus
ဒွိနာမ
Apus pacificus
(Latham, 1801)
       Breeding range
       Breeding range of three former subspecies
       Non-breeding
(ranges are approximate)

ပျံလွှားကြီး (Apus pacificus) သည် မျိုးရင်း ပျံလွှားငှက်မျိုးစိတ်တစ်ခုဖြစ်ပြီး အာရှတိုက် အရှေ့ပိုင်းတွင် သားပေါက်ကြသည်။ ဆောင်းရာသီတွင် အရှေ့တောင်အာရှနှင့် ဩစ‌တြေးလျားတွင် ဆောင်းခိုတတ်ကြသည်။ ငယ်ရွယ်ချိန်တွင် အတောင်ပံအမွှေးများဖြင့် အဖိုနှင့်အမခွဲခြားနိုင်သော်လည်း အရွယ်ရောက်ပါက အဖိုနှင့်အမသည် ကွဲပြားမှုမရှိဘဲ တူညီကြသည်။ ဤငှက်မျိုးရင်းရှိ ငှက်အားလုံးကဲ့သို့ ပျံလွှားကြီးများသည် ပျံသန်းနေစဉ် အင်းဆက်များကို ဖမ်းယူစားသောက်ကြသည်။ ဂူများ၊ အိမ်ခေါင်မိုးများ၊ ကမ်းပါးအက်ကွဲကြောင်းများကဲ့သို့သော အကာအကွယ်ရှိသည့်နေရာများတွင် သားပေါက်လေ့ရှိသည်။ အဖြူရောင် ဥ ၂ လုံး သို့မဟုတ် ၃ လုံး ဥတတ်ပြီး သားပေါက်ကာလမှာ ၁၇ ရက်ခန့်ဖြစ်သည်။ ငှက်မိဘများ အစာအလုံအလောက် မရှာပေးနိုင်သည့်အခါ ငှက်ကလေးများသည် အစာမစားဘဲ ရက်အနည်းငယ် မျှရှင်သန်နိုင်ကြသည်။ လူသားများ သို့မဟုတ် သားရဲတိရစ္ဆာန်များ၏ အန္တရာယ်ရှိသော်လည်း ပျံလွှားကြီးများသည် ကျယ်ပြန့်သော သားပေါက်ဧရိယာရှိသဖြင့် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းက ယင်းငှက်အား မျိုးသုဉ်းပျောက်မည့်အန္တရာယ် စိုးရိမ်ရမှု အဆင့်အနည်းဆုံးအဖြစ် သတ်မှတ်ထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ BirdLife International (2019). "Apus pacificus". IUCN Red List of Threatened Species 2019. IUCN.